အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 21 september 2015

နယ်စပ်မြို့လေးမို့ စဉ်းစားပေးစေချင်

နယ်စပ်မြို့လေးမို့ စဉ်းစားပေးစေချင်

မြန်မာပြည်တောင်ဘက်စွန်းဆုံးကော့သောင်းမြို့တွင်  ဆိုင်ကယ်တက္ကစီဆွဲစားသူများ ရှိပါသည်။ထိုသို့ဆိုင်ကယ်ကယ်ရီမောင်းစားနေသူများ သည်ဆိုင်ကယ်သမားလောကတွင်ပျော်လို့ ဒုက္ခခံ ဆွဲစားနေခြင်းမျိုးမဟုတ်တဲ့အတွက် ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့်ဆိုင်ကယ်သမားများနှင့်  ခြောက်ကပ်နေသည့်မြိ့အား စာနာစွာဖြင့် မြန်မာနိုင်ငံ ယဉ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည့် ဥပဒေအား  ပြင်ဆင်ပေးစေလိုပါသည်။ ဆိုင်ကယ်တစ်စီးတွင် အပြစ်တစ်စုံတရာတွေ့ရှိက ဒဏ်ငွေ ငါးသောင်း သုံးသောင်းဆိုသည်ညနှုန်းထားမှာ သက်ဆိုင်ရာ ဌာနအား တရားဝင် ဓါးမြလိုင်စင်ထုတ်ပေးသကဲ့သို့ဖြစ်နေပြီး မရှိဆင်းရဲသား လူတန်းစားများအဖို့ အဘယ်ကဲ့သို့ ဒုက္ခပင်လယ်ဝေမည်ကို ကိုယ်ချင်းစာတရားလေးများထားပြီး ဒဏ်ငွေအား ဖြေလျော့ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

                                             မြူ နှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar