အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 februari 2014

ကော့သောင်းအုပ်ချူပ်ရေးမှူး အဆက်

ဖြစ်ခဲ့တာကြာပါပြီ အခုထက်ထိအမှန်တရားနဲ့မျှတမှုမရသေးလို့ ဘေးကရပ်မကြည့်နိုင်တော့လို့ပြောလိုက်တာပါ။

ဘောင်ဘာကျေးရွှာအုပ်ချူပ်ရေးမှူး စိုးမြိုင်ဆိုတဲ့ တပ်ထွက်က အောင်မြန်မာရွာသား ထီဆိုင်ဆိုတဲ့ မျက်နှာမွဲတစ်ဦးအပေါ် အကြွေးတောင်းပေးတဲ့ကိစကစပါတယ်၊  အရစ်ကျပေးရမယ့်ငွေမပြည့်တာရယ် သူကြီးခေါ်တဲ့အချိန် မှာအချိန်မှီလာရောက်ဖူး မျှော်ခြင်းမပြုလို့(ငါ့ကိုမထီလေးစားလုပ်တယ်)ဆိုတဲ့စွဲချက်နဲ့ အောင်ဘာအုပ်ချူပ်ရေး  မှူးရုံးမှာ တစ်ရက်နီးပါး ထိပ်တုံးထဲထည့်ထားပါတယ်။
ဒါ့အပြင် အဲဒီအောင်ဘာသူကြီး စိုးမြိုင်ရွှာပိုင်လယ်(ယခင်ပသျှူးပိုင်လယ်)ကို မြေ ကွက် ရိုက်ရောင်းကိုယ်ကျိုးရှာပါတယ်၊ဒါ့အပြင် ငွေများတရားနိုင်စံနစ်နဲ့ မတရားလုပ်ထားတာ တွေအများကြီးပါ(သမတဦးသိန်းစိန်အစိုးရ လက်ထက် အပေါ်က ဘယ်လိုပြောင်း   ပြောင်း အောက်ခြေမှာ လုပ်ချင်တာလုပ်တဲ့အနေအထားတွေထဲကသဓကတစ်ချို့ပါ)  အဲဒီအဖြစ်ပျက်တွေကို ထီဆိုင်က တိုင်းဒေသကြီး ၀န်းကြီးချူပ်တို့၊ကြံ့ဖွံ့ပါတီတို့ကို တိုင်ကြားတယ် ဘာမှဖြစ်မလာဘူး၊
ကြံ့/ဖွံ့လွတ်တော်  တိုင်းဥကဌဗိုလ်ချုပ်ထင်အောင်ကျော်က စိုးမြိုင်ရဲ့လက်ဦးဆရာရင်း  မြို့နယ်အုပ်ချုပ်ရေးမှူးဦးပါစီက စိုးမြိုင်ရဲ့လက်ဆောင်ပဏာပေးဆက်ရာ၊မြို့နယ်အုပ် ချူပ်ရးမှူးရဲ့လက်စွဲ စာရေးကြီး ဦးဝင်းတင်က စိုးမြိုင်ရဲ့အခါတော်ပေး အကြံပေးအရာရှိ  အဲဒီလိုအားကိုးအားထားတွေ ရှိနေမှတော့ စိုးမြိုင်မတရားလုပ်ခဲ့သမျှ ၊ဥပဒေမဲ့လုပ်ခဲ့တာ တွေ ကြက်ပျောက် ငှက်ပျောက် ပေါ့၊အောင်ဘာရွှာထဲက စိုးမြိုင်မိန်းမ မအေးပိုကရွှာထဲ မှာလိုက်ပြောပါတယ်(ငါ့လင်ကိုဘာမှလုပ်လို့မရဘူး ကော့သောင်းမြို့နယ်မှာ ငါတို့ကျေး ဇူးရှင် ဦးဝင်းတင်ပြီးဆိုပြီးပဲ့၊ဦးပါစည်ကိုတောင် ဦးဝင်းတင်က အိပ်ကပ်ထဲထည့်ထားတာ တဲ့ ဦးဝင်းတင်ခိုင်းသမျှပါစီလုပ်တာ တိုင်ချင်သလိုတိုင် ငါ့လင်ဘာမှဖြစ်လာမှာမဟုတ်ဘူး နင်တို့သာ မျိုးကန်းသွားမယ်)တဲ့ ကဲအခုဖြစ်ပျက်နေပုံ တွေပါ။
စိုးမြိုင်ကလည်းလစဉ် ဦးဝင်းတင်ကတဆင့်မြို့နယ် အုပ်ချူပ်ရေးမှူးအိမ်သုံးဖို့ ဆန်(၁၀)အိတ်၊ပုဇွန်(သို့)ကင်းမွန် ကီလို(၁၀၀)ပုဇွန်ခြောက်(၁၀)ပိသာ၊မီးသွေးအိတ်(၁၀၀)ဆီ(၃)ပုံး ပို့ပေးရတယ်လို့ စိုးမြိုင်မိသားစုဆီက သတင်းကြားရပါတယ်၊သူ့မိန်းမက ရွှာထဲမှာလိုက်ကြွားတာခေတ် စကားနဲ့ပြောရင် (လူကြီးဘယ်လောက်ပိုင်လည်းပေါ့)  ဦးပါစည်ဘယ်လောက်ရပြီး ဦးဝင်းတင်က ဘယ်လောက်ဖြတ်ခုတ်ထားသလဲမသိပါ၊ဒီစာအရဆိုရင်တော့ ဦးပါစည် တော်တော်အစားကြီးတယ် ပြောရတော့မှာပေါ့၊ပြောစရာတွေအများကြီးရှိသေးတယ်၊
(ပါစည်ဘာဘာနှင့်ခိုးသားလေးဆယ်ဇတ်လမ်းတွဲများရှိပါသေးတယ်၊မကြာမှီပြော ပြပါ မယ်)(ဦးပါစည်နှင့်အများပိုင်ကုမ္မဏီတို့အရှုပ်တော်ပုံ)(ဦးပါစည်အမြဲတမ်းဥကဌ၊ဦးဝင်းတင်၊မြေပိုင်ရှင်ကြီးကိုဆန်နီ၊ဆန်ကုန်သည်ဦးရဲမွန်၊ဆီကုန်သည်ဦးကိုကိုတို့၏ဇတ်လမ်း များ)
မကြာမှီမျှော်
ပြောထားပြီးပြီနော ဒီဇတ်လမ်းတွေ အကုန်ကျွန်မဆိုဒ်မှာ ဖော်ပြ ပြီးတာနဲ့ ကျွန်မ ကျန်သည့် ဆိုဒ်(သမတ၀ဘ်ဆိုဒ်၊သစ်ထူးလွင်၊ဒီဗွီဘီ စသည့်စသည)်ဆိုဒ်များကို ရှယ်ပေးသွားပြီး ထိရောက်စွာ ဆောင်ရွှက်မည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်

                            မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar