အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

ရိုဟင်ဂျာတွေဟာ မြန်မာနိင်ငံမှာကာလရှည်ကြာနေထိုင်သူတွေဖြစ်လို့ နိင်ငံသားပေးဖို့လိုဟု အိုဘားမားပြောကြောင်း လွတ်တော်အမတ်ဦးရွှေမောင်က လူမှုကွန်ရက်တွင်ဖေါ်ပြ

ရိုဟင်ဂျာတွေဟာ မြန်မာနိင်ငံမှာကာလရှည်ကြာနေထိုင်သူတွေဖြစ်လို့ နိင်ငံသားပေးဖို့လိုဟု အိုဘားမားပြောကြောင်း လွတ်တော်အမတ်ဦးရွှေမောင်က လူမှုကွန်ရက်တွင်ဖေါ်ပြ

ရိုဟင်ဂျာတွေဟာရိုဟင်ဂျာတွေဟာတရားမ၀င်ဝင်ရောက်နေထိုင်သူတွေမဟုတ်တဲ့အတွက်
မြန်မာနိင်ငံအနေနဲ့ သူတို့ကိုနိင်ငံသားတွေအဖြစ်လက်ခံဖို့လိုအပ်ကြောင်း
သမ္မတအိုဘားမားက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံစဉ်
ပြန်လည်ဆွေးနွေးချက်တစ်ရပ်မှာပြောကြားခဲ့တယ်လို့
ပြည်သူ့လွတ်တော်အမတ်ဦးရွှေမောင်ကဖဘလူမှုကွန်ယက်မှာ
ရေးသားဖေါ်ပြလိုက်ပါတယ်။

“ရိုဟင်ဂျာလူမျိုးတွေဟာတရားမ၀င်ရွှေ့ပြောင်းနေထိုင်ကြသူတွေ
မဟုတ်ကြဘဲသူတို့ဟာမြန်မာနိင်ငံကသာဖြစ်ပါတယ်။သူတို့(ရိုဟင်ဂျာ)ေ
တွဟာဒီမှာ(မြန်မာနိင်ငံမှာ)နှစ်ကာလရှည်ကြာစွာနေထိုင်လာကြသူတြွေ
ဖစ်တဲ့အတွက်သူတို့ကို“မြန်မာနိင်ငံသား”အဖြစ်လက်ခံဖို့လိုအပ်ပါတယ်”
လို့သမ္မတအိုဘားမားက ပြောကြားခဲ့တယ်လို့ ဦးရွှေမောင်က သူ့ရဲ့ ဖဘ
စာမျက်နှာမှာ နိုဝင်ဘာ၁၈ရက်နေ့ကရေးသားဖေါ်ပြလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့
အခြားမွတ်စလင်မ်လူ့အဖွဲ့အစည်း(မြန်မာမွတ်စလင်မ်များ)ဟာ
ခွဲခြားဆက်ဆံခံရမှု အနိင်ကျင့်ခံရမှုတွေကို
ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် မိမိအနေနဲ့အလွန်ပဲ
စိုးရိမ်ပူပန်မိတယ်လို့ လည်းအိုဘားမားက ဧရာဝတီသတင်းဌာနနဲ့
သီးသန့်တွေ့ဆုံတဲ့ အင်တာဗျုးတစ်ရပ်မှာပြောကြားထားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းရဲ့
ကိုယ်စားပြုသူ ၁၅ဦးနဲ့ ရန်ကုန်အမေရိကန်သံရုံးမှာ နိုဝင်ဘာ ၁၄
ရက်နေ့က ၁နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဆိုပါ
ဆွေးနွေးပွဲကို

ဦးအောင်မျိုးမင်း(ညီမျှခြင်း-မြန်မာ)၊
ဦးကျော်မင်းဆွေ(စာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဌ)၊ U Reverend
Samson(ကချင်နှစ်ခြင်းအသင်းတော်ကွန်ရက်)၊ဒေါ်စောခင်တင့်(ရခိုင်စာ
ပေနှင့်ယဉ်ကျေးမှုအဖွဲ့)၊ဒေါ်နွယ်ဇင်ဝင်း
(ပြည်ကြီးခင်)၊ဦးဘိုဘိုအောင်(ထားဝယ် ဖွံဖြိုးရေး အဖွဲ့)၊
ဒေါ်ငယ်ငယ်အေးမောင်(မြန်မာ့မသန်စွမ်းအမျိုးသမီးရေးရာ အဖွဲ့)၊
ဒေါ်ခင်လေး( Triangle Women Support Group)၊ဦးသိန်းအောင်(
Action Labor Rights)၊ဦးနေဘုန်းလတ်(မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုးရေး)၊ U
Lian H. Sakhong,(Burma Center for Ethnic
Studies)၊ဒေါက်တာကျော်သူ(ပေါင်းကူး)၊ဒေါ်ဝေေ၀လွင်(ပဒေသာမိုး)၊
ဦးဝင်းညီညီဇော်(People’s Alliance for Credible Elections Group)
၊ဦးရွှေမောင်(ပြည်သူ့လွတ်တော်ကိုယ်စားလှယ်)တို့တက်ရောက်ခဲ့ကြပါ
တယ်။

မိုးပြာ

                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar