မလေးရှားရှိ ATM စက်များမှဒေါ်လာ ၁ဒသမ၂သန်း ခိုးယူခံရ
ကွာလာလမ်ပူ၊ စက်တင်ဘာ ၃ဝ။

လက်တင်အမေရိက
ဂိုဏ်းတစ် ခုသည် မလေးရှားနိုင်ငံ ဆီးလန်ဂေါ် ဂျိုဟော်နှင့် မာလက်ကာတို့မှ
ATM စက် ၁၄ခုမှ မလေးရှားငွေ သုံးသန်း (စင်ကာပူဒေါ်လာ၁ဒသမ၁၆) သန်းနီးပါး
ခိုးယူခဲ့ သည်။
ထို ATM
စက်များသည် Affin ဘဏ်၊ Ai Rojihi ဘဏ်နှင့် Isiam ဘဏ်တို့မှ ဖြစ်ပြီး
ထိုဘဏ်များ၏ သီးခြားအကောင့်များမှာ ခိုးယူမခံခဲ့ ရပေ။ သူခိုးများသည် SIM
ကတ် တွင် ငွေထည့်နိုင်သော ယူရိုပေးမာ စတာကတ်ဗီဇာ(EMV)အတွက် ဘဏ်
အထောက်အထားအတုရှိ ကြောင်း ယူဆရပြီးထိုအထောက်အ ထားများကို နည်းပညာဖြင့်ပြန်
လည် ပြုပြင်ခဲ့သည်။
ထိုအဖွဲ့သည် ATM စက်အ သုံးပြုရာတွင် နည်းစနစ်ဟောင်းများ ကို အသုံးပြုသူများကို ပစ်မှတ်ထား ကြောင်း သိရသည်။
ဆိုက်ဘာလံ ခြုံရေးကျွမ်းကျင်သူများ၏ ပြောကြား ချက်အရ ATM စက်များတွင် နည်းပညာလှည့်ကွက်သုံးကာ ငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။
”လူဆိုးအဖွဲ့ဟာ ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သိနေဖို့လို အပ်တယ်”ဟု ကျွမ်းကျင်သူတစ်ဦး ကဆိုသည်။
မလေးရှားသည်
EMV ငွေထည့်ကတ်ကို ပြောင်းလဲအသုံးပြု သော ပထမဆုံးနိုင်ငံဖြစ်ပြီး ၂ဝဝဝ
ပြည့်နှစ်အစောပိုင်းက ကတ်အတုများ မြို့အနှံ ပျံ့နှံနေခဲ့သည်။
ATM
သူခိုးများအား ဖမ်းဆီး ရန်ရဲများအထူးစစ်ဆင်ရေးတစ်ခု စတင်ပြုလုပ်ခဲ့သည်။
သူခိုးအဖွဲ့မှာ နိုင်ငံအတွင်းတွင် ရှိနေဆဲဟုယူဆ ရကြောင်း
ဖက်ဒရယ်ရာဇဝတ်မှုစုံ စမ်းစစ်ဆေးရေး လက်ထောက်ဒါ ရိုက်တာကပြောသည်။
ATM
စက်တစ်ခုတွင် အသုံး ပြုခဲ့ကြောင်း ယူဆရသည့် SIM ကတ်တစ်ခုကို
ရဲများကရှာဖွေတွေ့ ရှိခဲ့ပြီး ထို SIM ကတ်ကို စုံစမ်းစစ် ဆေးရန်
ပို့ဆောင်သွားမည်ဖြစ်သည်။
Ref:TST
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar