သမ္မတ အကြံပေးတစ်ဦး၏ တူဆိုသူက ပြည်သူပိုင်လမ်းကို ခြံဝင်ခတ်

နိုင်ငံတော်သမတရုံးက တာဝန်ရှိသူများ ဖတ်ကြည့်ဖော်ထုတ်ပေးပါ
===========================================
သမ္မတ အကြံပေးတစ်ဦး၏ တူဆိုသူက ပြည်သူပိုင်လမ်းကို ခြံဝင်ခတ်ထားဟုဆို ။
===================================================
သုဝဏ္ဏမြို့နယ်၊၂၉ ရပ်ကွက် (အပိုင် ၁၄ နယ်မြေ) အတွင်းရှိ မြဧရာ လမ်းထောင့်ရှိ အများပြည်သူပိုင် မြေနေရာလွတ်ပေါ်တွင် နိုင်ငံတော် သမ္မတ၏ တူတော်စပ်သူဟု
ဆိုသူ တစ်ဦးမှ ခြံစည်းရိုးများ ခတ်ခြင်း၊ CCTVများ တပ်ခြင်းများကို ပေါ်ပေါ်ထင်ထင်
ပင် ပြုလုပ်ထားခြင်းတို့ကြောင့် ရပ်ကွက်နေ ပြည်သူများက ကျေနပ်မှု မရှိဖြစ်
နေကြောင်း စုံစမ်းသိရသည်။
အဆိုပါ ခြံခတ်ခြင်းကို လွန်ခဲ့သော ၃နှစ်ခန့်က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခင်က အဆိုပါလမ်းမှာ အများပြည်သူ သွားရောက်နိုင်ခဲ့သော်လည်း ယခုအခါတွင်
ယင်းခြံအတွင်းသို့ ၀င်ရောက်ပါက တာဝန်ရှိသူများ ခေါ်ကာမောင်းထုတ်ခြင်းများ
ပင် ရှိသည်ဟု ရပ်ကွက်နေသူ အချို့၏ ပြောကြားချက်အရ သိရသည်။
“သူတို့ ခြံခတ်တာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ထဲက ကျွန်တော်တို့ လူငယ်တွေ ဘောလုံးသွားကန်တုန်းကဆို ရဲနဲ့ပါ ခေါ်ပြီးတော့ ဖမ်းတယ်”ဟု အ
သက် ၂၅နှစ် အရွယ်ခန့်ရှိ ၄င်းခြံအနီးတွင် နေထိုင်သူ တစ်ဦးက Tomorrowသို့
ပြောသည်။
အဆိုပါ ခြံအတွင်းတွင် ပန်းပင်များ စိုက်ခြင်း၊ အလှပန်းအိုးကြီးများ ထားရှိထားခြင်း
တို့ကို ပြုလုပ်ထားပြီး၊ ခြံအတွင်းသို့ ၀င်ရောက်ပါက CCTVမှတစ်ဆင့် ကြည့်ရှုကာ လာရောက်သူကို လိုက်လံမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့ကြောင်းနှင့် အဆိုပါ
ခြံနံပါတ်မှာ (၂၃၀၊၂၃၁) ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပင်
“ကျွန်တော် အဲဒီ ခြံခတ်တဲ့ ကိစ္စကို သွားပြောဖို့ ဓာတ်ပုံသွားရိုက်တယ်။ ဓာတ်ပုံ
သွားရိုက်တော့ ခြံထဲအထိ ၀င်ပြီး ရိုက်တာ။ ညနေလည်းကျရော ဖုန်းဆက်ပြီး
မနက်က အုပ်ချုပ်ရေးမှူး ဘာဖြစ်လို့ခြံထဲဝင်ပြီး ဓာတ်ပုံရိုက်တာလဲဆိုပြီး ခြံပိုင်ရှင်
က ဖုန်းဆက်ပြောတယ်”ဟ Tomorrowသို့ပြောသည်။
ထို့ပြင် ခြံပိုင်ရှင်မှာ နိုင်ငံတော်မှ အရေးပါသူတစ်ဦး၏ တူတော်စပ်သည်ဟု
ဆိုသော ဒေါက်တာ အောင်အောင်ဆိုသူ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်
နေပြီး၊ အနီးပတ်ဝန်းကျင်ရှိ ခြံများကိုလည်း ပြန်လည် တိုင်တန်းမှုများ ပြုလုပ်
နေသည်ဟု ရပ်ကွက်နေသူ တစ်ဦးက ပြောကြားခဲ့သည်။
“အရင်ကလည်း ကျွန်တော်တို့ ခြံဘေးမှာ ငမိုးရပ်ချောင်းထဲက သဲတွေမှုတ်
သွင်းတယ်။ ပထမတစ်ခါ မှုတ်သွင်းတော့ ကျွန်တော်တို့က တားတယ်။
ဒါပေမယ့် ထပ်သွင်းတယ်။ ကြာတော့ ကျွန်တော်တို့ အုတ်တံတိုင်း ပြိုကျသွား
ရတယ်။ အုတ်တံတိုင်း ပြိုတာကို ပြန်ပြင်ပေးပေမယ့် အခုထက်ထိ မပြီးသေး
ပါဘူး”ဟု ရပ်ကွက်နေသူ တစ်ဦးမှ ထပ်မံပြောသည်။
ယင်းအုတ်တံတိုင်း ပြိုကျမှုနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၀င်ရောက်
ဖြေရှင်းရာတွင်လည်း အာဏာဆန်ဆန် စကားလုံးများဖြင့် ပြောဆိုခဲ့ကြောင်း
လည်း အဆိုပါ ဖြစ်စဉ်နှင့် နီးစပ်သူ တစ်ဦးက ယင်း၏အမြင်ကို ပြောသည်။
ယင်းကဲ့သို့ လုပ်ရပ်များအပေါ် တိုင်ကြားခြင်း ရှိ/မရှိနှင့် ပတ်သက်၍လည်း
မေးမြန်းခဲ့ရာတွင် “သူက ဘယ်သူမှ ဂရုမစိုက်တဲ့ ပုံပါ။ သူ့ကိုတိုင်တယ်ဆိုရင်
သူကတောင် ဦးအောင်ပြန်တိုင်တဲ့ ကိစ္စမျိုးတွေ ရှိတယ်”ဟု အုပ်ချုပ်ရေးမှူးက
ပြောသည်။
“သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်ဖို့ကိုလည်း တိုင်တန်းတာတွေရှိတယ်။ အဲဒီဆောက်လုပ်ရေးလုပ်တဲ့ မြေကွက်တွေ
ကလည်း ပါမစ်ကျပြီးသားတွေပါပဲ”ဟု အိမ်နီးချင်း တစ်ဦးက ပြောကြားခဲ့သည်။
သတင်း- လျှမ်းလူ၊ Kမိုး ( Tomorrow )
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar