အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 16 september 2014

PR စနစ်ကို ဘာလို့ ကန့်ကွက်တာလဲ

PR စနစ်ကို ဘာလို့ ကန့်ကွက်တာလဲ




    Sunday, 14 September 2014 11:52

ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု စနစ်(PR) ကျင့်သုံးမှာကို ကန့်ကွက်တဲ့ သူတွေထဲမှာ PR စနစ်ကို နားမလည်သူတွေ ပါဝင်နေပါတယ်။

ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ် ခုနစ်မြို့နယ်က ကောက်ယူထားတဲ့ PR စနစ် ကန့်ကွက်ကြောင်း ရေးထိုးထားတဲ့ ပြည်သူလူထု လက်မှတ် ငါးထောင်ကျော် ရရှိထားတယ်လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် ပြန်ကြားရေး တာဝန်ခံ ဦးမြတ်ကျော်က ပြောပါတယ်။

အဲဒီလက်မှတ်တွေကို လာမယ့် သီတင်းပတ်အတွင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ဖို့ စီစဉ်တယ်လို့ သူက ဆိုပါတယ်။

“လူထုက PR စနစ်ကို တကယ်နားလည်လို့ ကန့်ကွက်တာထက် လွှတ်တော်မှာ အာဏာရ အစိုးရဘက်က ကိုယ်စားလှယ်တွေ ပီအာစနစ်ကို မဖြစ်ဖြစ်အောင် အတည်ပြုပြီး သူတို့ ပြန်အာဏာရပြီး အစိုးရဖွဲ့နိုင်မှာကို မလိုလားတာကြောင့် ကန့်ကွက်တာများတယ်” သူက ရှင်းပြပါတယ်။

PR စနစ်ကန့်ကွက်ကြောင်း လက်မှတ်တွေကို ဩဂုတ်လ ၂၈ ရက်နေ့က စတင်ပြီးတော့ ဒဂုံမြို့သစ်တောင်းပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သင်္ဃကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် တို့မှာ ကောက်ခံခဲ့တာပါ။

PR စနစ်ကိုကျင့်သုံးဖို့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲမှုလုပ်ငန်းတွေကို စတင်နေပြီဖြစ်တယ်လို့ အမျိုးသား လွှတ်တော် PR စနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မတီ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကအပ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ PR စနစ်ကျင့်သုံးနိုင်ဖို့ ရေးဆွဲနေတယ်လို့ သူက ဆိုပါတယ်။

PR စနစ်ကို တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တို့ကလည်း ကန့်ကွက်ထားကြပါတယ်။
http://thevoicemyanmar.com/index.php/news/item/2716-prs



Inga kommentarer:

Skicka en kommentar