အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 februari 2014

အင်းစိန် အိမ်ခြေ ၃၀၀ ကျော်အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီး

အင်းစိန် အိမ်ခြေ ၃၀၀ ကျော်အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီး



လာပြန်ပြီ .......နောက်တနေရာ

လူမဆန်မှု သော အုပ်ချုပ်ရေး

အရေးပေါ် ၀ိုင်းကူပေးကြပါ ခလေးတွေဘ၀အတွက် အရေးကြီးပါသည်..

ဆယ်တန်းကျောင်းသားသူများ စာမေးပွဲဖြေဖို့ ခုံနံပတ် သွားထုတ်သော နေ့။ အတန်းငယ်များ စာမေးပွဲကြီးဖြေဖို့ စာကျက်မှတ်မှု လုပ်နေရချိန်။
မိဘ နှင့် ဆရာ များက သားသမီးများ ပညာရေး အတွက် အထူး ကြပ်မတ် သွန်သင်ကြား နေကြပြီး ကျောင်းသားလေးများကလည်း အားသွန်ခွန်စိုက် ကြိုးစားနေကြချိန် ........
ယနေ့ မနက် ၆ နာရီ၊ အင်းစိန်မြို့နယ်၊မီးရထားဝင်း ၊ ဈေးကုန်းအရှေ့ ပိုင်း၊ စံကျော်စု ရပ်ကွက်၊ မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာသော အိမ်ခြေ ၃၀၀ ကျော်ကို အပြာရောင်ဝတ် လူများ။ ရဲ များ ပါဝင်သော အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးနေကြောင်း ယခုပင် သတင်းဆက်သွယ် ပေးပို့လာပါသည်။

ကိုယ့်နိုင်ငံသားများကို နေရေး ၊ စားရေး။ ပညာရေး အတွက် အစစ အရာရာ ကူညီမြင့်တင် လမ်းပြ ဦးဆောင်ရမည့် တာဝန်ရှိသူ အစိုးရအဖွဲ့မှ လားရား ပြောင်းပြန်ဖြစ်နေသည့် ဖြိုခွင်းမှုများကို လုပ်လာပါသည်။

အစိုးရ အဖွဲ့ စီမံညွှန်ကြားမှုဖြင့် ယခုလို အကြမ်းဖက် ဖျက်ဆီး ဖယ်ရှား နှိမ်နှင်းပြီး မိသားစုများ အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် မောင်းထုတ်ခြင်းမှာ၊ အခြေခံ ဥပဒေပါ နိုင်ငံသားတို့ ရပိုင်ခွင့်ကို အစိုးရကိုယ်တိုင် လစ်လျူရှုခြင်းဖြစ်သည်။

နိုင်ငံ့  အနာဂတ် ကလေးသူငယ်များ ပညာရေးကို အစိုးရ ကိုယ်တိုင်ဖျက်ဆီးနေခြင်းဖြစ်ပါသည်။

အိုးအိမ်မဲ့ အတိဒုက္ခရောက် မြန်မာနိုင်ငံသားများကို ကူညီ အသက်ဆက် နိုင်စေရန် အခြေခံ နေထိုင်စားသောက်မှု အကူအညီများ ပြည်သူမှ ပြည်သူ ကူညီရန် မိမိတို့ ကြိုးစားကြရပေအုန်းမည်။

အသေးစိတ် သတင်းသိရှိလိုသူများ စံကျော်စု နေထိုင်သူ ဦးသောင်းနိုင် ဖုန်0931814916 သို့ ဆက်သွယ်မေးမြန်း အားပေးစကား ပြောနိုင်ပါကြောင်း။

မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း

ကိုနေမျိုးဇင်


Inga kommentarer:

Skicka en kommentar