အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 16 september 2014

လမ်းပေါ်တွင် ဓာတ်လိုက်သေဆုံးသူ နှစ်ဦး၏ နာရေးအတွက် ၈၈မျိုးဆက်မှ ကူညီ

လမ်းပေါ်တွင် ဓာတ်လိုက်သေဆုံးသူ နှစ်ဦး၏ နာရေးအတွက် ၈၈မျိုးဆက်မှ ကူညီ



==========================================

စက်တင်ဘာလ ၁၂ ရက်၊ ည ၈း ၁၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမ ( ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး ရှေ့) ကားမှတ်တိုင်ရှိ ဓာတ်တိုင်တွင် ၀ါယာလျှော့ဖြစ်ပြီး ဓာတ်တိုင်အောက်မှ အမျိုးသမီးတစ်ဦး (မအေးအေးဆင့် ၄၂ နှစ်)နှင့် ကလေးငယ်တစ်ဦး (မဖြူစင်ငြိမ်း (ခေါ်) ပြားအုံ ၁၀နှစ်)တို့ ဓာတ်လိုက်ကွယ်လွန်ခဲ့သည်။

ထိုအချိန်က ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် ရှိနေကြသူများ၏ မျက်စေ့ရှေ့မှာပင် ဖြစ်ပျက်သွားသည့် မြင်ကွင်းအတွက် အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရသည်။

ဓာတ်တိုင်ဝါယာလျှော့ဖြစ်ပွားလျှင်ဖြစ်ပွားချင်း သက်ဆိုင်ရာတာဝန်ရှိသည့် သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဌာနသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးမှ ဖုန်းဖြင့်အကြောင်းကြားပေးခဲ့ပြီး ယခုဖြစ်စဉ်အတွက် မြို့နယ်လျှပ်စစ်ဌာနတွင် တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက် ၊ နံနက် ၉း ၀၀ နာရီက ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ မြအေး၊ အံ့ဘွယ်ကျော်နှင့် ၈၈မျိုးဆက် ရုံးအဖွဲ့သားတို့သည် ဓာတ်လိုက်ကွယ်လွန်သူ နှစ်ဦး၏ နေအိမ်များသို့ သွားရောက်ခဲ့ကြပြီး ကျန်ရစ်သူမိသားစုများကို "တစ်ရပ်ကွက်တည်းသားချင်းများ ဖြစ်သဖြင့် စာနာစိတ်ထားဖြင့်" အားပေးနှစ်သိမ့်စကားပြောကြားပြီး နာရေးကူငွေ ကျပ်တစ်သိန်းစီ ပေးအပ်ခဲ့သည်။



Inga kommentarer:

Skicka en kommentar