အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 5 december 2014

ရှရီအတ် ဥပဒေကို အမျိုးသမီးများ အ၀တ်ဗလာဖြင့်ဆန္ဒပြ


















ရှရီအတ် ဥပဒေကို အမျိုးသမီးများ အ၀တ်ဗလာဖြင့်ဆန္ဒပြ
  နိုင်ငံတကာအမျိုးသမီးများနေ့ မှာ ပြင်သစ်က လုဗ်အနုပညာပြတိုက်ရှေ့ မှာ အာရပ်၊အီရန်အမျိုးသမီးတွေ ဟာ သမားရိုးကျမဟုတ်ဆန္ဒပြနည်းနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။ သူတို့ ဟာလွတ်လပ်မှု၊တန်းတူညီမျှမှုနဲ့ အစိုးရ အုပ်ချုပ်မှုကို ဘာသာရေးနဲ့ ခွဲခြားဖို့ အတွက် အ၀တ်မပါ ကိုယ် လုံးတီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
"ကျမတို့ ဟာ အီဂျစ်၊အီရန်နိုင်ငံကဖြစ်ပြီး အစ္စလာမ်ရှရီယားဥပဒေကိုဆန့် ကျင်ပါတယ်။ လိင်ခွဲခြား ဆက်ဆံ တာ၊ ကျောက်တုံးနဲ့ ပစ်ပေါက်သတ်တာ၊ မျက်နှာမှာ ပုဝါအုပ်ရတာတွေကိုဆန့် ကျင်ပါတယ်။"
"ကျမ တို့ဟာ ဘာသာရေးကို ဘေးမှာဖယ်ထားပြီး သာမန်ဘ၀မျိုးမှာပဲ နေနိုင်ရမယ်။ ကျမခန္ဓာကိုယ်ကို ကျမတို့ ပိုင်ဆိုင်ပါတယ်။ ဘယ်သူကမှ ကျမတို့ ခန္ဓာကိုယ်ကို သတ်မှတ်ပိုင်ခွင့်မရှိပါဘူး။ ကျမခန္ဓာကိုယ် အတွက် ကျမဟာ အုပ်ချုပ်သူ ဖြစ်ပြီးတော့ ကျမကြိုက်တာကိုလုပ်ခွင့်ရှိပါတယ်။" ဒါတွေကတော့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့အမျိုးသမီးတွေ ရဲ့ စကားသံတချို့ ဖြစ်ပါတယ်။

သူတို့ဒီလိုလုပ်လို့ မွတ်စ်လင်မ်တွေဝမ်းနည်းမယ်မထင်ထားနဲ့ မွတ်စ်လင်မ်တွေက ဒီလိုဘာသာရေးအရေခြုံတွေကို ပြတ်ပြတ်သားသားသိချင်တာ ခုဆိုဝမ်းတောင်သာအုံးမယ် သူတို့ကဘာလဲဆိုတာအဖြူ အမဲသဲကွဲသွားလို့လေ အီစလမ်ရှာရီအတ်ဥပဒေ က သူတို့(3)ယောက် ရွှပိုးထိုးလို့ ပိုတောင်ဂုဏ်တက်သေးတယ်ဆိုတာ မသိသူကိုပြောလို့ကတော့ ကျွဲပါးစောင်းတီးဖြစ်မှာဘဲ့လို့ အီစလမ်ဘာသာဝင်တစ်ယောက်ရဲ့ သဘောထားလေးပါ တင်ပြပေးလိုက်ပါတယ်ရှင့်

                                         မြူ နှင်း(အေးရိပ်ငြိမ်)

                                          

Inga kommentarer:

Skicka en kommentar