အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 1 oktober 2014

ရဟတ်ယာဉ်ပျောက်ဆုံးမှု

ရဟတ်ယာဉ်ပျောက်ဆုံးမှု

တောင်တက်သမားနှစ်ဦးကို ရှာဖွေသော ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံးနေ
==========================================
ခါကာဘိုရာဇီတောင်တွင် ပျောက် ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေ
ကယ်ဆယ်ရေးပြုလုပ်နေသည့် ရဟတ် ယာဉ်တစ်စီး စက်တင်ဘာ ၂၇ ရက်တွင်
ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ရှာဖွေရေးလုပ်ငန်းများ နောက်ဆုံးနေ့ ဟု သတ်မှတ်ထားသော စက်တင်ဘာ ၂၇ ရက်
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် B4 အမျိုး အစား ရဟတ်ယာဉ်မှာ ပူတာအိုလေဆိပ်မှ
ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်စခန်းရှိရာ တဟွန်ဒမ်းကျေးရွာသို့ ရိက္ခာပို့စဉ် ပျံသန်းပြီး
မိနစ် ၂၀ ခန့်အကြာ၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားကြောင်း
ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။


Win Maung Maung

==========================
တောင်တက်အဖွဲအာ့း ကူညီရှာဖွေပေးနေသောUrocopterရဟတ်ယာဉ်တစ်စီးပျောက်ဆုံးနေကြောင်း
အတည်ပြုဆဲသတင်းရရှိ ။

ထိုင်းလူမျိုးCaptain မောင်းနှင် ။

နောက်ဆုံးနေ့ ဖြစ်ပြီးစက် ၂၈ ရက်တွင်ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်။

ကချင်ပြည်နယ်မြန်မာပြည်မြောက်ဖျားနောင်မွန်မြို့ မှ၁၀၃ မိုင်အကွာဒဟွာဒမ်းး
ကျေးရွာမှနောက်ဆုံးပျံတက်သွားခဲ့ ။

လေယာဉ်ဆီခွင့်ပြု မိုင်အကွာအဝေးထက်ကျော့်လွန်နေ။

နောက်ဆုံးဆက်သွယ်မှု ရချိန်မှာယခု ညနေငါးနာရီ ဖြစ် ။

သတင်းအားလုံးအတည်ပြုဆဲ ။

အားလုံးချမ်းသာလွတ်မြောက်လာပါစေ ။



Inga kommentarer:

Skicka en kommentar