အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 21 september 2014

ခိုးဝင်ဘင်္ဂလီ ၆ ယောက်အား ကားပေါ်မှ ချထားခဲ့

ခိုးဝင်ဘင်္ဂလီ ၆ ယောက်အား ကားပေါ်မှ ချထားခဲ့



လွန်ခဲ့သော ၅ ရက်ခန့်က မှော်ဘီမြို့နယ်ဆပ်သွားတောကျေးရွာအုပ်စုဘန့်ဘွေးကုန်းကျေးရွာ ပြည်-ရန်ကုန်ကားလမ်းမပေါ်တွင်ကား
တစ်စီးပေါ်မှ ရန်ကုန်မြို့ အတွင်းသို့ဆက်လက် သယ်ဆောင်ခြင်းမပြုရဲသဖြင့်ခိုးဝင်ဘင်္ဂလီ  ၆ ယောက်အား
ကားပေါ်မှ ချထားခဲ့ သောဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါသည်။

၎င်းဘင်္ဂလီ များရောက်ရှိနေခြင်းအား သတင်းရသဖြင့် တပ်မတော်သားများပြည်သူ့ရဲများနှင့်ပြည်သူလူထု မှဝိုင်းဝန်းဖမ်းဆီးရာ
 ပထမ ညတွင် ဖမ်းဆီးရရှိမှုမရှိဘဲ ဒုတိယ ညတွင် ဘင်္ဂလီ ၃ ယောက်အားဖမ်းဆီးမိပြီး တတိယနေ့တွင် ဘင်္ဂလီ ၂ ယောက်အား
ထပ်မံဖမ်းဆီးရမိပြီး ၅ ဦးဖမ်းမိထားပါသည်။

၁၂ နှစ်အရွယ်ဘင်္ဂလီတစ် ယောက် မှာ ယနေ့ထိ ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိပါသည်။ဖမ်းဆီးရမိသော ဘင်္ဂလီ များမှာမြန်မာစကားလုံးဝနားလည်ခြင်းမရှိကြောင်းလည်းသိရပါသည်။

၎င်းဘင်္ဂလီ များသည် ရန်ကုန်မှတဆင့်မလေးရှားနိုင်ငံသို့ သွားရောက်မည်ဟုစစ်
ဆေးသိရှိရပါသည်။အထူးသတိထားသင့်သည်မှာရခိုင်ပြည် နယ် နယ်စပ်မှ ဘာသာစကား
နားလည်ခြင်းမရှိဘဲ စစ်ဆေး ရေးဂိတ်အဆင့်ဆင့်ကိုကျော်ဖြတ်၍ ရန်ကုန်မြို့နှင့် အနီးဆုံး
နေရာထိ ဘင်္ဂလီများ ရောက်ရှိလာနိုင်ခြင်းမှာ မည်သူ့တွင်တာဝန်ရှိ သည်
ဆိုသောအချက် မှာအထူးသတိထားရမည်ဖြစ်ပါသည်။

ခိုင်မောင်ဦး ပို့  ပေးသည်
http://www.shwemyanmarmediagroup.org/2014/09/blog-post_796.html


Inga kommentarer:

Skicka en kommentar