အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

မန္တလေး အကြမ်းဖက်မှုနောက်ကွယ်မှာ ၀ီရသူရဲ့ ပါဝင်ပတ်သက်မှုအကြောင်း ရဲထွဋ် ဘာတွေ ဖွင့်ချထားသလဲ

မန္တလေး အကြမ်းဖက်မှုနောက်ကွယ်မှာ ၀ီရသူရဲ့ ပါဝင်ပတ်သက်မှုအကြောင်း ရဲထွဋ် ဘာတွေ ဖွင့်ချထားသလဲ

`ကျွန်တော်တို့ ထိုးကျွေးခံရတယ်´(မန္တလေး အကြမ်းဖက်မှုစတင်စေမှု သံသယတရားခံ ရဲထွဋ် ရဲ့မီဒီယာတွေထံ သြဂုတ်လ ၄ ရက်နေ့က ပြောစကား နောက်ကွယ်က ဇတ်လမ်းအပြည့်အစုံ)
မန္တလေး အကြမ်းဖက်မှုရဲ့အစ နေ-ဆန်းညီနောင်နဲ့ ဟာဂျီထွန်းထွန်းတို့ရဲ့ အပြန်အလှန် မုဒိမ်းမှုနဲ့ အမှုဆင်ခဲ့တာတွေမှာ ပါဝင် ပတ်သက်ခဲ့ပြီး အခုနောက်ဆုံး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲထွဋ်က ပဋိပက္ခရဲ့ ဇစ်မြစ်မှာ ဦးဝီရသူ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍကို သူအဖမ်းမခံရမီ ဖွင့်ချသွားပါတယ်။ လက်ရှိအချိန်မှာတော့ ဦးရဲထွဋ် ဟာ ၁၉၅၀ အရေးပေါ်စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊(ဃ)၊(င) တို့နဲ့ တရားစွဲဆိုခံထားရပါတယ်။

ဖမ်းဆီးမခံရမှီ ထိုင်းမြန်မာနယ်စပ်မှာ မန္တလေး အကြမ်းဖက်မှုရဲ့ အဓိကကြိုးကိုင်တရားခံတွေ အကြောင်းကို အောက်ပါရုပ်သံဖိုင်မှာ ဖွင့်ချပေးသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မန္တလေး အကြမ်းဖက်မှု စတင်ဖြစ်ပွားစေမှုနဲ့ စွပ်စွဲခံထားရသူတွေအနက် တစ်ဦးဖြစ်တဲ့ ဦးရဲထွဋ်က `ကျွန်တော်တို့ ထိုးကျွေးခံရတယ်´ လို့ ယခုလ ၄ ရက်နေ့က ပျဉ်းမနားတရားရုံးက ရုံးထုတ်ပြီးချိန်မှာ မီဒီယာတွေကို အော်ဟစ် ပြောကြားထားချက်လည်း ရှိပါတယ်။
ယခုအချိန်အထိ မန္တလေးအကြမ်းဖက်မှုရဲ့ အဓိကကြိုးကိုင်တရားခံ တွေဖြစ်တဲ့ ဘာသာရေးအဓိကရုန်းမှုထောင်ထွက် ၀ီရသူ နဲ့ အပေါင်းအပါတစ်စုဟာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

( အကြမ်းဖက်မှုတွေဖြစ်စေမယ့် Plan ဘယ်လို စတင်ခဲ့သလဲ ….)
ဟာဂျီထွန်းထွန်းရဲ့ မိန်းမက ကျွန်တော်ကို ကားနဲ့လာခေါ်တယ်၊ ဇော်မင်းနဲ့အတူ လာခေါ်တယ် ..လိုက်သွားတဲ့အချိန်မှာ အားလုံးသူတို့က အစည်းအဝေးရှိတယ်… ဘုန်းကြီး ၃၊ ၄ ပါး လည်း ရှိတယ်၊ သူတို့မောင်နှမတွေလည်းရှိတယ်..အားလုံးထိုင်ကြတယ်၊ ထိုင်ပြီးတော့ ဘာပြောလဲဆိုတော့ သူ့ယောက်ျား ဟာဂျီထွန်းထွန်းကို နေ၀င်းနဲ့ ကိုဆန်းမောင်တို့က မတရားလုပ်ကြံဖန်တီးတယ်၊ ညှင်းဆဲခဲ့တယ် ဆိုတာကို သူက ကျွန်တော်တို့ကို ချပြတယ်၊ အဲဒီမှာရှိတဲ့ ဘုန်းကြီးတွေကိုလည်း ချပြတယ်၊ အဲဒီမှာပါလာတဲ့ လူတွေကိုလည်း ချပြတယ်။ အဲဒီမှာ ဘာအဖြေထွက်လဲဆိုတော့… ကိုနေ၀င်းနဲ့ ကိုဆန်းမောင်ကို ဒီလိုတော့ထားလို့ မရတော့ဘူး၊ သူတို့ကို ပြန်လည်တုံ့ပြန်မှသာလျှင် အဆင်ပြေမယ်လို့ ဘုန်းကြီး ၂ပါးက ပြောတယ်.. အဲဒီဘုန်းကြီး ၂ ပါးက ဆင်ဖြူမယ်ကျောင်းက ဘုန်းကြီးဖြစ်တယ် ဦးအာဂဖြစ်တယ်၊ ပဋိပက္ခတုန်းက ဂျစ်ကားပေါ်တက်အော်တဲ့ ရခိုင်ဘုန်းကြီးတွေ ဖြစ်တယ်။ သူတို့က ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က အဲဒီလောက်ထိ ခေါင်းထဲမှာ မထားဘူး။

( ၀ီရသူရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ….. သူတို့ ဘယ်လို Plan တွေဆွဲခဲ့လဲ ….)
ဘုန်းကြီး ၀ီရသူရဲ့ နောက်ကွယ်မှာ support နေတဲ့သူတွေကို ရဲထွဋ်က အခုလို ဖွင့်ချထားပါတယ်။

ဒီလိုမျိုးပေါ့ ဒီ Palan ကို သူတို့ဆွဲတယ်၊ သူတို့ရဲ့ အနောက်မှာ သူတို့ကို Supporting လုပ်နေတာက မစိုးရိမ်ကျောင်းတိုက်သစ်က ဦးဝီရသူ ဖြစ်တယ်၊ ဦးဝီရသူ ဘေးနားမှာ ရခိုင်ဘုန်းကြီး ၃၊ ၄၊ ၅ပါး ပါတယ်၊ ဆင်ဖြူမယ်ကျောင်းက ဘုန်းကြီးတွေ ပါတယ်။ အဲဒီသူတို့ရဲ့ နောက်မှာ နိုင်ငံတော်အကြီးအကဲ ၃ ယောက်ပါတယ်။ နိုင်ငံတော် အကြီးအကဲဆိုတာ ဒိတ်ဒိတ်ကြဲ အကြီးအကဲ ၃ ပါးပါတယ်။ ဒီအကြီးအကဲတွေသည် အရင်တုန်းကတော့ ၀န်ကြီးဖြစ်တယ်၊ အခုကတော့ အငြိမ်းစားဖြစ်တယ်၊ ကျွန်တော်ကြားသိရသလောက် ပြည်သူ့လွှတ်တော်ထဲမှာ ပါတယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ အစည်းအဝေးမှာလည်း သူတို့ကို တွေ့မြင်ရတယ်။ ဘာကြောင့်တွေ့မြင်ရသလဲဆိုရင် သတင်းမှာပါရင် သူတို့ရုပ်တွေကို တွေ့မြင်ရတယ်။ လူကြီးတွေရဲ့ ရုပ်ကို မြင်ရတယ်။
နောက်ထပ်ပြီးတော့ ဦးဝီရသူရဲ့ နောက်မှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်ထဲက သူဌေး ၃ ယောက် ရှိတယ်။ အဲဒီ သူဌေး ၃ ယောက်သည် ဒိုင်းမွန်းရွှေကြည်ပါတယ်၊ နောက်တော့ ဟာဂျီထွန်းထွန်းပါတယ်၊ နောက်တော့ ဟာဖိဇ်ဆပ်ဆိုတဲ့ တစ်ယောက်ပါတယ်။ အဲဒီ ဟာဖိဇ်ဆပ်နာမည်တော့ ကျွန်တော် မသိဘူး။ သူတို့ ၃ ယောက်သည် အစ္စလာမ်ထု တစ်ထုလုံးမှာရှိတဲ့ သူဌေးတွေ အားလုံးကို ဒုက္ခပေးပြီးတော့ သူဌေးတွေ အားလုံးရဲ့ ပိုက်ဆံကို ယူပြီးတော့ ဦးဝီရသူကို ပေးတယ်။ ဆရာတော် ဦးဝီရသူကလည်း လက်ရှိ သူတို့နဲ့ ပူးပေါင်း ကြံစည်ပြီး အလုပ်တွေ လုပ်တာတွေ အများကြီးပဲ။ ကျွန်တော်တို့ အစ္စလာမ်ကို Plan တွေဆွဲခဲ့တာလည်း အများကြီးပဲ။
မိသားစုတွေက ဆင်ဖြူမင်ကျောင်းမှာ ဆွမ်းတွေ ပို့တယ်၊ ဦးဝီရသူကျောင်းကို ဆွမ်းတွေ ပို့ပေးတယ်၊ ဆွမ်းဒကာတွေဖြစ်တယ်၊ ၀တ္ထုဒကာတွေလည်းဖြစ်တယ်၊ လိုအပ်ချက် ၀တ္ထုမှန်သမျှ အားလုံးကို ပံ့ပိုးပေးနေတဲ့ ဟာဂျီထွန်းထွန်းတို့၊ ဒိုင်းမွန်းရွှေကြည်တို့၊ ဟာဖိဇ်ဆပ်တို့ ၃ ယောက်က အမြဲတမ်း Supporting လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။
နောက်တော့ ဆရာတော်ဦးဝီရသူရဲ့ နောက်မှာရှိတဲ့ ရဲမှူးချုပ် သန်းတင့်အောင်ဆိုတာက ကျွန်တော်တို့ နေပြည်တော်ရဲ့ ပထမတော့ ရဲတပ်ရင်း ၁ မှာ နေတယ်။ သူ့အမျိုးသမီးကတော့ ဇင်နွယ်မြင့်ဖြစ်တယ်၊ သူ့ယောက်ဖကတော့ ကျော်စွာမြင့်ဖြစ်တယ်၊ သူ့ယောက္ခမကတော့ ဒေါ်ခင်မြင့်မြင့်ဖြစ်တယ်။ သူက မူးယစ်အဖွဲ့ကနေပြီးတော့ ပြစ်ချက်နဲ့ ဟိုဟာဖြစ်မယ့်အချိန်မှာ ဦးဝီရသူရဲ့ ဒကာဖြစ်တဲ့အပေါ်မှာ ဦးဝီရသူက သူ့ကို ကူညီတဲ့အပေါ်မှာ ရဲဘက်လိုင်းကိုပြောင်းသွားတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကို ပြောင်းသွားတယ်။ ပြောင်းသွားပြီး သိပ်မကြာဘူး promotion တက်ပြီး ရဲတပ်ရင်း ၁ မှာ သူနေတယ်။ ဒီနောက်မှာ ရဲထောင်မှာ ရဲမှူးချုပ်အဖြစ် သူထိုင်နေတယ်။ ဒီပုဂ္ဂိုလ်ဟာလည်း ဦးဝီရသူရဲ့ နောက်မှာရှိတယ်။

( မုဒိမ်းမှုကို စတင် Plan ဆွဲခဲ့တဲ့ ဘုန်းကြီး ၀ီရသူရဲ့ မစိုးရိမ်တိုက်သစ်ကျောင်းဟာ ဘယ်လိုပုံစံမျိုးလဲ ….)
မုဒိမ်းမှုကို Plan ဆွဲခဲ့တဲ့ ၉၆၉ အကြမ်းဖက်ခေါင်းဆောင် ဦးဝီရသူရဲ့ မစိုးရိမ်တိုက်သစ်ကျောင်းဟာ ဘယ်လိုပုံစံရှိပြီး သူ့ကို ၀န်းရံထားတဲ့သူတွေအကြောင်းကိုလည်း ရဲထွဋ်က အခုလို ဖွင့်ချပြပါတယ်။
ဒီမုဒိမ်း case ကို စပြီး plan ဆွဲတာက မူဆယ်သွားတဲ့ လူကုန်ကူးမှု မအောင်မြင်တဲ့အပေါ်မှာ ဒီ case ကို Plan ဆွဲဖို့လုပ်တယ်။ ဒီ Palan ဆွဲလုပ်မယ့်အချိန်မှာ ကျွန်တော်နဲ့အတူတူ ကျွန်တော့်ရဲ့ ကျေးဇူးရှင် အမလည်းဖြစ်တယ် ဒေါ်နုနုမြတ် ရယ် ကျွန်တော့်ကို သူတို့ခေါ်တယ်။ ခေါ်တော့ ကျွန်တော်တို့ သွားတဲ့အချိန်မှာ ဆရာတော် ဦးဝီရသူကတော့ မရှိဘူး။ သူကတော့ အမြဲတမ်း အနောက်မှာပဲနေတယ်၊ အရှေ့ကို မထွက်ဘူး။ သူက ကျွန်တော်တို့ကို ဖုန်းနဲ့တော့ဆက်တယ်။ သူ့ဖုန်းနံပါတ်က ၂၀၀၄၀၁၃ ဖြစ်တယ်။ ဒီဖုန်းနဲ့ ကျွန်တော်တို့ကို အကြိမ်ကြိမ်ဆက်တယ်၊ ကျွန်တော့်ကို သူက တွေ့ဖို့အတွက်ကို အကြိမ်ကြိမ်တောင်းဆိုတယ်။ ကျွန်တော် မသွားဘူး။
သူ့ကျောင်းကို သွားရင် သူ့ကျောင်းက ဘုန်းကြီးကျောင်းလည်း မဟုတ်ဘူး။ သူ့ကျောင်းက တရားရုံးတွေထက်မြင့်တယ်၊ CCTV ကင်မရာ ပတ်လည် တပ်ထားတာ၊ သူက တရားရုံးဖြစ်တယ်၊ ဘုန်းကြီးကျောင်းတော့ မဟုတ်ဘူး။ သူမှာ ခုံဖွဲ့တဲ့အဖွဲ့တွေရှိတယ်။ စစ်ဆေးတဲ့အဖွဲ့တွေရှိတယ်။ ဒီလိုမျိုး ဥပဒေစာအုပ်တွေလည်း အများကြီးရှိတယ်။ ဥပဒေအကြံပေးအဖြစ် ဥပဒေသမားတွေလည်း သူ့ဆီမှာ အများကြီးရှိတယ်။ သူ့တပည့်တွေကိုယ်တိုင်ကလည်း ဆရာတော်ဦးဝီရသူက ဒါကို ချေမှုန်းပစ်ဆိုရင် အသေခံတိုက်မယ့် အုပ်စုတွေလည်း လူအယောက် ၄၊ ၅ သောင်းလောက်ရှိတယ်၊ ဒါသူပြောတဲ့စကားဖြစ်တယ်။

( ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး အကြောင်းအရာ အချိတ်အဆက်တွေကို သိရှိထားသူဖြစ်တဲ့အတွက် နောက်ဆုံး သူ့ကို ထိုးကျွေးခဲ့တာဖြစ်တယ်လို့ ရဲထွဋ်က သူအဖမ်းမခံမီ အခုလို ဖွင့်ချဝန်ခံသွားပါတယ်။)
ယနေ့ ကျွန်တော် ချပြနေတာတွေက ကျွန်တော့်ရဲ့ လက်တွေ့ မြင်တာတွေ ဒီလူတွေရဲ့လုပ်ဆောင်ချက်တွေကို အားလုံး ကျွန်တော်သိထားတဲ့အပေါ်မှာ ချပြတယ်။ ဒီလို သိထားတဲ့အတွက်လည်း ဆရာတော်ဦးဝီရသူနဲ့ ဘုန်းကြီးတွေ အတော်တော်များများ၊ လူကြီးတွေ တော်တော်များများက ကျွန်တော့်လက်ထဲမှာ ဒါတွေ ကျွန်တော်အစအဆုံး သိတယ်ဆိုတာကို သိလို့ ကျွန်တော့်ကို သူတို့က ထိုးကျွေးလိုက်တာပဲဖြစ်တယ်။ ထိုးကျွေးတယ်ဆိုတဲ့နေရာမှာ ဒီထဲမှာ လုပ်ဆောင်ချက်တွေထဲမှာ ကျွန်တော် တစ်စိတ်တစ်ဒေသ ပါတာတွေလည်း ရှိပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ၀န်ခံတာလည်း ရှိပါတယ်။

——————————————————————————-
အထက်ပါရုပ်သံဖိုင်အား မှလက်ခံရရှိနိင်အောင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။

ဟိန်းအောင်(Myanmar Muslim Media)

                                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar