အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 31 maj 2014

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။



 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပါပြီ။

ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့် ၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။ ၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။ ၄။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။ ၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။ အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင်ဖတ်၍ အဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။

Inga kommentarer:

Skicka en kommentar