အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 5 september 2015

ဝမ်းနည်းကြေကွဲခြင်း

ဝမ်းနည်းကြေကွဲခြင်း 

၂၀၁၅ စက်တင်ဘာလ ၂ ရက်နေ့၏ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ် တစ်ခု ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ဖြစ်စဉ်က ရဲဝန် ထမ်းများက တရားခံပြေးကို သ တင်းအရ သွားရောက်ဖမ်းဆီးစဉ် တရားခံဖြစ်သူက ဓားဖြင့်ခုခံထိုးနှက်သဖြင့် ရဲဝန်ထမ်းနှစ်ဦး ဖြစ်ကြသော ရဲအုပ်ဦးအောင်နိုင်နှင့် တပ်ကြပ်သူရလွင်ဆိုသူနှစ်ဦးတို့ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည့် ဖြစ်ရပ်။

ထိုအဖြစ်အပျက်က ၀မ်း နည်းကြေကွဲဖွယ်ကောင်းလွန်း သည်။ ထွက်ပြေးရာဇ၀တ်သား တရားခံက ရဲတပ်ဖွဲ့ဝင်များကို ပမာမခန့်လုပ်လိုက်သည်ဟု ဆိုရ မည်လား။ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး   ကိုမထီမဲ့မြင်ပြုလိုက်သည်ဟု ဆိုရ မည်လား မပြောတတ်တော့။ ရဲ ၀န်ထမ်းနှစ်ဦးလမ်းမပေါ်မှာ သွေး သံရဲရဲဖြင့် သေဆုံးနေသည် ဓာတ် ပုံများကို အွန်လိုင်းစာမျက်နှာမှာ ကြည့်ရင်း မြန်မာပြည်၏ တရား ဥပဒေစိုးမိုးမှုသည် မည်မျှကြောက်စရာကောင်းလောက်အောင်ပျက်ယွင်းနေသည်ကို သတိပြုမိရ တော့သည်။

  မြန်မာပြည်၏ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ပျက်ယွင်းမှုကိစ္စကို ပြောဆိုဆွေးနွေးမည်ဆိုလျှင် ဘယ်ကစ၍ ဘာကိုပြောရမည် မသိ ဖြစ်နေတတ်သည်။ ပြောစ ရာ ဆိုစရာ ဆွေးနွေးစရာအ ကြောင်းအရာတွေက များလွန်း လှသည်။ တရားရုံးဆိုပါလျှင် လည်း တရားရုံးဖြစ်နေ၍၊ ရဲစခန်း ဆိုလျှင်လည်း ရဲစခန်းဖြစ်နေ၍၊ အုပ်ချုပ်ရေးရုံးဆိုလျှင်လည်း အုပ် ချုပ်ရေးရုံးဖြစ်နေ၍ ယခုတော့ ချို့ယွင်းချက်၊ အားနည်းများ ကြောင့် ရဲဝန်ထမ်းကို လူဆိုးက ပင် မလေးမခန့်ဖြစ်လာနေပြီဟု သာ ဆိုရတော့မည်။

ယခုတစ်လော  လပိုင်းတွင်း မှာပင် လူဆိုးက တရားဥပဒေစိုး မိုးရေးနှင့် သက်ဆိုင်သော အဖွဲ့ အစည်းများကို ရန်လိုသည့် ဖြစ် စဉ်တွေဆက်တိုက်ဖြစ်လာခဲ့ သည်ကို လူတိုင်းကြားသိပြီးဖြစ် မည်ထင်သည်။ အခြေအနေများ က ထိုမျှအထိ ဘယ်က၊ ဘယ်လို စတင် ပျက်စီးခဲ့၍ ဘယ်သူတွေက ဖျက်ဆီးသွားခဲ့သည်ဆိုသည်ကို လည်း ဘဲဥအစရှာမရသလို ဖြစ် ရသည်။

 အဓိကအချက်မှာတော့ လတ်တလော ဖြစ်စဉ်များအပေါ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတ၏ (၁၇)ကြိမ် ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် များတွင် မပြောပလောက်သော နိုင်ငံရေးအကျဉ်သားများကို လွှတ်ပေးစာရင်းပြကာ လက်တွေ့ တွင် ရာဇ၀တ်သား အများစုကိုသာ လွှတ်ပေးနေခဲ့ခြင်းက သတ္တုကျ လျက် ရှိသည်။ ထိုအချက်များ လည်း ငြင်းမရအောင် မှန်ကန် သောအချက်ဖြစ်နေမည်။

ကျွန်မအနေဖြင့်မူ ထို့ထက် ပို၍ အလေးအနက်ထား စဉ်းစား ချင်သည်။ ရဲဝန်ထမ်းများနှင့်ပတ် သက်၍ သတိတရရှိမိနေသည်က တော့ ငယ်စဉ်က ပုပ္ပားတောင် အရှေ့ဘက်မှ ကျွန်မ၏ ဇာတိ လက်ပန်ပျားမြို့နယ်ခွဲတွင် နေ ထိုင်ခဲ့ရသော ငယ်ဘ၀ကို ဖြစ် သည်။ ကျွန်မတို့ရွာမှာ လက် ထောက်မြို့ပိုင်ရုံးရှိသည်။ ကျေး လက်ကျန်းမာရေး ဆေးပေးခန်း ရှိသည်။ အလယ်တန်းကျောင်း ရှိ သည်။ ရပ်ရွာ၏ အစဉ်အလာ၊ ကျေးရွာလူထုက ရွေးချယ်တင် မြှောက်သော သူကြီးအုပ်ချုပ်ရေး စနစ်ရှိသည်။ ရဲစခန်းရှိသည်။

ကျန်သည့်ကိစ္စများကို အ သာထား၍ ရဲစခန်းအကြောင်းကို ရှေးဦးမဆွပြောချင်သည်။ ရဲ စခန်းမှာ စခန်းမှူး ရှိသည်။ ဒုစခန်းမှူးရှိသည်။ အကြပ်၊ ဒုအကြပ်နှင့် ရဲတပ်သားများစွာ ရှိသည်။ စခန်း မှူးကြီးသည် ရွာထဲ ရပ်ထဲသို့ လည်လေ့ ပတ်လေ့မရှိ။ အလွန် ဂုဏ်သိက္ခာရှိစွာ နေထိုင်သည်။ သင်္ကြန်တွင်းမှာ တစ်ကြိမ်၊ သီတင်းကျွတ်ကာလမှာ တစ်ကြိမ်၊ တစ် နှစ်လျှင် နှစ်ကြိမ်မျှသာ ရွာ၏ ဘုန်းတော်ကြီး ကျောင်းများထံ မိသားစုနှင့်အတူ ကန်တော့ရန် ထွက်လာတတ်သည်။ 

ထိုနည်းအ တူ အခြား အခြားရဲဝန်ထမ်းများ လည်း ရဲဝန်ထမ်းများထုံးစံနယ် လှည့်တတ်သည်မှအပ ရွာသူ ရွာ သားများနှင့် ရောရောနှောနှော နေထိုင်လေ့ မရှိသလို ရဲစခန်း၏ အချုပ်ခန်းမှာလည်း အချုပ်သား ဟူ၍ တစ်နှစ်နေ၍ တစ်ယောက် မရှိတတ်။ အဂတိလိုက်စားမှုဟူ သည်ကား လုံးဝမကြားဖူးသော ကိစ္စသာ ဖြစ်သည်။ ထိုသို့ဂုဏ် သိက္ခာရှိသော ရဲဝန်ထမ်းများကို နယ်တစ်နယ်လုံးကလည်း လေး စားရိုသေကြသည်။

ထို့နောက် ၁၉၆၂ ခု စစ်အာ ဏာသိမ်းပြီးချိန် ၁၉၆၅ လောက် မှာတော့ ကျွန်မတို့ရွာ၏ ရဲစခန်း ရှေ့တွင် မှောင်ခိုလုပ်ငန်းစစ်ဆေး ရေးအတွက် ရှာဖွေရေးဂိတ်တစ်ခုရှိ လာသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အုပ်ချုပ်မှု အောက်မှာ ဆိုကြပါစို့။ ထိုဂိတ် ဖွင့်ပြီးချိန်မှစတင်၍ ရဲဝန်ထမ်း တွေနှင့် ညှိလျှင် မှောင်ခိုကုန်တွေ လွတ်မြောက်နိုင်သည်။ အခြား လူထု၏ စားဝတ်နေရေးလုပ်ငန်း များလည်း တရားမ၀င်ဖြစ်လာရာ ရဲနှင့် ညှိထားမှ အလုပ်ဖြစ်ရာမှ ညှိနှိုင်းပေါက်ဈေး အဂတိလိုက် စားမှု ထွန်းကားလာသည်။

ဥပမာ-ယခင်က အမိန့်ရဘုံ ဆိုင်သည် ဆိုရှယ်လစ်စီးပွားရေး ဥပဒေအရ တရားမ၀င်။ ထို့ ကြောင့် အရက်ရောင်းစားသူ သည် ရဲနှင့်ညှိ၍ အလုပ်လုပ်ရ သည်။ ထိုနည်းအတူ ရေနံဆီမီး ခွက်ထွန်းရန် ရေနံဆီရောင်းစား သူကလည်း ရဲနှင့် ညှိပြီး လုပ်ကိုင် စားမှ အဆင်ပြေသည်။ ကိစ္စတိုင်း၊အရာရာတိုင်းလိုလိုပင် ဥပဒေအ ရ ရဲများသည် နေရာတကာမှာ ၀င်ပါခွင့်ရလာကာ ရဲတစ်ဦးချင်း လည်း နာမည်ပျက်လာသည်။ ရဲ တပ်ဖွဲ့တစ်ခုလုံးလည်း အဂတိ လိုက်စားမှုအကြား သံသရာလည်
သွားခဲ့သည်။

ကျွန်မတက္ကသိုလ် ကျောင်း သူဘ၀ ၁၉၇၄ အလွန်ကာလများ မှာတော့ ရန်ကုန်မြို့တော်ကြီးမှာ စစ်တပ်မှ အသွင်ပြောင်းလာ သော နေပြည်တော်ရဲဟူသော ၀တ်စုံသစ်ဖြင့် ရဲအသစ်တွေပေါ် လာသည်။ ထို့နောက် ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်မှာ ရိုးရိုးအရပ်သားရဲ အရာရှိများ နည်းပါးသွားပြီး စစ် တပ်မှ အသွင်းပြောင်းရဲအရာရှိ ကြီးများ လွှမ်းမိုးလာသလို အဂ တိလိုက်စားမှုသတင်းများလည်း တိုးလာသည်။

 ယာဉ်ထိန်းရဲကို ယခင်က ငွေတစ်ဆယ်ပေးရသော အမှုအတွက် ငွေအစိတ်အထိ ကြေးမြင့်လာသည်။ ထိုသို့ဖြင့် ရဲဝန်ထမ်းများသည် တရားမ၀င် သတ်မှတ်သော ဥပဒေများကို ငွေ ညှစ်ဆက်ကြေးကောက်စားသော လူတန်းစားဟု ပြည်သူအမြင် ပြောင်းလဲလာပြီး ရိုသေလေးစားမှုတွေလည်း ပျက်ကွက်လာသည်။

တစ်ဖက်မှာ ကြည့်လျှင် ရဲ ၀န်ထမ်းတွေဘက်မှာလည်း ခံစား ချက်တွေ၊ ပြောစရာတွေ တိတ် တခိုးရှိနေနိုင်သည်။ အစိုးရ၏ စီမံ ခန့်ခွဲမှု အမှားများကြောင့် လစာ နှင့် မလုံလောက်ခြင်း၊ အခြား အထောက်အပံ့များ နည်းပါးသွား ခြင်းများသည်လည်း အဂတိ လိုက်စားမှု တိုးပွားလာခြင်း၏ အ ကြောင်းရင်းတစ်ခု ဖြစ်နေမည်။

 ကုန်လွန်ခဲ့သော နွေရာသီသင်္ကြန် ကာလက ကျွန်မ၏ ရွာသို့အလည် အပတ်ပြန်စဉ် ယခင်က အလွန် တောက်ပသစ်လွင်သော ရဲစခန်း အိမ်ရာများ ပြိုကျပျက်စီးဟောင်း နွမ်းဆွေးမြည့်နေသည်ကို မြင်ခဲ့ရ ၍ (သူတို့ဘယ်လိုများ နေထိုင်နေ ကြသလဲ)’’ဟု အောက်မေ့ခဲ့မိ သည်။

ရန်ကုန်မြို့တော်ကဲ့သို့ မြို့ တော်ကြီးမှာကော ဘာတွေဖြစ် ပျက်နေသနည်း။ တစ်ခါက ကျွန်မ၏ သူငယ်ချင်းဖြစ်သူက ‘‘တို့အမျိုးသားက အရက်မူးရင် အရမ်းသောင်းကျန်းတယ်။ အိမ် မှာ မှန်တွေခွဲ၊ နံရံတွေကို လက် သီးနဲ့ထိုး၊ တို့ကိုလည်း ရန်ရှာ လွန်းလို့။ ၁၉၉ ကို ဖုန်းဆက်ရင် လည်း ကိုင်မယ့်လူ မရှိဘူး။ မူး လာရင် တို့အမျိုးသားကို ရဲစခန်း မှာ တစ်ညလောက်ခေါ်ထားပေး ဖို့ ရဲကိုအကူအညီတောင်းချင် တယ်။ ရဲစခန်းကို အဖော်လိုက် ခဲ့ပေးပါ’’ဟု ဆိုလာသဖြင့် ရဲစခန်း တစ်ခုအတွင်းသို့ ရောက်ခဲ့ဖူး သည်။

နံနက်ခင်းတစ်ခု၏ ရဲစခန်း အတွင်း ရောက်ရှိသွားစဉ် ရဲစခန်း အတွင်းမှာ ရဲအရာရှိနှစ်ဦး၊ ရဲ တပ်ကြပ်ကြီး နှစ်ဦးနှင့် ရိုးရိုးရဲ သား တစ်ဦးသာ ရှိနေသည်။ ကျွန်မကပင်စတင်၍ ‘‘ကျွန်မတို့ အကူအညီတောင်းချင်လို့ပါ။ စခန်းမှာ ရဲအင်အား မလုံလောက် တာလည်း သိပါတယ်။ အလုပ် များကြတယ်ဆိုတာလည်း နား လည်ပါတယ်။ 

ဒါပေမဲ့ ကျွန်မတို့ မှာလည်း အခက်အခဲ ရှိနေလို့ အကူအညီပေးဖို့လာပြီး မေတ္တာ ရပ်ခံတာပါ’’ဟု မိတ်ဆက်ပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။
ထိုအခါ ရဲတပ်ကြပ်ကြီးက စတင်၍ ‘‘အစ်မကြီးတို့လို နား လည်မှုရှိရှိဆိုရင် ကျွန်တော်တို့က လည်း ကူညီဖို့အဆင်သင့်ပါ။ ရဲ တွေ ဒုက္ခဘယ်လောက်ကြီးတယ် ဆိုတာ မသိဘဲ ရဲမကောင်း ကြောင်းပြောကြတယ်။ ကျွန်တော့်နာမည် လှသောင်း(အမည်ပြောင်း)။ လှသောင်းမကောင်းရင် လှသောင်းမကောင်းဘူးပြောချင်ပြော။ ရဲ မကောင်းဘူးမပြောနဲ့။

 လစာ ထုတ်ရင် အထက်ကဟိုဟာဖြတ်၊ ဒီဟာဖြတ်၊ ဖြတ်လိုက်တာနဲ့ လ စာက နှစ်ပဲတစ်ပြားပဲ ကျန်တယ်။ တစ်ပတ်နှစ်ရက် တန်းစီရတယ်။ အင်္ကျီကြယ်သီးတစ်လုံး ပြုတ်နေ ရင် ပါးရိုက်ခံရတယ်။ ၀တ်စုံပေး သလားဆိုတော့ မပေးဘူး။ ကိုယ့် ၀တ်စုံ ကိုယ်ဝယ်ဝယ်ရတယ်။ ဖိနပ်တစ်ရန် တစ်သောင်း။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်။ အခု ကျွန်တော်နေတဲ့ ရဲတန်းလျားမှာ ထုပ်တန်းကြီး ပြုတ်ကျပြီး မိုးယိုနေလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြင်ရဦးမယ်’’
‘‘ရဲမှာ ရဲအင်အားလည်း မရှိ ဘူး။

 လူဆိုးက ပရာဒို၊ လင်ခရူ ဇာ၊ ပါဂျဲရိုးစီးနေချိန်မှာ ရဲမှာ ဖွတ် ချက် ဖွတ်ချက် ကားစုတ်ပဲ ရှိတယ်။ ကျွန်တော်ဘူးသီးတောင်၊ မောင်တောမှာ သုံးနှစ်တာဝန် ထမ်းဖူးတယ်။ ဒီဘက်ကမ်းမှာ တပ်က ဗိုလ်မှူးအုပ်ချုပ်တယ်။ ဗိုလ်မှူးဆိုတာ ဘူးသီးတောင်၊ မောင်တောလိုနေရာမှာ ဗိုလ်ချုပ် ကြီး တစ်ယောက်လောက် အာ ဏာပါဝါရှိတယ်။ ဒီဘက်က ဗိုလ် မှူးစခန်းပြောင်းတာ မော်တော် ဘုတ်လေး ဖွတ်ချက်၊ ဖွတ်ချက်နဲ့ စခန်းပြောင်းရတယ်။ 

ဟိုဘက်က ရဲတပ်သားလေးစခန်းပြောင်းတာ ဟတ်စကီးနဲ့ ပြောင်းတယ်။ ကျုပ် တို့နိုင်ငံ ဘယ်တော့ သူများတိုင်း ပြည်ရဲ့ အဆင့်ကိုမီမလဲ။ ဘယ် ခါမှ မမီတော့ဘူးထင်တယ်။ ရဲ ဘ၀၊ ရဲအကြောင်းလည်း ရဲပဲ သိ တယ်။ အထက်က ဘာပေးလဲ။ ဘာမှ မပေးဘူး။ အထက်က ပေး တာ ဒုက္ခ၊ ဒုက္ခ။ ဒုက္ခပဲ ရှိတယ်’’ ဟု စကားကို ဒလဟောကြီး ပြော ချခဲ့လေသည်။

ကျွန်မ ကချင်ပြည်နယ်တွင်  အလုပ်တာဝန်ကျစဉ်ကတော့ ကိုယ့်လူနာလည်းဖြစ်၊ စခန်းမှူး တစ်ဦးလည်း ဖြစ်သူက ပြောပြ ဘူးသည်။ ‘‘ဖားကန့်နယ်မြေကိုဝင် နေတဲ့ ကားကြီး၊ ကားကောင်းတွေ ပေါ်မှာ ဘယ်ကားမှာ မူးယစ်ဆေး ၀ါးတွေပါတယ်ဆိုတာ ကျွန်တော် တို့မသိမရှိပါဘူး။ မဖမ်းရဲပါဘူး။ သွားဖမ်းလိုက်လို့ သူ့နောက်ခံ ဘက်ဂရောင်းက ဘာတွေရှိမှန်း မသိဘူး။ 

ကျွန်တော်ဖမ်းလိုက်လို့ ကျွန်တော်ဒီနေရာက လွင့်ထွက် သွားမယ်၊ အလုပ်ပြုတ်သွားမယ် ဆိုရင် ကျွန်တော့်မိသားစု ဒုက္ခ ရောက်သွားမှာပေါ့’’ဟု ပြောဆိုခဲ့ သည်ကို ကြားခဲ့ရဖူးသည်။ ဒီလို နှင့် နိုင်ငံသားကောင်း၊ ရဲဝန်ထမ်း ကောင်းဖြစ်ရန် ခက်ခဲလာရင်း ဝေ စား၊ မျှစား၊ ညှိစား အဂတိ တရားတွေအကြားမှာ သံသရာ လည်နေသည်လား မပြောတတ် တော့ပါချေ။

လတ်တလောမှာတော့ ရဲ ၀န်ထမ်းတွေအကြားမှာ စခန်းမှူး လောက်မှ ကျည်ဆန်ထည့်ထား သော သေနတ်ကိုင်ခွင့်ရှိသည်။ သာမန်ရဲဝန်ထမ်းများ ကျည်ဆန် ထည့်ထားသော သေနတ်ကိုင်ခွင့် မရှိ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးပြီးနောက် တစ်နေ့လျှင် တစ်ယောက်နှုန်း တရားခံပြန်ဖမ်းပေးရမည်ဟု ဖိအားပေးခံရ သည်။

 တရားခံကို သတ်မှတ်စံချိန်ဝင်အောင် မဖမ်းနိုင်လျှင် အရေးယူခံရနိုင်၍ မဖြစ်မနေ ကြိုးစားဖမ်းကြရာက  အလျင်စလို ဖမ်းပေးကြရ ပြန်ရာ ရာဇ၀င်လူဆိုးများ၏ တုံ့ ပြန်ခုခံမှုတွေ တွေ့ကြုံခံစားရ သည်ဟုလည်း ကြားရပြန်သည်။
သေချာသည်မှာ ရဲတပ်ဖွဲ့ တွင် ၀န်ထမ်းအင်အား မလုံ လောက်။ ရဲဟူသည်မှာ လူထုနှင့် အမြဲထိတွေ့နေရပြီး လူထု၏ ပြဿနာကို လင်နှင့်မယားရန်ဖြစ် သည့် ကိစ္စမှစ၍ လူသတ်မှုအဆုံး ပြဿနာမျိုးစုံကို ဖြေရှင်းပေးရ လေ့ရှိသော ဌာနတစ်ခု။ တရား ဥပဒေစိုးမိုးရေးအတွက် အာဆီယံနိုင်ငံများ၏ စံနှုန်းအရ နိုင်ငံ သားလူဦးရေ ၄၀၀ ခန့်မှာ ရဲဝန်ထမ်းတစ်ဦးနှုန်းခန့် ထား သင့်သော်လည်း ယခုအချိန်တွင် ရဲအင်အားမှာ ၀န်ထမ်းဦးရေ မပြည့်။ ထက်ဝက်အချိုးမျှသာ ရှိနေသေးသည်ဟု ဆိုနေသည်။

တိုင်းပြည်၏ ဆင်းရဲမွဲတေ မှုကြောင့် ရာဇ၀တ်မှုများက ပိုမို များပြားလာသလို မကြာခဏပေး နေတတ်သော နိုင်ငံရေးသမား များကို လွှတ်ပေးသယောင် ယောင်နှင့် ရာဇ၀တ်သားအများစု ကိုသာ ကိန်းဂဏန်းကြီးကြီးဖြင့် ပြန်လည်လွှတ်ပေးနေသော နိုင်ငံ တော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်များကြောင့်လည် လူ ဆိုး၊ သူခိုးများက ရာဇ၀တ်မှု ကျူး လွန်ရန် မ၀ံ့မစားမဖြစ်တော့ဘဲ ပိုမိုရဲတင်းလာနေသည်ဟု ဝေဖန် မှုတွေ ရှိနေသည်။

ယခုစက်တင်ဘာ ၂ ရက် နေ့က ဖြစ်ပျက်ခဲ့သော ရဲဝန်ထမ်း နှစ်ဦး အသတ်ခံရမှုတွင် တရားခံ ကို  နာရီပိုင်းမျှသာအချိန်ခြားပြီး ဖမ်းဆီးရမိခဲ့သော်လည်း ဖမ်းဆီး စဉ် ရဲဝန်ထမ်းများမှာ ရဲဝတ်စုံ လည်း ၀တ်မထား။ တရားခံကို တင်ဆောင်သွားသော မော်တော် ယာဉ်မှာလည်း အရပ်သုံးတက္ကစီ တစ်စီးဖြစ်နေသည်ကို အံ့သြမိ သည်။ သြော်..မြန်မာနိုင်ငံရဲတပ် ဖွဲ့ကြီး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး။ စိတ်လည်ပျက်မိသည်။ သနားရ တော့မလိုလိုလည်း ခံစားရသည်။

သို့သော်..သို့သော် နိုင်ငံရေးသမားများကို ဖမ်းစဉ်၊ ဆီးစဉ်၊ ထိန်းသိမ်းစဉ် အချိန်များမှာတော့ ရဲဝတ်စုံလည်း ပြည့်စုံသည်။ လူ အင်အားလည်း ရှိသည်။ ရဲမော် တော်ယာဉ်များကလည်း တ၀ီဝီ ဆိုပြန်တော့ ဘာတွေက ဘယ်နေ ရာမှာ လွဲချော်နေသနည်း။

 မဆို တတ်၊ မပြောတတ်၊ မတွေးတော တတ်အောင် ဖြစ်ရပြန်သည်။ ကျောင်းသားများ ဆန္ဒပြပွဲအတွက် အသက် (၁၅)နှစ်သား ကျောင်း သားကလေးကို ရဲဝန်ထမ်းအစိတ်၊သုံးဆယ်က ၀ိုင်းဝန်းရိုက်နှက်ဖမ်း ဆီးနေပုံသည် အာဏာပိုင်အဖွဲ့ အစည်း၏ ရက်စက်မှုကို မှတ် တမ်းတင်မှုတစ်ခုဖြစ်ခဲ့သည်။

မည်သို့ပင် ဆိုပါစေ။ မိမိ နိုင်ငံမှ ရဲတပ်ဖွဲ့ကြီးကို ခိုင်မာစေ ချင်သည်။ အင်အားရှိစေချင် သည်။ ၀တ်စုံမှအစ ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်ဝယ်ယူပြီး အကြံအဖန်ငွေရှာရင်း ဆက်ကြေးကောက်ဘ၀မှလည်း လွတ်မြောက်စေချင်သည်။ တပ်မတော်မှအသွင်ပြောင်းလာသော အရာရှိကြီးများကြောင့် အထက်ရာထူး တက်လမ်းပိတ်ကာ ရဲဝန်ထမ်းကောင်းဖြစ်ဖို့ထက် မိသားစု စားဝတ်နေရေးပြေလည်ရန်သာ အဓိကဟု သဘောထားနေရသည့် ဘ၀များမှလည်း လွတ်မြောက်စေချင်သည်။

 လူဆိုး၊ သူခိုးတွေက တစ်ရာ၊ နှစ်ရာ၊ ရဲတပ်သားလေးမှာ တစ်ယောက်တည်းဆိုသည့် အခြေအနေမှလည်း ကျော်လွှားနိုင်စေချင်သည်။ အထက်အထက်က ဒုက္ခ ဒုက္ခပဲပေးတယ်ဟူသော အခြေအနေမျိုးလည်း ကုန်ဆုံး လွတ်မြောက်စေလိုသည်။
တစ်ခါက ကျွန်မရေးခဲ့ဖူး သည်။ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် က ကျွန်မနေထိုင်ရာ နေအိမ်နှင့် ကိုက်တစ်ရာအကွာ လမ်းထိပ် တွင် လူသတ်မှုတစ်ခုဖြစ်သွားခဲ့၍ ကျွန်မတို့ မြန်မာလူမျိုးများပေါင်း နေထိုင်ရာ အိမ်ခန်းကို ဂျပန်ရဲ ကားအစီးနှစ်ဆယ်၊ ရဲအင်အား ရာဂဏန်းဖြင့် ၀ိုင်းခံရဖူးခဲ့သည့်  အကြောင်းပင် ဖြစ်သည်။

 နိုင်ငံ ခြားသား အိမ်ခန်းဖြစ်၍ စစ်ဆေး ခံရခြင်း ဖြစ်သည်။
ထိုစဉ်က ရဲမှူးကြီးတွေ လက်နက်အပြည့်အစုံနှင့် ကိုယ်တိုင်ဆင်းသည်။ ၀ုန်းခနဲ၊ ဒိုင်းခနဲ အိမ်ခန်းအတွင်းသို့ ရဲတွေမည်သို့၊ မည်ပုံရောက်လာ မှန်းပင် မသိလိုက်။ တကယ်ကို အင်အားရှိလှသည်။ ထိုဖြစ်စဉ်တွင် ကိုယ့်မိသားစုက လူသတ်မှုနှင့် ဘာမျှ မသက်ဆိုင်၍ ဘာမျှ မဖြစ်လိုက်။

 အတူနေထိုင်သော လူငယ်လေးများကို နာရီပိုင်းမျှ စခန်းသို့ခေါ်ယူစစ်ဆေးခံရရုံမျှသာ ဖြစ်ခဲ့သည်။ ကျွန်မအတွက်တော့ တိုးတက်သော တိုင်းပြည်တစ်ခု၏ ရဲတပ်ဖွဲ့၏ လုပ်ငန်းလုပ်ဟန်အ တွေ့အကြုံရခဲ့သည်။ တို့တိုင်း ပြည်မှာ ဒီလိုရဲတပ်ဖွဲ့မျိုးဘယ် တော့ရရှိနိုင်မလဲဟုလည်း တောင့်တမိသည်။

ကျွန်မတို့ တိုင်းပြည်မှ ရဲ တပ်ဖွဲ့ကိုလည်း တိုင်းသူပြည် သားက အားကိုးအားထားပြု လောက်သော ရဲတပ်ဖွဲ့ကြီးဖြစ် စေလိုသည်။ ထိုသို့ဖြစ်လာရန် ဘာတွေလိုအပ်မည်နည်း။ ရဲတပ် ဖွဲ့မှာ ရဲ၏လုပ်ပိုင်ခွင်မှတစ်ပါး အခြားတစ်စုံတရာ လွှမ်းမိုးမှု မရှိ သော ရဲတပ်ဖွဲ့ဖြစ်ရန် ပြန်လည် ပျိုးထောင်ရမည်။ 

၁၉၉ ကို ဖုန်း ဆက်လျှင် ချက်ချင်းလက်ငင်း အရေးတယူ ဖုန်းကိုင်သော ရဲ။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ပိုင်ရှင်ကိုပါ ဖမ်းနိုင်သော ရဲ။ သုံး လောင်းပြိုင်၊ ငါးလောင်းပြိုင် လူ သတ်မှုများကို ဖော်ထုတ်နိုင်စွမ်း ရှိသောရဲ၊ ရဲချုပ်ရာထူးအထိ ရာ ထူးတက်ခွင့်ရှိသော ရဲ။ လူဆိုး ထက် အဆင့်မြင့်သော ယာဉ်၊ လက်နက် သုံးစွဲနိုင်သော ရဲ။ ကိုယ်ခံပညာများပါ တတ်မြောက်သော ရဲ။ 

ဝန်ထမ်းအိမ်ရာတွေမှာ လုံခြုံနွေးထွေးမှုဖြင့် နေနိုင်သောရဲ။ကိုယ့်ဝတ်စုံ ကိုယ်ဝယ်မ၀တ်ရ သော ရဲ။ လူဆိုးက ဓားနှင့်ထိုးခံရ ၍၊ ဓားနှင့်ခုတ်ခံရ၍ မသေသော ရဲ။ ပြည်သူအတွက် စိတ်လုံခြုံမှု ရှိစေ ရန် ကာကွယ်မှုပေးနိုင်သော ရဲ။ ထိုထိုရဲတပ်ဖွဲ့မျိုးကို တိုင်းသူ ပြည်သားတိုင်းကလည်း တောင့် တနေမည်ထင်မိပါသည်။

  မူလဘူတအစမှ ပြန် ကောက်ရလျှင် ရဲတပ်ဖွဲ့၏အ ရည်အသွေးများ ကျဆင်းသွားရ ခြင်းမှာ ၁၉၆၂ တွင် စစ်အာဏာ သိမ်းယူခဲ့သော အာဏာရှင်ကြီး ဦးနေ၀င်း၏ သူ့တပည့်လက် သားရင်း စစ်တပ်အရာရှိများကို သာ သူ့ကိုမတော်လှန်ဘူးဟု စိတ် ချပြီး အရပ်ဘက်ဝန်ထမ်းအမျိုး အစားဖြစ်နေသော ရဲများကို လူ ထုနှင့် ပေါင်းစည်းသွားနိုင်သူများ အဖြစ် ယူဆချက်ကြောင့် သူ့ အားတော်လှန်ပုန်ကန်မည်ကို စိတ်မချရာမှ လူအင်အား၊ လက် နက်အင်အား မဖြည့်တင်းပေးခဲ့ ရာမှ စတင်ခဲ့သော အမှားဟု ထင် မိသည်။

 နိုင်ငံတစ်ခုကို စီမံခန့်ခွဲ သည့် အကြောက်တရားနှင့် မှောက်မှားမှု စနစ်အမှားများ သည် နိုင်ငံ၏တရား ဥပဒေစိုးမိုး မှုကို ကြာလာလေလေ ထိခိုက် နစ်နာလေလေ ဆိုသည်ကိုမူ တာ ၀န်ရှိသူတိုင်းက သတိမူမိစေချင် သည်။
နိဂုံးချုပ်အနေဖြင့် သန်လျင် မြို့မှာ လူဆိုးလက်ချက်ဖြင့် အ သက်ပေးဆုံးပါးခဲ့ရသော ရဲဝန် ထမ်းများအတွက် အထူးကြေကွဲ ၀မ်းနည်းမိပါကြောင်း မှတ်တမ်း တင်ဂုဏ်ပြုလိုက်ပါသည်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar