အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

ကာချုပ်ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

ကာချုပ်ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်


အခြေခံဥပဒေ ပြင်ဆင် ရေးသော့ချက်ဖြစ်သော ပုဒ်မ ၄၃၆ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ လူထုအဆုံးအဖြတ်ရယူရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပုဒ်မ ပြင်ဆင်ရေး အတွက် လူဦးရေ ငါးသန်းက လက်မှတ်ရေးထိုးတောင်းဆိုထားသော်လည်း ကျန်ရှိသော လေးဆယ့်ခြောက်သန်း၏ ဆန္ဒကိုလည်း လေ့လာရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘အကယ်၍ မဲဆန္ဒငါးသန်း ပေါ့။ ဒီငါးသန်းရဖို့အတွက် ဘယ် လိုကောက်လဲ ပြုလဲ ကျွန်တော် တို့ မသိဘူး။ ဘယ်လောက်ထိ ခိုင်မာမှုရှိမယ်ဆိုတာလည်း ကျွန် တော်မပြောနိုင်ပါဘူး။ ဒီပမာဏ ဟာ ကျွန်တော်တို့ ဆုပ်ကိုင်ထား တဲ့ လူဦးရေ ၅၁ သန်းနဲ့ဆိုရင် တော့ ဆယ်ပုံတစ်ပုံပဲ ရှိတာပေါ့။ ကျန်တဲ့သူတွေရဲ့ ဆန္ဒတွေကို လည်း ကျွန်တော်တို့ ကြည့်ဖို့ လို မှာပေါ့’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။
‘‘ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်လိုက် လေ။ ကျွန်မတို့က အဆင်သင့်ပဲ’’ ဟု VOA ၏ သီးခြားအင်တာဗျူး အစီအစဉ်တွင် ဒေါ်အောင်ဆန်း စုကြည်က တုံ့ပြန်ပြောကြားခဲ့ သည်။
ယင်းပုဒ်မပြင်ဆင်နိုင်ရေးအ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ (NLD) နှင့် ၈၈ မျိုး ဆက် (ငြိမ်း/ပွင့်)တို့ ဦးဆောင်၍ အသိပညာပေးဟောပြောမှုများ ပြည်သူ့ဆန္ဒခံယူမှုများ ပြုလုပ် ခဲ့ရာ ပြည်သူ ငါးသန်းကျော်က ပြင် ဆင်လိုကြောင်း ထောက်ခံလက် မှတ်ရေးထိုးခဲ့ကြသည်။
အခြေခံဥပဒေပြင်ဆင်ရေး အတွက် လွှတ်တော်တွင်း ဆွေး နွေးမှုများ ပြုလုပ်နေရာတွင် အဓိ ကအရေးကြီးသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရွေးကောက် ခံအရပ်သားလွှတ်တော်ကိုယ်စား လှယ်များက ပြင်ဆင်ရေးကို ထောက်ခံဆွေးနွေးကြသော်လည်း တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များကမူ ယင်းပုဒ်မ ပြင ဆင်ရန် အပြင်းအထန်ငြင်းဆန် ဆွေးနွေးခဲ့ကြသည်။
‘‘ဒီပုဒ်မက အခြေခံဥပဒေရဲ့ Key ပဲဗျ။ အခုက ဘယ်လိုဖြစ်နေ လဲဆိုတော့ ကားတစ်စီးက စက် ပျက်နေတယ်ဗျာ။ ပြင်ဖို့ကို စက် ဖုံးဖွင့်ပြီး ပြင်မှရမယ်။ အဲဒီတော့ ပျက်နေတာကို ပြင်ဖို့ လက်ခံ တယ်။ ဒါပေမဲ့ စက်ဖုံးတော့ ဖွင့် မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေ တယ်’’ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော ကြားထားသည်။
7 Day Daily News




Inga kommentarer:

Skicka en kommentar