အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 31 maj 2014

၈၈ မျိုးဆက် (၄၃၆) ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် ပူးပေါင်းဆောင်ရွက်

၈၈ မျိုးဆက် (၄၃၆) ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် ပူးပေါင်းဆောင်ရွက်



The 88 Generation Peace and Open Society
ယနေ့ မေလ ၃ဝ ရက်နေ့ ၂ဝ၁၄ ခုနှစ်တွင်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊
မြို့နယ်နှင့် ရပ်ကျေးအမျိုးသားဒီမိုကရေစီ
အဖွဲ့ရုံးများတွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်းရေး လက်မှတ်
ရေးထိုး ကောက်ခံမှု အခမ်းအနားသို့ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီးနှင့်
၈၈ မျိုးဆက်အဖွဲ့ဝင်များ သွားရောက်ကာ လက်မှတ်
ကောက်ခံရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Inga kommentarer:

Skicka en kommentar