အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 5 december 2014

ကော့သောင်းမြို့ အေးရိပ်ငြိမ် စာသင်ကျောင်းမှကျောင်းသူတစ်ဦးထံမှ ဆေးပြားမိ

ကော့သောင်းမြို့ အေးရိပ်ငြိမ် စာသင်ကျောင်းမှကျောင်းသူတစ်ဦးထံမှ ဆေးပြားမိ
 
 
 
 
 
 
 

တဖြည်းဖြည်း အဖြစ်ဆိုး စနစ်ဆိုးအကျင့်တွေဆိုးလာပြိရှင်
မူးယစ်ဆေးဝါးကို စိတ်ကြိုက်ရောင်းချ နေတာ သိမြင်နေပေမယ့် သူ့တို့ တာဝန်ရှိတွေ
လုပ်မလား ဆိုပြိးမျော်လင့်နေပေမယ့် မုန့်ဟင်းခါးထုတ်သာသာ လောက်ဘဲ့ရှိတဲ့ ဘိန်းစာမှူန့်လေး
  နှစ်ထုပ် ပြပြိး နှီမ်းနင်း နေပုံပြတော့ ဘိန်းစာမှူန့်က ဆိုးကျိုး ဘယ်လောက်ပေးသလဲ။
တကယ် ဖြစ်ပျက်နေတာက ဘိန်းစာမှူန့်ထက် အဆ ထောင် သောင်းမက ဒုက္ခ ပေး
နိုင်တဲ့ စိတ်ကြွ ဆေးပြားပါ ။ အခု ကော့သောင်းမြို့ အ ထ က အေးရပ်ငြိမ် မှာ ကျောင်း
သူလေး ဆီ မှ ဆေးပြား ၃၀ ကို ဆရာမ က ကြာသပတေးနေ့က မိသတဲ့ ။ ခလေးမှာ
အပြစ်မရှိပေမယ့် နောက်ကွယ် ဘယ်သူ ရောင်းခိုင်းလည်း ဆိုတာ တော့ စုံစမ်း ဖမ်းဆီး
သင့်နေပြိ ။ ဒါမှမဟုတ် ခလေးတွေရဲ့ ပတ်ဝန်းကျင် မလုံခြုံတော့ဘူး ။ ဒါဟာ ဖုံးကွယ်
သင့်တဲ့ အရာ မဟုတ်ပါဘူး ။ စိတ်မချ ရ တဲ့ ကျောင်းကို ဘယ်မိဘ က အေးချမ်းပါ့မလဲ ။
ပညာ သင်ဖို့ လွှတ်တဲ့ ကျောင်းလေးမှာ ဒီလို ဒုစရိုက်မှူတွေ ရှိရင် ခင်ဗျားတို့
သား / သမီး ဆိုရင်လည်း စိတ်ချလက်ချ ကျောင်းကို လွှတ် ရဲ ပါ့မလား ။
ဟိုတနေ့ ကလည်း ရွှေဟင်္သာရပ်ကွက် တောင်နောက် မှာ ဆေးကြောင်ပြိး အမေ ကို
ဓါးထောက် ခြိမ်းခြောက်နေသတဲ့ ။ ဒီလို ကျနော်တို့ ဆက်ဖြစ်နေရင်တော့ ရင်မောတယ်
မူးယစ်အဖွဲ့ရယ် ။ လိုင်းကြေး နှင့် ကျေနပ်နေတဲ့ ခင်ဗျားတို့လုပ်ဆောင် မှူတွေ ကို
ခင်ဗျား တို့ မသိပေမယ့် ဘေး လူတွေ မြင်နေ ပါတယ် ။ ရဲ မှာ အဓိက လိုတာက
သတင်း ပေး လို့ ပြောတဲ့ ရဲမှူးကြိး စကားကို ကြားယောင်မိတယ် ။ ဒါပေမယ့် သတင်း ပေးက
ဆေး ရောင်း နေရင် ဘယ်လို လုပ်မလဲ ။ စိတ်ညစ်တယ်ဗျာ ။ နောင် မျိုးဆက်အတွက်
မူးယစ်ဆေးဝါး တားဆီးရေး ဆိုပြိး ပိုစတာ လှလှလေး ပြနေမယ့်အစား တကယ့်
လက်တွေ့ လုပ်ပြ ကြပါ ။ ကဗျာ မဆန်ပါ နဲ့ ။ ကာရံ ယူမနေ နဲ့ ။ ပိုစတာ လှလှလေး
ကပ်ပြိး မူးယစ်ဆေးဝါးတားဆီးရေး ဆိုပြိး ဟောပြောပွဲ တွေကို ငွေ ကြေးကျခံပြိး
မရောင်ရာဆီလူး ပြီး လုပ်မနေပါနဲ့ ။ ခုလောလော ဆယ် ကျနော်တို့ မြို့ မှာ
  ပြောရင်း ပြောရင်း တိုးပွါး လာတဲ့ မူးယစ်ဆေးဝါးကိစ္စ ကို ဟောပြောပွဲတွေလည်း မလုပ်ပါနဲ့ ။
ပိုစတာ လည်း မကပ် ပါနဲ့ ။ကျောင်းမှာ ဖြစ်ပျက် ကိစ္စ တွေ ကို ရှင်းရှင်းလင်းလင်း ဖြစ်
  အောင် ရှင်းလင်း ပေးစေချင် ပါတယ် ။ မဟုတ်ရင် ဒီ မူးယစ်ဆေးဝါး ကိစ္စဟာ မူးယစ်က
လုပ်တာဘဲ လို့ တထစ်ချ မှတ်ယူမိမှာ ပါဘဲ ။
  ကျေးဇူးလည်း တင်ပါတယ် ။
  အားလည်း ကိုးပါတယ် ။
  ကျနော် တို့ မျိုးဆက် လေးတွေ ကို သနား ပါ ။
  ကျနော်တို့ မြို့ ရဲ့ အနာဂတ် တွေကို ကူညီပေး ပါ ။
  အချိန် ကျရင် ပြောင်းသွား ရ မယ့်ဝန်ထမ်း ဆိုတာ သိပါတယ် ။
  မပြောင်း ခင် မှာ သမိုင်း တင် ပေးခဲ့ စေ ချင် ပါ တယ် ။
  အပြု သဘော ဖြင့်
     KT Glass မှ ကူးယူဖေါ်ပြပေးသည်

                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar