အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 4 december 2014

လိပ်ကျွန်းလူသတ်မှု အမှုတွဲ ဆောလျင်စွာ အချောသပ်

လိပ်ကျွန်းလူသတ်မှု အမှုတွဲ ဆောလျင်စွာ အချောသပ်




    By ဒီဗွီဘီ
   

လိပ်ကျွန်း (ခိုတောင်) လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိတွေတွေကို တရားရုံးမှာ စွဲချက် တင်စစ်ဆေးနိုင်ဖို့  သက်ဆိုင်ရာ အစိုးရရှေ့နေတွေက အမှုတွဲ တခုလုံးကို အဆောတလျင် အချောသပ်ခဲ့တယ်လို့  သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Koa-ToaThai-300x199အမှတ်  ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်က “အစိုးရ ရှေ့နေကောင်စီက တောင်းခံထားတဲ့ အမှုတွဲလိုအပ်ချက်တွေကို အထူးစုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့က အားလုံး ရှာဖွေဖြည့်စွက်ပေးခဲ့ပြီ ဖြစ်တဲ့အတွက်  တိုင်းအဆင့် အထူးရှေ့နေနဲ့ ကော့စမွီခရိုင်က အစိုးရရှေ့နေတွေကိုပါ အစည်းအဝေးခေါ် ယူပြီး အမှုတွဲကို စစ်ဆေးအချောသပ်ခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောပါ တယ်။

ဒီဇင်ဘာလ ၃ ရက် မနက် ၁၀ နာရီက ဆူရတ်ဌာနီမြို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ်ရုံးမှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူရှေ့နေတွေဟာ စိတ်ဖိစီးပုံရနေပြီး သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခဲ့တယ်လို့  သနေရှင်းသတင်းထောက်က ပြောပါတယ်။

ဖိစီးမှုဖြေလျော့ဖို့ ခေတ္တအပြင်ထွက်လာတဲ့ ရှေ့နေချုပ်ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီကနေ့ အစည်းအဝေးဟာ ခိုတောင်ကျွန်းလူသတ်မှုကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့ ကော်စမွီတရားရုံးမှာ စွဲချက်တင်စစ်ဆေးနိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အမှုတွဲအားလုံးမှာ  လူသက်သေ၊ ပစ္စည်းသက်သေနဲ့ အရေးကြီးတဲ့ မှုခင်းဆေးသိပ္ပံဆိုင်ရာ သက်သေတွေ ခိုင်လုံစွာရှိနေပြီဖြစ်တဲ့အတွက် အမှတ် ၈ တိုင်းဒေသရှေ့နေကောင်စီ အနေနဲ့ စိတ်ချယုံကြည်မှုရှိကြောင်း၊ ကျန်တာတွေကတော့ တရားရုံးရဲ့ အဆုံးအဖြတ် အတိုင်းသာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။


BBC Burmese
ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို မနက်ဖြန် ကြာသပတေးနေ့မှာ စွဲချက်တင်တော့မယ်လို့ ထိုင်း တရားစွဲ အရာရှိတွေက ပြောပါတယ်။
သူတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းလုမှု အပါအဝင် စွဲချက် ၆ ခုနဲ့ စွဲဆိုသွားမယ်လို့ ဆိုပါတယ်။
ချုပ်ရက် ၁၂ ရက်စီနဲ့ ရမန် ၆ ကြိမ် ယူခဲ့အပြီး အခုတော့ တရားစွဲဆိုတော့မယ်လို့ ဖြစ်လာတာပါ။
မြန်မာ လူငယ်တွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်း ရှေ့နေများကောင်စီက ရှေ့နေတွေကတော့ တင်ပြတဲ့ သက်သေတွေ မခိုင်လုံဘူး၊ ဒါကြောင့် တရားရုံးမှာ ခုခံ ချေပသွားမယ်လို့ ပြောပါတယ်။

                                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar