အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 23 oktober 2014

ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွား



ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွား






ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးတဝိုက် လက်နက်အပြည့်အစုံနဲ့ နေရာယူထားတဲ့ ကနေဒါလုံခြုံရေးတပ်ဖွဲ့။
ကနေဒါနိုင်ငံ အမျိုးသားစစ်ဗိမာန်မှာ အစောင့်စစ်သားတဦး ပစ်ခတ်ခံရပြီး တဲ့နောက်၊ သေနတ်သမားတွေဟာ အနီးအနားမှာရှိတဲ့ ကနေဒါ လွှတ်တော်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကနေဒါလွှတ်တော်ကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီးနောက် အနီးတ၀ိုက်မှာ လက်နက်အပြည့်အစုံနဲ့ ကနေဒါ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားပါတယ်။

ကနေဒါဝန်ကြီးချုပ်ကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားပြီး၊ ဘေးကင်း လုံခြုံစွာရှိတယ်လို့ ပြောခွင့်ရသူတွေက ပြောပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတဦး ကိုတော့ ဆေးရုံကို ပို့ထားရပြီး၊ အခြေအနေ မသိရသေးပါဘူး။ တနေ့ကပဲ ကနေဒါနိုင်ငံ Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာပြောင်းသူတဦးက ကားနဲ့ ကနေဒါ စစ်သားနှစ်ဦး ကို ၀င်တိုက်တာကြောင့် စစ်သားတဦး သေဆုံးခဲ့ရပါတယ်။ 
VOA
http://burmese.voanews.com/content/article/2492429.html

              မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar