အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 28 april 2015

ကော့သောင်းမြို့ တရားရုံးက တရားသူကြီးဦးကျော်လင်းရဲ့ မတရားစီရင်ချက်-



ကော့သောင်းမြို့ တရားရုံးက တရားသူကြီးဦးကျော်လင်းရဲ့ မတရားစီရင်ချက်-


 ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာအုပ်ချူပ်ရေးမှူးဦးထွန်းဦးနဲ့ ရာအိမ်မှူးတွေက 
 ဘန်းကချွန် မီးသတ်က တပ်ကြပ်ကြီးဦးဟမယ်ကို ထိပ်တုံးထဲတစ်နာရီလောက်ထည့်ပြီး ၀ိုင်းဝန်းထိုးကြိတ်ကန်  ကျောက်ကြပါတယ်။(17.2.2013)ရက်နေ့က ဘန်းကချွန်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးမှာဖြစ်တာပါ။
  
 အထိုးခံရတဲ့ ဦးဟမယ်က ဆေးရုံပြပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး တရားစွဲဆိုခဲ့ပါတယ်၊ ထိပ်တုံးခတ်  ၀ိုင်းဝန်းထိုးကြိတ်တဲ့ကျေးရွာ အုပ်ချူပ်ရေးမှူးကလည်း ဦးဟမယ်ကိုပြန်ပြီးတရာစွဲပါတယ်  ၀တ္တရားနှောက်ယှက်မှု့ပါတဲ့ ထိပ်တုံးထဲထည့်ပြီး မတရားအထိုးခံရတဲ့သူက ဘယ်လိုဝတ္တရားများနှောက် ယှက်မိသလဲမသိပါဘူးဗျာ။
    
 23.4.2015 ရက်နေ့တရားရုံးမှာ ဒုမြို့နယ်တရားသူကြီး ဦးကျော်လင်းထွန်းကအမိန့်ချပါတယ်   ထိပ်တုံးခတ် အထိုးခံရတဲ့ ဦးဟမယ်မှာ တာဝန်ဝတ္တရားနှောက်ယှက်တဲ့အတွက် ဒဏ်ငွေတစ်ထောင် ပေးဆောင်စေ၊ မပေးဆောင်နိုင်ရင် ထောင်ဒဏ်တစ်လ ကျခံစေတဲ့.။
ထိပ်တုံးခတ်ပြီး ထိုးကြိတ်တဲ့အုပ်ချူပ်ရေးမှူး ဦးထွန်းဦးက အပြစ်မရှိတဲ့အတွက် ကွင်းလုံးကျွတ်လွတ်စေတဲ့  မျှတလိုက်တဲံတရားစီရင်ချက်  မှန်ကန်လိုက်တဲ့ဥပဒေ အဲဒီလိုလာဘ်စားပြီး မတရားစီရင်ခဲ့တဲ့အမှုတွေ တရားသူကြီးဦးကျော်လင်းထွန်းဘယ်နှစ်ယောက် တောင်ရှိနေပြီလဲ၊   အဲဒီလိုလူတွေလက်ထဲမှာ 

တရားစီရင်ရေး အာဏာပေးအပ်ထားတာဟာ ဖာသယ်မလက်ထဲ ကွန်ဒုံးထည့်ပေးထားသလိုပါဘဲ့လားလို့တွေးမိတယ်။
အမေစုရေ  အမေတို့ တရားဥပဒေစိုးမိုးရေး ကော်မတီက အဲဒီမတရားမှုတွေကို ဒီလိုဘဲ့လက်ပိုက်ကြည့်နေတော့မှာလားဗျာ။
မတရားသူကြီးဦးကျော်လင်းအတွက် မတရားခံရတဲ့သူတွေရဲ့ကိုယ်စား ဆောင်ပုဒ်လေးတစ်ခုလက်ဆောင် ပေးလိုက်ပါရစေ  အဲဒီဆောင်ပုဒ်ကိုဖတ်ပြီး သံဝေဂရရှိနိုင်ပါစေ။

(ကိုယ်ပြုသောကံ ပဲ့တင်သံ   ကိုယ့်ထံပြန်လာမည်)

 
 အထိုးအကြိတ်လည်းခံရ၊  ထိပ်တုံးလည်းခတ်ခံရပြီး ဒဏ်ငွေပေးဆောင်ခဲ့ရတဲ့ မတရားခံရတဲ့ ဦးဟမယ်ရဲ့ ဒဏ်ရာရတဲ့ပုံကို  ပြည်သူတွေသိအောင် သက်ဆိုင်ရာ တာဝန်ရှိလူကြီးများသိအောင် ဖေါ်ပြပေးလိုက်ပါသည်၊
တရားရုံးစောင့်နတ်
အောင်သုခရပ်ကွက်

                                               မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar