အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 28 april 2014

သမီးနဲ့အဖေ လတ်တလောနှုတ်ဆက်ခွင့်က ဒီအတိုင်းပဲရှိနေသေး

သမီးနဲ့အဖေ လတ်တလောနှုတ်ဆက်ခွင့်က ဒီအတိုင်းပဲရှိနေသေး


Ma Lwin
မတရား အုပ်ချုပ်သူတွေလက်ထက်မှာ လူဖြစ်လာရတဲ့ ကျမတို့လို မိသားစုတွေ အားလုံးက တရားမှုကိုချစ်မြတ်နိုးတတ်သူတွေပါ။
ဒီနေ့ရုံးချိန်း ၁၁ နာရီ ၁၅ မိနစ်လောက်မှစတယ်။
သမီးက သူ့အဖေကို မှာနေတဲ့စကားက ဖေဖေ မြန်မြန်ပြန်လာနော် တဲ့။


  ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်
*********************************************
ဒီဗွီဘီ 28 April 2014

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။
မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ညနေပိုင်းအထိ ကြာနိုင်ပြီး ရန်ကုန်က ရှေ့နေတွေတော့ အခုတကြိမ် သွားရောက်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေး သား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ နယ်ခံသတင်းထောက် အပါအ၀င် အမှုဆောင် အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အခုနှစ် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

Inga kommentarer:

Skicka en kommentar