အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 20 november 2014

လှိုင်မြစ်တစ်ဖက်ကမ်းက သမ္ဗာန်ဆိပ်ကို ပြန်ဖွင့်ပေးဖို့ ဆန္ဒပြ


ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ထဲမှာပါဝင်တဲ့ လှိုင်မြစ်တစ်ဖက်ကမ်းက ဦးမြငါးစင် လှေဆိပ်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEC က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နောင်တိုစီမံကိန်းနဲ့ အာရုံဦးကုမ္ပဏီက ဆောင်ရွက်နေတဲ့ ဆိပ်ခံတံတား စီမံကိန်းတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ညက ခြံစည်းရိုးခတ်ကာ ပိတ်လိုက်ပါတယ်။

ဒါကြောင့် လှိုင်မြစ်တစ်ဖက်ကမ်းကိုကူးပြီး အလုံမြို့နယ် အထက ၇ ကျောင်းမှာ ပညာသင်ကြားနေကြတဲ့ ဦးမြငါးစင် ၊ချောင်းဝိုင်းကြီး၊ချောင်းဝိုင်းလေး ရပ်ကွက်က ကျောင်းသားတွေဟာ ကျောင်းမတက်နိုင်တာကြောင့် သမ္ဗာန်ဆိပ်ကို ပြန်ဖွင့်ပေးဖို့ ဒီနေ့ ၃ ရက်မြောက်နေ့ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

Photo: Thiha Tun, Tun Myint/ RFA 


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar