အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 februari 2014

ပုလောမဒေါရွှာမှ အဖြစ်လေး စိတ်မခိုင်ရင်ဓါတ်ပုံမကြည့်ရန်

29-6-2013 ရက်နေ့တွင် မဒေါရွာမှ ကရင်မလေး မသိုက်ပိုသည် တောထဲသို့သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ၍ ပုလောဆေးရုံသို့တက်ရောက်ကုသခဲ့ပါသည်။ ရန်ကုန်မျက်နှာ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုသဌာနသို့ လွှဲခဲ့သော်လည်း သွားနိုင်သည့်အင်အားမရှိ။ ထပ်မံ၍ မြိတ်ဆေးရုံကြီးသို့ လွှဲခဲ့သည်။ မြိတ်သို့ပင်မသွားနိုင်ရှာ။ မသိုက်ပို၏ မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်ကို ပုလောမြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ ပုံပါအတိုင်းအတာအထိ ကောင်းမွန်ခဲ့ပါသည်။ အခမဲ့ကုသပေးရုံမက ဆေးရုံမှဆင်းသောအခါတွင်လည်း ထောက်ပံ့ငွေပါထောက်ပံ့ပေးခဲ့ပါသည်။ (Gavi ထောက်ပံ့ငွေမဟုတ်ပါ) မြန်မာတို့ထုံးတမ်းအစဉ်အလာအတိုင်း သူမတို့ဇနီးမောင်နှံက လက်ဆယ်ဖြာဖြင့် ကန်တော့ခဲ့ရာ ဆရာဝန်နှင့် ဆရာမအပေါင်းတို့မှာ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။
သို့သော် ပုလောဆေးရုံရှိ ဆရာမတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ပုလောဆေးရုံ၌ ငွေတောင်းခံခဲ့သည်ဟု ပုလောဆုံဆည်းရာgroup တွင် တင်ထားမှုများကြောင့် ဆင်းရဲနွမ်းပါသူ ချို့တဲ့သူများကိုလည်း အပင်ပန်းခံ ငွေကြေးစိုက်ထုတ်လှူဒါန်းလျက်ဆေးကုသပေးခဲ့ကြသူဆရာဝန် ဆရာမများတို့အဖို့ ဝမ်းနည်းစိတ်မကောင်း စိတ်ပျက်အားလျော့ခဲ့ကြရပါသည်။့
ပညာရှိကွန်ဖြူးရှပ်က အဆိုအမိန်တစ်ခု မိန့်ဆိုခဲ့ဖူးပါသည်။ မှောင်လိုက်တာလို့ ငြီးနေမဲ့အစား သင်ကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ရှာထွန်းလိုက်ပါ တဲ့ ------ ဆိုတဲ့အတိုင်း -- အခမဲ့ကျန်းကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆင်းရဲနွမ်းပါသူစာရင်းထဲ မရမနေအတင်းတိုးဝင်မဲ့ အစား ကိုယ့်ထက်ချို့တဲ့သူတွေ အခွင့်အရေးရဖို့ (ကွမ်းဖိုးဆေးလိပ်ဖိုး အရက်ဖိုး လောင်းကစားဖိုး) အမျိုးမျိုးလျော့ပြီး လူတိုင်းစေ့ free medical care မရနိုင်သေးတဲ့ ယနေ့အချိန်အခါမှာ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ဟာကို ကျခံခြသးင်းဟာလည်း အလှူတမျိုးဖြစ်ပါကြောင်း=========
==========================
ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းမိသားစု
 
                                       မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar