အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 november 2015

ကော့သောင်း- မြိတ် လမ်းပိုင်း တွင် ခရီးသည်တင် လေအိတ်ကားများ စတင်ပြေးဆွဲ

ကော့သောင်း- မြိတ် လမ်းပိုင်း တွင် ခရီးသည်တင်
လေအိတ်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း
ရွှေလင်း ထက် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး
ယာဉ်လိုင်းမှ သိရသည်။

ယင်းယာဉ်လိုင်းသည် ခရီးသည် ၃၃ ဦးဆံ့ လေအိတ်ကား
၎ စီးဖြင့် အောက်တိုဘာလ ပထမအပတ်မှစပြီး ရန်ကုန် –
ထားဝယ်- မြိတ် – ကော့ သောင်း ခရီးစဉ်များကို စတင်
ပြေးဆွဲ နေသည်ဟု ရွှေလင်းထက် ယာဉ်လိုင်း တာဝန်ခံက
ပြောသည်။

” ကားက အနိမ့်အမြင့် လုပ်လို့ ရတော့လမ်းခရီးမှာ အခက်အခဲ
ကြီးကြီးမားမား မရှိပါဘူး” ဟု ရွှေဟိန်း ထက် ယာဉ်မောင်း
ကိုလေးက ဆိုသည်။
လေအိတ်ကားများသည် ကော့ သောင်း – မြိတ် လမ်းပိုင်းတွင်
ခရီး လမ်းကြမ်းသည်ဟုဆိုကာ ကော့သောင်း အထိ မဆင်း
ကြဘဲ မြိတ်တွင် ရိုးရိုး ကား၊ ၁၂ ဦးစီး လေအိတ်ကားငယ်
များဖြင့် ပြောင်းလေ့ ရှိသည်။

လေအိတ်ကားများ ကော့သောင်း အထိ စတင် ပြေးဆွဲ
လာပြီဖြစ်သည့် အတွက် ကားလမ်းများကို ယခင်ထက်
ပိုကောင်းအောင် အဆင့်မြှင့်တင်ပေးရန် လိုအပ်လာပြီ
ဖြစ်ကြောင်း ကော့သောင်း ဒေသခံများက ထောက်ပြကြသည်။


                            မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar