အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

ထိုင်းခင်ညွန့်နဲ့ထိုင်းခင်ရီတို့အဖမ်းခံရ

ထိုင်းခင်ညွန့်နဲ့ထိုင်းခင်ရီတို့အဖမ်းခံရ

Ko Baka
ထိုင်းနိုင်ငံ ဗဟို စုံစမ်းစစ်ဆေးရေး ဦးစီးဌာန တာဝန်ခံ (ကော်မရှင်နာမင်းကြီး)Central Investigation Bureau (CIB) ရဲ ဒုတိယဗိုလ်ချုပ်ကြီး Pongpat Chayaphan ဒုတိယတာဝန်ခံ ရဲဗိုလ်ချုပ် Kowit Wongrungroj နှင့် အခြားရဲအရာရှိ ၆ဦး အရပ်သား၃ဦး ကို တနင်္ဂဂနွေနဲ့ တနင်္လာနေ့များမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး လောင်စာဆီ မှောင်ခိုမှုအပါအ၀င် အမှုအများအပြားနဲ့ အမှုဖွင့် ထားပါတယ်။
ဖမ်းဆီးခံ အခြားရဲအရာရှိများမှာ ရေကြောင်းရဲတပ် ဦးစီးမှူး ဗိုလ်ချုပ် Bunsueb Phrai-thuen- စမုစာခွန် လူဝင်မှုကြီးကြပ်ရေး တာဝန်ခံ ရဲဗိုလ်ချုပ် Kowit Muangnual- Consumer Protection Police Division မှ Wuthichart Luansukhan - (CIB) ကော်မရှင်နာမင်းကြီး၏ ယဉ်မောင်းဖြစ်သူ ရဲအရာခံဗိုလ် Surasak Jan-ngoa နှင့် ရဲအရာခံဗိုလ် Chattrin Laothon တို့ဖြစ်သည်။
အရပ်သားသုံးဦးမှာ ရဲဗိုလ်ချုပ် Kowit Muangnual ၏ဇနီး Sudathip Muangnual- Sawong Mungthian နှင့် Roengsak Saknarongdej တို့ ဖြစ်ကြသည်။
Lt-General Pongpat Chayaphanရဲ့ အိမ်ကို ရှာဖွေဝရမ်းနဲ့ ၀င်ရောက်စစ်ဆေးရာပှာ ရွှေချောင်းများ ကုဋေပေါင်းများစွာ ရှိသည့် ထိုင်းငွေနဲ့ အမေရိကန်ဒေါ်လာ ငွေများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ အပြင် များစွာသော မြေဂရံများ ကို ရှာဖွေတွေ့ရှိတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံမှာ စုံစမ်း စစ်ဆေးရေး ဗဟိုဌာနရဲ့ အကြီးအကဲဟောင်း Pongpat Chayaphan နဲ့ တခြား ထိပ်တန်း ရဲအရာရှိ ၂ဦးကို lese majeste လို့ခေါ်တဲ့ တော်ဝင် မိသားစုကို အသရေဖျက်မှု အပါအဝင် လာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ၃ ဦး အပါအဝင် ဖမ်းဆီး ခံရတဲ့ ရဲအရာရှိ စုစုပေါင်း ၇ ဦး ရှိခဲ့ပြီး အရပ်သား ၅ ဦးလည်း အဖမ်းခံရတဲ့ အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ အိမ် ၁၁ လုံးကို ရဲတွေက စီးနင်း ရှာဖွေခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ ဇိမ်ခံကားတွေ၊ လက်ဝတ် ရတနာတွေ၊ ပန်းချီကားတွေနဲ့ ရှေးဟောင်း ဆင်းတုတော်တွေ အပါအဝင် ဘတ်ငွေ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ပစ္စည်းတွေကို ထိုင်းရဲက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြခဲ့ပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ ပြစ်မှုတွေအနက် lese majeste လို့ခေါ်တဲ့ တော်ဝင် မိသားစုကို အသရေဖျက်တဲ့ ပြစ်မှုနဲ့တင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် ခံရနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ lese majeste ဥပဒေဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အသေရဖျက်မှု ဥပဒေ ဖြစ်ပြီး များသောအားဖြင့် နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးပြုကြတာ များတယ်လို့ အချို့က ဝေဖန်ကြပါတယ်။
http://www.bbc.co.uk/news/world-asia-30193547





Inga kommentarer:

Skicka en kommentar