အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 31 maj 2014

ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။

ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။


အကူအညီတောင်းပါရစေ

ပြီးခဲ့တဲ့ ဧပြီလ ၁၂ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ တောင်ပြာတန်း Express မီးလောင်လို့ ၁၃ဦး သေဆုံးခဲ့ရတယ်။

အဖြစ်မှန်ကတော့ ယာဉ်မောင်းအိပ်ငိုက်ရာက ရှေ့ကကားကိုတက်ကြိတ်ပြီး မီးလောင်တာပါ။ ဖြစ်ဖြစ်ချင်းမှာ ခရီးသည်တွေက ကားတံခါးဖွင့်ပေးဖို့ အကူအညီတောင်းခံသော်လည်း ယာဉ်မောင်းက မဖွင့်ပေးဘဲ အချိန်တွေဆွဲနေပြီး မရှူနိုင် မကယ်နိုင်ဖြစ်မှသာ ခရီးသည်တွေကိုထားပြီး ထွက်ပြေးပါတယ်။ (ဒီဖြစ်စဉ်ကို ယာဉ်ပေါ်ပါခရီးသည်များကို မေးကြည့်လို့ ရပါတယ်။)

ဒါပေမယ့် ဒီထွက်ပြေးတဲ့ ဒရိုင်ဘာကိုခုထိမမိဘူးလို့ပြောတယ်။ ဒရိုင်ဘာကို မမိရင် ဘာမှ အရေးယူလို့မရဘူးတဲ့။ ဒါကြောင့် ယာဉ်လိုင်း ကိုလည်း အရေးမယူဘူး။

ကျွန်တော်တို့ကတော့ သေတဲ့သူတွေရဲ့ မိသားစုဝင်တွေပါ။ သေတဲ့ကိစ္စမှာ အစိုးရကလဲ ဘာမှ
မကူဘူး။ ယာဉ်လိုင်းကလည်း ရှေ့ပွဲ၊ နောက်ပွဲ ကြည့်ပေးဖို့မပြောနဲ့ ဒီနေ့အထိ ဖုန်းသတင်းတောင် မမေးဘူး။ လူကြီးတွေနဲ့ပိုင်တယ်လို့လည်း ကြားရပါတယ်။ ဘာမှကြောက်စရာမရှိဘူးလို့လဲ သိရပါတယ်။ ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။ ငါတို့က အေးဆေးပဲတဲ့။ ဒီလိုဖြစ်လို့ လူတောင်ပိုသိလို့ စီးတဲ့သူပိုများလာသေးတဲ့။

လူကြီးနဲ့ပိုင်လို့ ရဲကိစ္စကိုပဲ အာရုံစိုက်ပြီး သေတဲ့သူတွေအတွက် ကျန်ရစ်တဲ့ မိသားစုကိုတောင် သတင်းတောင်မမေးဘူး။ သေသူမိသားစု၊ ဒဏ်ရာရသူတွေကသာ သူတို့ဆီကို ဆက်သွယ်ရတာ။ သူတို့က စဆက်သွယ်တာမရှိဘူး။ ကားဂိတ် တစ်ဂိတ်လုံး ကားဂိတ်မန်နေဂျာဆိုတဲ့ ကိုသော်မီတစ်ယောက်ပဲ
ရှိတယ်ထင်တယ်။ ကျန်တဲ့သူတွေက မေးလည်း လအ အတိုင်းပဲ။ အဲ့လူကလဲ အချိုးမပြေဘူး။ မေးလိုက်ရင် နေပြည်တော်က အဘခေါ်လို့ သွားနေရလို့။ ကျွန်တော်တို့က နေပြည်တော်က အဘက ခဏခဏခေါ်နေတာ သွားနေရလို့ မအားဘူးတဲ့။ ဒါကြောင့် ခင်ဗျားတို့ဆီမလာနိုင်ဘူးတဲ့။ တွေးကြည့်တော့ သေတဲ့သူက သေတာ ၁လတောင်ရှိပြီ။ နေပြည်တော်အဘက တစ်ရက်တစ်ခါခေါ်နေလို့ ၁လအတွင်းမှာတောင် သူတို့ကားဂိတ်က တစ်ခါမှမလာနိုင်တာဖြစ်မယ်ထင်တယ်။ ကားဂိတ်တာဝန်ခံ အဆင့်ကတောင် ဟိုလူကြီးနဲ့ ပိုင်သလို၊ ဒီလူကြီးနဲ့ပိုင်သလို ကိုင်တုတ် သေးတယ်။ ယာဉ်လိုင်းလူကြီးတွေ၊ ပိုင်ရှင်တွေဆိုတာ ခုထိ မျက်နှာကို မမြင်ဖူးလိုက်ပါဘူး။

သေသူတွေကြောင့် ကျန်ရစ်သူ တစ်ချို့မှာ ခိုကိုးရာမဲ့တယ်။ တစ်ချို့မှာ ဘ၀ပျက် မတတ်ဖြစ်တယ်။ တစ်ချို့က ငွေကြေးမပြည့်စုံဘူးဗျာ။ စိတ်မကောင်းဘူး။ လျော်ကြေးဆိုရင်လည်း ဖြစ်သင့် ဖြစ်ထိုက်တာ ပေးသင့်တယ်။ ထိုက်တန်တဲ့ လျော်ကြေးဖြစ်သင့်တယ်။ ဒါတွေ ယာဉ်လိုင်းက တာဝန်ယူရမှာပဲ။

တခြားနိုင်ငံမှာတော့ အစိုးရကလည်း တာဝန်ယူတယ်။ ဒီမှာတော့ ၀မ်းနည်းစရာ ကောင်းတယ်။ အလောင်းမြေကျတာ တောင် နာရေးကူညီမှုအသင်းရှိလို့။ မဟုတ်ရင် ယူကျုံးမရ စရာပဲ။

ဒဏ်ရာရသူတွေကိုလည်း မစို့မပို့ပေးတယ်ဆိုရုံပေးပြီး နှစ်သိမ့်တယ်။ မျက်နှာတစ်ခုလုံးနဲ့ ကိုယ်တစ်ခြမ်း မီးလောင်တာကို ၁သိန်းပေးပြီးပြီးပြီတဲ့။ ကြားရတာနားခါးတယ်။ တစ်သိန်းပေးတဲ့အချိန် တစ်ခါပဲလာတယ် သတင်းတောင် မမေးဘူးတဲ့။

ကျွန်တော်တို့ မိသားစုတွေပေါင်းပြီး သမ္မတဆီကို တိုင်စာပို့ထားပါတယ်။ ဒီစာကို Attached ဖိုင်နဲ့ တွဲပေးလိုက်ပါတယ်။

Online သတင်းကလည်း ထိရောက်အောင် ဆောင်းပါးရေးပေးဖို့ အကူအညီ တောင်းတာပါ။ ဘာလို့ အကူအညီတောင်းလဲဆိုရင် ရာဇာမင်းကားကလည်း ဒီအချိုးချိုးပြန်ပြီ။ တာဝန်ရှိသူတွေကလည်း နိုင်ငံရေးက လွဲရင် လူမှုရေးကို
စိတ်မ၀င်စားဘူး။ ပြည်သူတွေရဲ့အသက်ကို ဟင်းရွက်ကန်စွန်းမှတ်တယ်။ ငွေများငွေနိုင်၊ အမှုပျောက်တဲ့ခေတ်ကိုး။ တာဝန်ရှိသူက ဘယ်သူလဲဆိုတာ ရှာမရဘူး။  သေလို့ ရယက ထောက်ခံစာ တောင်းတာတောင် အဟောက်ခံရတဲ့ဘ၀။

ခံပြင်းတာက အာဏာပိုင်တွေနဲ့ ပိုင်တယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေက
ဆင်းရဲသား ပြည်သူတွေကို ဂရုမစိုက်တာပဲ။ အစိုးရကလဲဗျာ ရာထူးတွေတာယူထား ၀န်ကြီးတွေကလည်း ပေါ။  ၀န်ကြီးဌာနတွေတာ ပေါတာ။ ပြည်သူတွေအတွက် ရပ်တည်ပေးတဲ့ ဌာန ဘာတစ်ခုမှမရှိဘူး။ ဒါတွေက ဘယ်အထိဖြစ်နေအုန်းမှာလဲ။

နောက်ဒီလို Accident တွေဖြစ်ရင် ပြည်သူ့အသက်ကို စတေးရမယ်ဆိုရင် ပြည်သူတွေဘက်က ဘယ်သူတွေ ရပ်တည်မလဲ။ ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဘယ်လိုတာဝန်ယူကြမှာလဲဆိုတာ ဖြစ်လာဖို့ မီဒီယာကို အကူအညီတောင်းပါတယ်။ ခုက မီဒီယာက လှုပ်မှ ထိုင်ခုံပေါ်က လိုက်လုပ်တဲ့ခေတ်ဖြစ်နေတယ်။

၂၇.၅.၂၀၁၄ ရက်နေ့က ၀န်ကြီးဌာနတွေဆီကို စာပို့ပါတယ်။ တောင်ပြာတန်းကားဂိတ် တာဝန်ခံ ကိုသော်မီဆိုသူက သေသူထဲက မိသားစုဝင် တစ်ယောက်ကို ဖုန်းဆက်ပြီး ကောပါတယ်။ ခင်ဗျားတို့အတွက် အာမခံ ၅သိန်းရအောင် ကားဂိတ်က လျှောက်ပေးနေတယ်လေတဲ့။ ခင်ဗျားတို့ တိုင်စာပို့စရာလားတဲ့။  ၅သိန်းဆိုတာ နာရေးအတွက် ဆွမ်းကျွေး ၁ပွဲစာတောင်မရှိ ပါဘူး။ ဒါကိုလိုက်လုပ်နေတယ်အကြောင်းပြပြီး ၁လကျော်အထိ ပစ်ထားတဲ့ အောက်တန်းကျတဲ့ ကားဂိတ်ကို စဉ်းစားကြည့်ပါ။

ဒါတွေဟာ အမှန်တရားတွေပါ။ တစ်ခုခုမေးမြန်းစရာရှိခဲ့ရင် သေဆုံးသူမိသားစုဝင် ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါတယ်။ ဒဏ်ရာရ သူတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဒဏ်ရာအပြင်းအထန်မရပေမယ့် ပစ္စည်း/ငွေဆုံးရှုံးသွားတဲ့ ခရီးသည်တွေကို လည်း မေးမြန်းနိုင်ပါတယ်။

(တရားမျှတမှုကိုချစ်မြတ်နိုးသူ)


Inga kommentarer:

Skicka en kommentar