အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 november 2015

ထိုင်းမြန်မာ နားလည်မှု တစ်ခုရှိသင့်

ထိုင်းမြန်မာ နားလည်မှု တစ်ခုရှိသင့်
အောက်တိုဘာ(26) ထိုင်းလိပ်ကျွန်းလူသတ်မှုလို နောက်တစ်မှု ထိုင်းနိုင်ငံရနောင်းမြို့ ကော့သောင်းတစ်ဘက်ကမ်းတွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုအမှုများအရ ထိုင်းမြန်မာ နားလည်မှုတစ်ခုတော့ယူဖို့လိုအပ်နေပါပြီ။ အသေးစိတ်မှာ
တိကျပြတ်သားတဲ့ ပေါ်လစီ တခု ထိုင်းအစိုးရ နဲ့ မြန်မာ အစိုးရကြား မှာ ရှိသင့်ပြီ။
+++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာ ပြည်သားတွေကို ထိုင်းရဲတွေက နားရွက်ဆွဲ ထိပ်ပုတ် လုပ်နေရအောင်
ကျနော် တို့ မြန်မာ အလုပ်သမားတွေက ခေါင်းဆောင် အစိုးရမရှိတဲ့
ကလေကချေတွေ ဖြစ်ကြပါသလား။

လိပ်ကျွန်းအမှု မှာ အနိုင်ရဘို့ ထိုင်းအစိုးရ ကို ငြင်သာပျော့ပြောင်းတဲ့
နည်းတွေသုံးပြီး မဟုတ်တာကို အဟုတ်လုပ် ချီးမွမ်း
ပြောဆိုတဲ့ နည်းပရိယာယ်တွေ သုံး ခိုင်းတဲ့ ပို့စ်တွေ ဖတ်ဘူးတယ်။
ဒီနေရာ မှာ ကျမ ပြောလိုတာက မြန်မာသတ်ရင် မြန်မာပဲ။မသတ်ရင် မသတ်ဘူး။
သတ်ရင် သတ်တယ်။လုပ်ရဲရင် ခံရဲရမယ်။ မလုပ်ရင် လုံးဝ လွတ်ရမယ်။ မဟုတ်တာကို အဟုတ်လုပ်တာတွေက အမှန်တရားအတွက် တိုက်နေတဲ့ တိုက်ပွဲမှာ အသုံးမ၀င်ဘူး။ အလုပ်မဖြစ်ဘူး။
ပြီးတော့ ထပ်ပြောမယ်။ ထိုင်းနိုင်ငံဆိုတာ မျက်နာမွဲအလုပ်သမားတွေအတွက်တော့ ဆိတ်ဖမ်းကွင်းပဲ။

ထိုင်းနိုင်ငံမှာ နေဘူးသူတိုင်းသိတယ်။ ထိုင်းရဲ တွေက အချော့ကြိုက်လား၊
အခြောက် ကြိုက်လား ဆိုတာ အလုပ်သမားတိုင်းသိတယ်။
မျက်နာငယ်လေးနဲ့သွားဖြဲပြလို့က တော့ ရယ်ပြတဲ့ပါးစပ်မှာ ရွှေသွား ပါရင်တောင် ပလာယာ နဲ့ ဆွဲနုတ်ပြီးသား။
ကိုယ်မှန်ရင် မျက်နာ ကို ခပ်တည်တည်နဲ့ မာန်နဲ့ နေပြတဲ့ကောင်တွေဆို ထိတောင် မထိရဲပါဘူး။

လိပ်ကျွန်းအမှု မှာ ဖမ်းစဉ်ကာလတုန်းကကော၊ ဖမ်းထားချိန်မှာကော
ထိုင်းရဲတွေ ဥပဒေမဲ့ လုပ်တာတွေ ရှိရက်နဲ့ မြန်မာ အစိုးရက
ဒီအပြု မူ ကို ရှုတ်ချပါတယ် ဆိုတဲ့ သဘောထား တစောင် မထုတ်ပြန် ခဲ့ ပါဘူး။
ဒါတွေကို ထိုင်း အစိုးရက အော်.. သဘောထား ကြီးတဲ့ တို့ညီအကို အစိုးရပါလား
လို့ အသိမှတ်ပြု သက်ညှာမှု ဘာတခု များ လုပ်ပြီးကျေးဇူး တင်ဘူးပါသလဲ။
အခုတော့ ကျေးဇူး မတင်တဲ့အပြင် ရနောင်းအမှု နဲ့ပါ ကျေးဇူးပြန်ဆပ်နေပါပြီ။

ရနောင်း လူသတ်မှု မှာ ကလိမ်ကကျစ် သတင်းတွေတင်ပြီး ဖမ်းထားတာ ၄ ရက်ရှိနေပါပြီ။
ဥပဒေကို အလွဲ သုံးစား ပြု နေတာ အားလုံးအသိပါ။ ဒီ သူငယ်လေး ၂ ယောက်လည်း
လိပ်ကျွန်းအမှု လို ထပ်ခံရဦးမှာလား။

နောက်ဆုံးပြောလိုတာက
မြန်မာ အလုပ်သမား မြောက်မြားစွာ ရှိနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာ လူမျိုးတွေ ပြသနာ တခုခု ဖြစ်ရင် မြန်မာ သံရုံးကို အရင် အကြောင်းကြားပါ။ သံရုံးက တာဝန်ရှိသူ (ဘာသာပြန် နှင့် ရှေ့နေ) တဦးဦးလာ မှ ဆက်လက်စစ်ဆေးခြင်းများ ပြု လုပ်ကြဘို့ ဆိုတဲ့သဘောတူညီချက် ပေါ်လစီတွေ ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရကြားမှာ ပြတ်သားစွာ ရှိသင့်နေပါပြီ။
၎င်း သဘောတူညီချက်ဟာ နိုင်ငံ၂ ခုလုံးတွက် စတေးခြင်း ကင်းတဲ့ အပေးအယူဖြစ်ပါတယ်။ ခက်ခဲတဲ့ တောင်း ဆိုချက်လည်း မဟုတ်၍ အမြန်ဆုံး အကောင်ထည် ဖော်ကြပါရန်
ရေးသား တိုက်တွန်း လိုက်ပါသည်။












                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar