အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 28 april 2014

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ





အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။

ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လက်တွေ့ ပြသဖို့ အထောက် အ ထား လုံးဝ မရှိခဲ့ဘူးလို့ ယင်းအဖွဲ့က ဆက်လက်ဆိုခဲ့ပါ တယ်။ 

ယင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ““ကျွန် တော် တို့ ဟာ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဘာမြူဒါတြိဂံဒေသမှာ ဘာကြောင့် ပျောက် ဆုံးခဲ့ရသလဲ ဆိုတာကို အကြိမ် ကြိမ် လေ့လာ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ထွက် ပေါ်လာတဲ့အဖြေကတော့ ရာသီဥတုကြောင့် သာ ဖြစ် ပါ တယ်””လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ 

၁၉၅၀ ပြည့်ကာလ တွေ အထိ ဘာမြူဒါ တြိဂံဒေသကို လူ တွေ သိပ်စိတ်ဝင်စားမှုမရှိခဲ့ ပါဘူး။ ဒါပေမဲ့ အေပီသတင်းဌာနက သတင်း ထောက် တစ်ဦးဖြစ်တဲ့ ဂျူံးစ်ဟာ ဒီအ ကြောင်း နဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာမြူဒါတြိဂံဒေသကို လူတွေ စိတ် ၀င် စားလာရခြင်း ဖြစ်ပါတယ်။ 

ဂျူံးစ်ရဲ့ ရေးသားဖော်ပြမှုအရ အမေရိကန် စစ်သင်္ဘောတွေဟာ ဘာမြူဒါ တြိဂံ ဒေသမှာ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့တယ်လို့ သိခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ နှစ် ဇန်န၀ါရီကာလမှာလည်း အီတလီ နာ မည်ကြီးဒီဇိုင်နာ မစ်ဆိုနီအပါ အ၀င် ခရီးသည်ငါးဦးဟာ ဘာမြူဒါတြိဂံဒေသ မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆို ပါ တယ်။

ဒါပေမဲ့ (NOAA)အဖွဲ့ကတော့ ပင်လယ် သမုဒ္ဒရာ တွေဟာ လူသား တွေအတွက် အမြဲ တမ်း အသစ် အ ဆန်း တစ်ခု သဖွယ် ဖြစ်နေ ကြောင်း၊ ရာသီဥတု ဆိုးရွားမှုကို ဘယ်သူမှ ခန့်မှန်းလို့မရကြောင်း၊ ဒါကြောင့် ဘာမြူဒါ တြိဂံဒေသဟာဆိုးရွားတဲ့နေရာ ဖြစ်လာခဲ့ ကြောင်း ဆိုသွားခဲ့ပါ တယ်။
  
 
                                           မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar