အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

ဘုန်းကြီးဝတ်ဖြင့်မူးရစ်ကာ ဓားလွယ်ပြီး ဗလီထဲဝင်သူကို သက်ဆိုင်ရာသို့အပ်နုံ

ဘုန်းကြီးဝတ်ဖြင့်မူးရစ်ကာ ဓားလွယ်ပြီး ဗလီထဲဝင်သူကို သက်ဆိုင်ရာသို့အပ်နုံ

သောက်စားမူးရစ်နေသည့် ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးက ဓားလွယ်ကာ ဗန်းမော်မြို့ မင်းကုန်းရပ်ရှိ ဗလီဝတ်ကျောင်းတော်အတွင်း နိုဝင်ဘာလ ၆ ရက်နေ့က ၀င်ရောက်လာမှုအား မွတ်စလင်မ်များက ရန်ပြုခြင်းမရှိဘဲ သက်ဆိုင်ရာသို့ ကောင်းမွန်စွာအပ်နှံနိင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်
အမှုဖြစ်စဉ်မှာ ဘွဲ့တော်အမည်မေးမရသည့် သင်္ကန်းဝတ် ဦးထွန်းခင် အသက်(၅၀)နှစ် ဆိုသူသည် ဗန်းမော် အနောက်ဘက်ကမ်း မြစေတီဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်နေသူဖြစ်ပြီး သင်္ကန်းဝတ်ရက် ၁၅ ရက်ဝန်းကျင်ခန့်ရှိချိန်တွင် အရက်သေစာသောက်သုံးကာ အရှည် ၃ပေခန့်ရှိ ဓားတစ်ချောင်းကို လွယ်ကာ ဗန်းမော်မြို့ မင်းကုန်းရပ်ရှိ ဂျာမေ့ဗလီဝတ်ကျောင်းတော်အတွင်းသို့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄း ၃၀ အချိန်တွင် ၀င်ရောက်ခဲ့ကြောင်း၊ဓားလွယ်ထားပြီး မူးရစ်ကာ ဗလီဝတ်ကျောင်းတော်အတွင်းဝင်ရောက်လာသည့် ဗုဒ္ဓဘာသာသံဃာတော်အား မွတ်စလင်မ်များက ရန်ပြုခြင်းမရှိဘဲ သက်ဆိုင်ရာသို့ ကောင်းမွန်စွာအပ်နှံ့ခဲ့ကြောင်းသိရသည်။
“အရက်သောက်ပြီး ဓားလွယ်လွယ်ပြီးတော့မှ တခြားအပြင်ဆိုင်တွေမှာလိုက်ပြီးပိုက်ဆံတောင်းတာ ကမ်းနားဘက်ကဆိုင်တွေက အဲသလိုပိုက်ဆံလိုက်တောင်းနေတယ်ဆိုတာကို ရဲစခန်းကို အကြောင်းကြားထားပြီးသား အဲဒီ့အချိန်မှာ စခန်းမှုးနဲ့ သာသာနာရေးမှူးတို့က အဲဒီ့ဘုန်းကြီးကိုလိုက်ရှာနေကြတာ။အဲဒီ့အချိန်ဘုန်းကြီးက ဗလီအနားကဆိုင်တွေမှာပိုက်ဆံလိုက်တောင်းနေပြီးတော့ ဗလီထဲတန်းဝင်လာတာ”ဟု အထက်ပါဖြစ်စဉ်ကို အသေးစိတ်သိရှိသူတစ်ဦးက Myanmar Muslim Media သို့ပြောသည်။
ဗလီဝင်းအတွင်းသို့ မူးယစ်ကာ ဓားလွယ်ထားသည့် သံဃာတစ်ပါးဝင်ရောက်လာမူအား မွတ်စလင်မ်တစ်ဦးက မည်သည့်အတွက်ကြောင့် ဗလီဝင်းအတွင်းဝင်ရောက်လာရသနည်းဟုမေးမြန်းရာတွင် ဆီးသွားလိုသောကြောင့်ဟုသာပြန်လည်ဖြေကြားခဲ့ကြောင်းလည်းသိရသည်
“ဘာကိစ္စလာတာလဲလို့ တစ်ယောက်ကမေးတော့ ဆီးတအားသွားချင်တယ် ပြပေးပါဦးလို့ဖြေလို့ အိမ်သာကိုလိုက်ပို့လိုက်ရတယ်။သူဆီးသွားလို့ပြန်ထွက်သွားတဲ့အချိန်ရောက်မှ စခန်းမှူးအဖွဲ့ရောက်လာပြီးဖမ်းတာ”ဟု အထက်ပါပုဂ္ဂိုလ်ကပင်ဆက်လက်ပြောကြားသည်။
လူအမည် ဦးထွန်းခင် (ဘ) ဦးဘိုးမုတ် ဆိုသူသည် သင်္ကာန်းဝတ်ဖြင့်လှည့်လည်ဆွမ်းခံ ခဲ့သည့် ယခင်ရက်များတွင်လည်း ၄င်းကို မုန့် ၊ဆွမ်းဆန် စသည့်လှုဖွယ်ဝတ္တုပစ္စည်းများပေးလျှင် ကြိုက်နှစ်သက်ခြင်းမရှိဘဲ ငွေကြေးကို သာတောင်းခံလေ့ရှိကြောင်းလည်း ဒေသခံအချို့ကပြောသည်။
ဘွဲ့အမည်မသိရသည့် အထက်ပါဘုန်းတော်ကြီးအား ဖမ်းဆီးသည့်နေ့တွင်ပင်ဗန်းမော်မြို့ ကံဦးဘုန်းကြီးကျောင်း ရှိ မ.ဘ.သ ဥက္ကဌ ဆရာတော်ရှေ့တွင် သိက္ခာချကာလူဝတ်လဲစေခဲ့ကြောင်းလည်းသိရသည်။
အရက်သေစာမူးယစ်ကာ ဓားလွယ်ပြီး ဗလီဝတ်ကျောင်းတော်အတွင်း ၀င်ရောက်ခဲ့သည့် ဘုန်းတော်ကြီး၏ဘွဲ့အမည်အား ဗန်းမော်ရဲစခန်းက ထုတ်ပြန်ခြင်းမရှိသော်လည်း ၇/ ၂၀၁၄ ပုဒ်မ ၂၉၅(က) သာသနာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူ ရန်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဟိန်းအောင်

                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar