အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 november 2015

ဝမ်းနည်းဝမ်းသာသတင်းတစ်ပိုဒ်

ဝမ်းနည်းဝမ်းသာသတင်းတစ်ပိုဒ် 

မြိတ်မြို့တွင် ကတ္တရာ ကွန်ဂရစ်(AC)လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ၀မ်းသာရသလို ကော့သောင်းမြို့တွင် နိုင်လွန်ကတ္တရာက နေရိုးရိုးကတ္တရာလမ်းအဖြစ်   
ပြောင်းလဲသွားသည့်အတွက် ၀မ်းနည်းမိပါကြောင်း။ ဖြစ်စဉ်မှာ
                            မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                           မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                            မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                    ကော့သောင်း  ရိုးရိုးကတ္တရာထပ်ပိုးလွှာခင်းနေပုံ
ပြည်သူများသွားလာရေး အဆင်ပြေချော မွေ့စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ဖြင့် မြိတ်မြို့တွင်းလမ်း (၆.၇၅)မိုင်ကို ကတ္တရာ ကွန်ဂရစ်(AC)လမ်း အဖြစ် အောက်တိုဘာလ(၂၆)ရက်မှစတင်၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်လမ်းဦးစီးဌာနမှ သိရှိရသည်။
ကတ္တရာကွန်ဂရစ်(AC)လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဆိပ်ငယ်ဗောတံတားလမ်းမှ ရှမ်းချောင်း လမ်းမလမ်းဆုံ(မြိတ်-တနင်္သာရီလမ်း)၊ ပုလဲမွန်-လေဆိပ်လမ်း၊ ကရနီလမ်းဆုံ-သိမ်တော်ကြီးဘုရား လမ်း၊ ထားဝယ်စုရပ် ကွက် တစ်လမ်းမောင်းပတ်လမ်း၊ နာရီစင် လမ်းဆုံ-ကမ်းနားလမ်း၊ ဆိပ်ငယ်ဗော တံတားလမ်းမှ ကမ်းနားလမ်းတြိဂံပန်းခြံ၊ ဆိပ်ငယ်ဗောတံတားလမ်းမှ အမှတ်(၁) ဗောတံတားလမ်း စသောလမ်းများကို အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်လမ်းဦးစီးဌာနမှ ပုလဲမွန်-လေဆိပ် လမ်းကို ကတ္တရာကွန်ဂရစ်(AC)လမ်းအဖြစ် စတင်ဆောင် ရွက်နေမှုအား အောက်တို ဘာလ (၂၈)ရက် နံနက်(၉)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို က စစ်ဆေးခဲ့ပြီး အရည်အသွေး ပြည်မီစွာဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါလမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၄၀၆၈.၀၈)သန်းဖြင့် (၃)လခန့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။
                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar