မြန်မာပြည်မှ အဖြစ်အပျက်များ
မြန်မာနိုင်ငံတွင် ပညာရှင် မပေါများသော်လည်း အရည်အချင်းရှိသည့် ဥဏှောက်ပိုင်ရှင်များ ကြောင့် တစ်စုံတရာအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြပါသည်။ ဖြစ်ပုံမှာ
ထူးဆန်ပါပေ့ မြန်ပြည် ရယ်
===============
-ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းမမိလို့ လိုင်းမိတဲ့နေရာကို
ဝါးလုံးတိုင် စိုက်ပြီးအမှတ်သားပြုလုပ်ထားရတယ်တဲ့။
-
ဖုန်းပြောချင်တဲ့ သူတွေက ဒီအမှတ်သားပြုလုပ်ထားတဲ့
နေရာကို လာပြီးဖုန်းပြောမှ လိုင်းမိတယ်တဲ့။
တကယ်လို့ပြောနေတဲ့သူရှိရင် တန်းစီ
စောင့်ဆိုင်းပြီး အလှည့်ကျပြောရတယ် ဆိုဘဲ့။
( ကိုယ့်ဖုန်း နဲ့ ကိုယ်နော် )
( ထိုသို့ဝါးလုံးတိုင်စိုက်အမှတ်အသားပြုလုပ်ပေးသည့် ပိုဂ္ဂိုလ်အား တယ်လီနှောနှင့်အောရီဒူးမှာ အသဲအသန်လိုက်ရှာနေပါကြောင်း ထိုသူအား သူတို့ဌာနတွင် အလုပ်ခန့်ပါမည့်အကြောင်း။ အမ်ပီတီမှလည်း ထိုပိုဂ္ဂိုလ်အားအသေရရအရှင်ရရ လိုချင်နေပါကြောင်း သူတို့၏မရှိသည့်သိက္ခာကိုချသည့် အတွက်ဖြစ်ကြောင်းကြားသိရသဖြင့်) မြန်မာပြည်သားဥဏှောက် ပေါ့ပေါ့မဟုတ်ဘူးနော်ဟု သာချီးကျူးးစရားဆိုလိုက်ပါရစေ။
ကွင်းခံထားသော စာပိုဒ်သည် သရော်စာသက်သက်ဖြစ်ပြီး ကျန်အကြောင်းအရာများမှာ အမှန်တကယ်ဖြစ်ပါသည် ။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar