အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

ဇရပ်အကြောင်းပြကာ မွတ်စလင်မ်သချိုင်းကို မ.ဘ.သ ဘုန်းကြီးတစ်သိုက်ဖျက်ဖို့တာဆူ

ဇရပ်အကြောင်းပြကာ မွတ်စလင်မ်သချိုင်းကို မ.ဘ.သ ဘုန်းကြီးတစ်သိုက်ဖျက်ဖို့တာဆူ

ဝေါ map
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးမြို့အနီး ကျွန်းစုကျေးရွာရှိ အစ္စလာမ့်သချိုင်း အတွင်း ဆောက်လုပ်ထားသည့် ဇရပ်တစ်ဆောင်အား အကြောင်းပြချက်မရှိဘဲ ဖယ်ရှားခိုင်းထားပြီး ဖယ်ရှားခြင်းမရှိပါက ဘုန်းကြီး တစ်ရာလောက်နဲ့ဖျက်မယ် ဟူသော ခြိမ်းခြောက်စကားကို ဝေါမြို့ မြို့နယ်အုပ်ချုပ်ရေးမှ ဒေသခံမွတ်စလင်မ်များအား ပြောကြားပြီး မကြာမှီပင် သချိုင်းကိုပါ ဖယ်ရှားရန် ဖိအားပေးခံနေရကြောင်း သိရသည်။
“အောက်ကြို့ပြီး ဇရပ်ကိုဖျက်ဖို့သဘောတူပေးပြီးတော့လည်း ကဘရ်စတန်(သင်္ခင်္ျိုင်း)ကိုပါ လက်ရှိနေရာနဲ့ လေးဖာလုံလောက်ဝေးတဲ့နေရာကို ရွှေ့ခိုင်းထားတယ်။ ရွှေ့ခိုင်းတဲ့နေရာက လက်ရှိကာလမှာ ခါးလည်လောက်အထိရေမြုပ်နေတဲ့နေရာလေ။”ဟု ဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက Myanmar Muslim Media သို့ပြောသည်။
ကျွန်းစုဘုန်းကြီးကျောင်း ကျောင်းထိုင် မ.ဘ.သ ဘုန်းကြီး ဦးပုညကဦးဆောင်ကာ ရွာသားအချို့အား ကြိုးကိုင်ကာ အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအတွင်းမြုပ်နှံမှု အခက်အခဲတွေ့စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်းစုရွာရှိ မွတ်စလင်မ်သင်္ချိုင်းမြေနေရာသည် မြစ်ကျိုးမြို့ဘက်မှ လွန်ခဲ့သည့် ၂ နှစ်ခန့် ကတည်းကပြောင်းရွှေ့လာခြင်းဖြစ်ပြီး အဆိုပါ သင်္ချိုင်းမြေအတွင်း ယာယီခွင့်ပြုချက် ဟူသောအမိန့်စာဖြင့် ဂျနာဇာဆွလာသ်(သေသူအတွက်ဆုတောင်းပတ္တာနာလုပ်ရန်)နေရာအဖြစ် သွပ်မိုး ကွန်ကရိတိုင်ထောင်ကာ ဒူးပိတ်ကာထားသည့် ဇရပ်အား လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆောက်လုပ်ထားသည်။
“ဇရပ်ကို မွတ်စလင်မ်တွေက ဖျက်မပေးရင် ဘုန်းကြီး တစ်ရာလောက်နဲ့ ဖျက်မယ်လို့ သတင်းထွက်နေတယ်။ မင်းတို့ပဲ ဖျက်ပေးလိုက်ပါလို့ ဝေါမှာခေါ်ပြောတယ်။ လူပါးဝလို့ရလို့ လူပါးဝတဲ့သဘောပဲ။ အခုတော့ သင်္ချိုင်းပါ ဖျက်ခိုင်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျွန်းစုမွတ်စလင်မ်သင်္ချိုင်းနှင့် ၃ မိုင်နီးပါးအကွာတွင်ရှိသည့် ကျွန်းစုဘုန်းကြီးကျောင်း ကျောင်းထိုင် ဦးပုညနှင့် မင်းကျောင်းဆရာတော် ဆိုသူတို့မှာ အထက်ပါလှုံ့ဆော်မှုတွင် အဓိက ဦးဆောင်ဦးရွက် ပြုနေကြသူများဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဟိန်းအောင်

                                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar