အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 13 februari 2014

ပါတီများ ဘာသာရေးဖြင့် မဲဆွယ်ပါက အရေးယူမည်

ပါတီများ ဘာသာရေးဖြင့် မဲဆွယ်ပါက အရေးယူမည်



အောင်သူရ
 မြန်မာတိုင်း(မ်)

မဲရရှိရေး အတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်ပါက ပါတီဖျက်သိမ်း သည်အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများက ၎င်းတို့ပါတီအနိုင်ရရေးအတွက် မဲဆွယ်ခြင်းများပြုလုပ်သည့်အခါ ဘာသာ ရေးနှင့် ပတ်သက်ပြီး မဲဆွယ်ခြင်းမပြုလုပ်ရဟု ပါတီစတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် ပါရှိပြီး ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

"ဘာသာရေးနဲ့ မဲဆွယ်တယ်ဆိုတာတော့ ကျွန်တော်လက်မခံပါဘူး။ နိုင်ငံရေးက နိုင်ငံရေးသက် သက်ပဲ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး"ဟု ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းညွန့်လွင်က မြန်မာပို့စ်ဂျာနယ်ကို ပြောခဲ့သည်။

ထိုသို့ပြုလုပ်ပါက မြန်မာနိုင်ငံ အနောက် မြောက်ဘက်တွင် လူမျိုးရေး ပြဿနာ ပိုမိုကြီးထွား လာနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစား ကွင်းတွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ထောက်ခံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများသည် လူမျိုးရေးမုန်းတီးမှုများကို အများဆုံး ဟောပြောခဲ့ကြသည့်အတွက် ပြည်သူများအကြားတွင် ဝေဖန်သံများ ထွက်ပေါ် လာခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ်က ဆိုသည်။


                                       


Inga kommentarer:

Skicka en kommentar