အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 21 april 2015

စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်

Copy and WIN : http://ow.ly/KNICZ

 မှောင်လိုက်တာ မေမေရယ်။ ချမ်းလိုက်တာကလည်း အရေနဲ့ အကြောပဲတွယ်ကပ်နေရတဲ့ သမီးရဲ့ အရိုးသေးသေးလေးတွေ ကွဲကုန်တော့မလားပဲ။ အပြင်က ရာသီဥတုကတော့ ဘယ်လိုနေလဲမသိ နားထဲမှာတော့ မိုးချိမ်းသံလိုလို ဗုံကွဲသံလိုလို။ အပြင်မှာ ခလုတ်ဆွဲသံအချို့နဲ့ အော်ဟစ်ပြိုလဲသံအချို့။ စိတ်ထဲမှာတော့ လတ်လတ်ဆတ်ဆတ် သွေးအိုင်အချို့က ပွက်ခနဲ ပွက်ခနဲ။ ဒါ မေမေ့ အသံလား… ဒါမှမဟုတ် ဖေဖေ့အသံလား။ ကယောင်ချောက်ချား ဖြစ်နေတဲ့ စိတ်တွေက ဖေဖေဆန့်တန်းထားတဲ့ လက်ဆီကိုရောက်လို့။ ဖေဖေရေ ချီပိုးလှည့်ပါဦး။ မေမေရေ ချော့သိပ်လှည့်ပါဦး။ အိပ်စက်ခြင်းနဲ့ အိပ်ပျက်ခြင်းတွေက သမီးဆီမှာ အလုအယက်။ နည်းနည်းလေးမှကို မလှုပ်ချင်ဘူးမေမေရေ….။ ဘာမှသိုလှောင်ထားခွင့်မရတဲ့ အစာအိမ်က လှုပ်လိုက်တိုင်း ဆန္ဒတွေပြလို့။ မေမေရေ…. သမီး အရင်လိုချေးမများပဲ ထမင်းဆိုတဲ့ စာတန်းလေး မြေပြင်မှာ ရေးထားတာ ဖတ်ရုံနဲ့ ဗိုက်ပြည့်တတ်ပါပြီ။ ဘေးနားမှာ လဲပြိုသံ အချို့ နဲ့…… တိုးတိုးရှိုက်သံအချို့…။ ကျင့်သားရနေပြီဖြစ်တဲ့ စိတ်က ဒါ တစ်ယောက်သောသူ ၀ဋ်ကျွတ်သွားသံဆိုတာ သိနေခဲ့ပြီမေမေ။ မေမေရော… မှောင်းမည်းနံစော်နေတဲ့ တွင်းထဲမှာ တစ်ယောက်တည်းလား။ ဒါမှမဟုတ် တခြားလောကဆီမှာ အခြေကျနေပြီလား။ ဖေဖေကရော သမီးနဲ့ မေမေ့ကို ရှာဖို့ မှောင်မည်းနေတဲ့ ကျင်းတွေဆီကို ပုန်းခိုပြီး လာနေပြီလား။ လင်းသွားလိုက်တာ မေမေရေ….။ အသံတွေကလည်းဆူလို့ ညံလို့။ အော်နိုင်သေးတဲ့ သူတွေက အော်လို့။ မအော်နိုင်တော့တဲ့ သူတွေကတော့ အလိုက်သင့်ပေါ့။ ကြယ်ဆိုတာ ကောင်းကင်မှာ ရှိမှန်းမေ့နေခဲ့တာ ကြာပြီမေမေ။ ခုတော့ ပိုပြီး လင်းလက်ပြီး ပိုပြီးတောင်လှလို့။ ပေါ့ပါးလိုက်တာ မေမေရေ။ လေထဲမှာစွန်လွှတ်နေရသလိုမျိုး။ သူငယ်ချင်းအချို့လည်း စွန်တွေ လွှတ်လို့။ အဖြူရောင် ငှက်တို့က ပျံလို့….. အပြာရောင် အချို့က လွှမ်းလို့…………..။ စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ဟိုးအရင်တုန်းကရေးထားတဲ့ စာလေးကို ပြန်တင်လိုက်ပါတယ်။ ကျွန်မတတ်နိုင်တာလေးနဲ့ ကြိုးစားကြည့်ခြင်းပါ။ ငြိမ်းချမ်းပါစေ။ ကလေးငယ်တွေအားလုံး စိတ်ဒုက္ခဆင်းရဲကြောင့် မျက်ရည်တွေ မကျပါစေနဲ့။ 

                                            မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar