အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 21 april 2015

ကော့သောင်းမြို့ စည်ပင်ဗိုလ်မှူးရဲ့ အာဏာရှင်ဆန်စွာ ရမ်းကား မှု



ကော့သောင်းမြို့ စည်ပင်ဗိုလ်မှူးရဲ့ အာဏာရှင်ဆန်စွာ ရမ်းကား မှု

ဘုရင့်နောင်ရပ်ကွက် ဘုရင်နောင်ကုန်း ဆင်းညနေဈေးဆိုင်တန်းတွင် စည်ပင်မှ ဗိုလ်မှူးဆိုသူမှ လာရောက်ပြီး ဈေးဆိုင်ပိုင်ရှင်နှင့်တစ်ကွ  လာရောက်စားသုံးနေသော သူများကိုပါ မချေမခံပြောဆိုဆက်ဆံခြင်း အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်း 



ဒီဗိုလ်မှူးဆိုသူမှ သူ၏ကားကို လမ်းလယ်အူကြောင်းတွင်ရပ်နားပြီး လမ်းဘေးတွင် ရပ်နားထားသော ဆိုင်ကယ်များကိုလည်း ကန်ကျောက်ပြောဆို ခြိမ်းခြောက်လာရာ လမ်းဘေးတွင် ရပ်နားထားသော ဆိုင်ကယ်ပေါ်မှ SB မှအရာရှိ ပုခုံးကြယ်နှစ်ပွင့်ရှိသူကို ရိုးရိုးသာမှန် အရပ်သားအထင်ဖြင့် အော်ဟစ်ဆဲဆိုရာ အဲဒီပိုဂ္ဂိုလ်မှ မင်းကဘာကောင်လည်းငါကဘာကောင်လည်းနှင့် ကြည့်မကောင်းတဲ့ ပါဝါ ပြပွဲ တစ်ပွဲအဖြစ်  20.4.2015  ညနေ 43း0  ခန့်တွင် ကော့သောင်းမြို့တွင် အမည်တွင်သွားပါကြောင်း  ဓါတ်ပုံနှင့်တစ်ကွ မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။ 


  အဆိုပါ လမ်းဘေးတွင်ရပ်နားထားသော SB မှ ဗိုလ် ဆိုသူမှ ပြန်လည်ပြောဆိုရာတွင်  စည်ပင်ဗိုလ်မှူးဆိုသူအား ခင်ဗျား က မလိုလားအပ်တဲ့နေရာမှာ ဆိုင်ကယ်ရှုပ်နေတယ်ဆိုပြီး ပါဝါလာပြနေမယ့်အစား  မနက်ဘက် ဈေးလမ်းကမ်းနားလမ်းမှာ ဆိုင်ကယ် ကား ဘေးတွဲ ဒီလောက်ရှုပ်ယှက်ခတ်အောင် များပြားနေတာတော့ သွားရောက်မရှင်းဘဲ ဒီမှာ ပါဝါလာပြတာတော့  မကောင်းဘူးပေါ့ဟုဆိုရာ ဗိုလ်မှူးဆိုသူမှ မင်းကဘာကောင်လည်းငါ့ကိုပြန်ပြောရအောင်  ဆိုလိုတာက ငါက အာဏာပါးကွက်သား ငါ့ကိုဘာကောင်မှ ပြန်ပြောစရာမလိုတဲ့အပေါက်မျိုး စည်ပင်ဗိုလ်မှူးမှ ချိုး ရာ သူနှင့် ပါဝါ မတိမ်းမယိမ်း ပိုဂ္ဂိုလ်မှ 

ငါကလည်း မင်းလိုလူပါးဝတဲ့ကောင်တော့မဟုတ်ဘူး ဒါပေမယ့် ငါကလည်း ငါ့ရုံးမှာ ငါအကောင်ဘဲ့ ငါ့ရုံးဘယ်နားမှာကွ ဆိုတော့  အဲဒီစည်ပင်ဗိုလ်မှူးဆိုသူမှ  မျက်နှာလောက်တက်တဲ့အမှုအရာမျိုး ဖြစ်ပျက်ခဲ့တာ ဓါတ်ပုံနှင့်တစ်ကွ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်၊ စားသုံးသူများ စိတ်အနှောက်ယှက်ဖြစ်ပြီးထပြန်သွားသည့်အတွက်  ရောင်းချ စားသောက်နေသော ဆိုင်ရှင်များမှာလည်း  မိတ်ပျက်သွားနိုင်သည့် အတွက် ပူပင်သောကရောက်နေကြရကြောင်းထပ်ဆင့်ကြားသိရသည့်အတွက် 

 လူမဆန်စွာ အာဏာနှင့်ပါဝါကို အလွဲသုံးစားလုပ်တတ်သော လုပ်နေသော အဆိုပါ စည်ပင်မှ ဗိုလ်မှူးဆိုသူအား နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့ကော့သောင်းမြိုက ပြည်သူအများကတော့  ထိရောက်တဲ့အရေးယူမှု တစ်စုံတစ်ရာ မျော်လင့်နေပါကြောင်းကြားသိရပါသည်၊
                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar