အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

ISIL က ကိုယ်ပိုင်ငွေကြေးအဖြစ် ဒင်္ဂါးပြား ထုတ်လုပ်ဖို့အစီအစဉ်ရှိကြောင်း ကြေညာ

ISIL က ကိုယ်ပိုင်ငွေကြေးအဖြစ် ဒင်္ဂါးပြား ထုတ်လုပ်ဖို့အစီအစဉ်ရှိကြောင်း ကြေညာ

 ကမ္ဘာ့စီးပွားရေးရေစီးကြောင်းကို ရှောင်လွဲတဲ့အနေနဲ့ အမည်ခံ အစ္စလာမ်နိုင်ငံတော်များအဖွဲ့ ISIL က သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးအဖြစ် ဒင်္ဂါးပြား ထုတ်လုပ်မယ့်အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ ၇ ရာစုနှစ်က အစ္စလာမ့်နိုင်ငံတော်မှာ အသုံးပြုခဲ့တဲ့ ဒီနာ ငွေကြေးကို ပြန်လည်အသက်သွင်းလိုတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အစ္စလာမ်နိုင်ငံတော်များအဖွဲ့ရဲ့ ကြေညာချက်အရ ဒီနာ(ရွှေဒင်္ဂါး)၊ ဒိရ်ဟမ်(ငွေဒင်္ဂါး)တို့ကို သုံးစွဲမှာဖြစ်ပြီး ၁ ပြားတန်၊ ၅ ပြားတန်၊ ၁၀ ပြားတန် တို့ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သုံးစွဲမယ့် ဒင်္ဂါးပြားတွေအပေါ်မှာ ဂျုံပင်ပုံ၊ ကမ္ဘာ့မြေပုံ၊ အလ်အက္ကဆာဗလီပုံနဲ့ အခြား အစ္စလာမ့် အထိမ်းအမှတ်ပုံတွေကို ရိုက်နှိပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ယုံကြည်သူတွေကြားထဲမှာတောင် ဒါဟာ စတန့်ထွင်တယ်လို့ပဲ မှတ်ယူပါတယ်”လို့ ဆီးရီးယားမြောက်ပိုင်း ကနေ လက်ဘနွန်ကိုပြန်လာတဲ့ IS အဖွဲ့ဝင်တစ်ဦးက ဂါးဒီယန်းသတင်းစာကို ပြောပါတယ်။
“သူတို့က လူတွေကို အဲဒီငွေကြေးအသစ်နဲ့ပဲ အသုံးပြုစေချင်ရင် ကြက်ဥ ဘဲဥ၀ယ်တာလောက်တော့ ရမှာပေါ့၊ ဒါပေမယ့် တကယ့်စီးပွားရေးမှာတော့ တကယ့်ငွေကြေးနဲ့ပဲ လည်ပတ်လို့ရမှာပါ”လို့ ၎င်းကဆိုပါတယ်။
IS အဖွဲ့ရဲ့ ကြေညာချက်မှာတော့ ငွေကြေးအသစ်ကို သူတို့ ဖန်တီးရတဲ့အကြောင်းက မွတ်စလင်တွေအပေါ် နိုင်လိုမင်းထက်ပြုမယ့် ငွေကြေးစနစ်ကို ပိတ်ပစ်ဖို့နဲ့ ဂျူးအပါအ၀င် ခရူးဆိတ်ဝါဒီတွေရဲ့ သားကောင်အဖြစ် အလွယ်တကူကျရောက်နိုင်မှုကို ရှောင်ရှားဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့သုံးစွဲမယ့် ဒင်္ဂါးပြားတွေရဲ့ အမြင့်ဆုံးတန်ဖိုးက ဒေါ်လာ ၆၉၄ ပမာဏခန့်ရှိပြီး အနိမ့်ဆုံးတန်ဖိုးကတော့ ဒေါ်လာ ၇ ဆင့် သာသာရှိမယ်လို့ သိရပါတယ်။
“ဒီနေရာမှာ အရေးကြီးတဲ့အချက်က သူတို့ဘယ်ကနေ ဒီရွှေတွေ၊ ငွေတွေနဲ့ ကြေးတွေကို ရယူနိုင်မလဲ ဆိုတာပါပဲ၊ IS အဖွဲ့ဟာ စစ်တိုက်လို့ရတဲ့ လက်ရပစ္စည်းတွေနဲ့ ခိုးလို့ရတဲ့ဥစ္စာတွေကို ပိုပြီးတော့ သိမ်းပိုက်လာ ပါလိမ့်မယ်”လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် စီးပွားရေးဌာနပါမောက္ခ စတီဗင်ဟန်ကီက ဆိုပါတယ်။
၂၀၁၃ ခုနှစ်ကနေစပြီး နေ့စဉ် ဒေါ်လာ ၁ သန်းကနေ ၄ သန်းအထိ ရောင်းလို့ရတဲ့ ရေနံတွေက ISIS တွေအတွက် အဓိက ၀င်ငွေဖြစ်ခဲ့ပါတယ်။ နောက်ထပ် လုယက်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ မှောင်ခိုလုပ်ငန်း ကရတဲ့ ဒေါ်လာသန်းပေါင်းများစွာက သူတို့ကို ကိုယ်ပိုင်ခေလာဖတ်နိုင်ငံအဖြစ် တည်ထောင်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
ကမ္ဘာ့မွတ်စလင် ပညာရှင်တွေက IS အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်ကွက်ရှုတ်ချထားသလို အဲဒီစစ်သွေးကြွအဖွဲ့နဲ့ အစ္စလာမ်ဟာ ဘယ်လိုမှ မပတ်သက်တဲ့အကြောင်းကိုလည်း အထူးတလည် ငြင်းဆိုခဲ့ပါတယ်။
အီဂျစ်နိုင်ငံ အလ်အဇ်ဟရ်တက္ကသိုလ်ရဲ့ ထိပ်သီးအီမာမ်ခေါင်းဆောင်ဖြစ်သူ ရှိုတ်ခ်အဟ်မဒ်အလ်သွိုင်ယစ်ဗ်က IS အဖွဲ့ဟာ အာရဗ်ကမ္ဘာကို ဖျက်ဆီးဖို့ ဇီယွန်ဝါဒီတို့ရဲ့ ပူးပေါင်းကြံစည်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့သလို ဆော်ဒီမွတ်ဖ်သီချုပ် ရှိုတ်ခ်အာလေရှိုတ်ခ်ကလည်း IS နဲ့ အလ်ကိုင်ဒါဟာ အစ္စလာမ့်နံပါတ် ၁ ရန်သူတွေဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အလ်ဂျဇီးရားသတင်းဌာနကို တည်ထောင်သူ ရှိုတ်ယူစွတ်အလ်ကရဒါဝီ ဦးဆောင်တဲ့ ကမ္ဘာ့မွတ်စလင် ပညာရှင်များအဖွဲ့ချုပ်(IUMS)အဖွဲ့ကလည်း စစ်မှန်တဲ့ အစ္စလာမ့်နိုင်ငံတော်ရဲ့ အခြေခံသဘော တရားတွေပါဝင်မှု မရှိတဲ့အတွက် IS အဖွဲ့ရဲ့ အမည်ခံ “ခေလာဖတ်”နိုင်ငံတော် ကြေညာချက်ကို ပယ်ချခဲ့ပါတယ်။
Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)ISIL က ကိုယ်ပိုင်ငွေကြေးအဖြစ် ဒင်္ဂါးပြား ထုတ်လုပ်ဖို့အစီအစဉ်ရှိကြောင်း ကြေညာ 


                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar