အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 16 september 2014

ကြည်း ၃၂၀၄၃၊ ဗိုလ်မှုး ကျော်စွာဝင်း အဖမ်းခံရ

ကြည်း ၃၂၀၄၃၊ ဗိုလ်မှုး ကျော်စွာဝင်း အဖမ်းခံရ



Makhin Oo

ဗိုလ်မှုး ကျော်စွာဝင်း အဖမ်းခံရတယ်ဆိုတာ ဟုတ်-မဟုတ် သတင်းတိကျ သိချင်ပါတယ်။

ဒီပုံကတော့ သာယာဝတီမှာ အကျဉ်းကျခံနေရဆဲ ဗိုလ်မှုးဟောင်း ၀င်းနိုင်ကျော်နဲ့ ဇနီးပုံဖြစ်ပါတယ်။

ကျမရဲ့ ပရိုဖိုင်းကို သူတို့ ဇနီးမောင်နှံပုံကို ပြောင်းထားပါတယ်။

ပြည်သူ့ဘက်မှာ ရှိလို့ စစ်တပ်က ဖမ်းဆီးထားသူ တပ်မတော်သားများကို လွတ်ပေးရန် တောင်းဆိုလိုက်သည်။



Moe Zay Nyein
ကြည်း ၃၂၀၄၃၊ ဗိုလ်မှူးကျော်စွာဝင်း အဖမ်းခံရတယ်ပြောနေကြတယ်။ အဖမ်းခံရတယ်ဆိုတာ သေချာရင်တော့ အဓိကကတော့ ၄၃၆ ပြင်ဆင်ရေးမှာ လက်မှတ်ထိုးလို့ ဖြစ်ပါမယ်။ ဒါပေသိ တပ်မှာက အမှုဟောင်းတွေကို ပြန်ဆွဲထုတ်ပြီး ရမယ်ရှာတတ်တဲ့ သောက်ကျင့်ရှိနေတော့ ဘ ယ်အမှုနဲ့ခေါင်းစဉ်တပ်ခံမလဲတော့ မသိဘူး။
တပ်မတော်သားဟာ တပ်မတော်ကိုပဲ ချစ်ရမယ်- အမိန့်နာခံရမယ် ဆိုတဲ့ အသိနဲ့စိတ်ဓာတ်တွေကို သန်းရွှေက အနှစ်(၂၀)ကျော်လုံးလုံး တပ်မတော်သားတွေကို ရိုက်သွင်း ဦးနှောက်ဆေးခဲ့တယ်။ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ နေ၀င်းလက်ထက်တုန်းကလည်း တပ်မတော်ထက် ပြည်သူတွေကို ပိုချစ်လို့ဆိုပြီး ဦးတင်ဦးကို ကာချုပ်ဘ၀နေတောင် ထုတ်ပစ်ခဲ့သေးတာပဲ။
စစ်အာဏာရှင်တွေအတွက်တော့ စစ်သားတွေက သူတို့သစ္စာကိုပဲ ခံစေချင်တယ်။ ပြည်သူတွေသစ္စာကို မခံစေချင်ဘူး။ တပ်မတော်ကို လက်တစ်ဆုပ်စာရဲ့ လက်ကိုင်တုတ်ပဲ ဖြစ်စေခဲ့တယ်။ တပ်မတော်ကို ပြည်သူ့တပ်မတော်ဖြစ်မှာကို အရမ်းစိုးရိမ်ခဲ့တယ်။ မဖြစ်အောင်လည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်။
ဒီတော့ ပြည်သူဘက်ကို ဦးစားပေးတဲ့ တပ်မတော်သား အရာရှိတစ်ယောက် အဖမ်းခံရတာ မဆန်းပါဘူး။ ဒီသတင်းမှန်ခဲ့ရင် ကျနော်တို့ ပြည်သူတွေအနေနဲ့ သူ့ဘက်က အပြည့်အ၀နဲ့ စွန့်စားစွာရပ်တည်ပေးကြဖို့ လိုအပ်ပါလိမ့်မယ်။




Inga kommentarer:

Skicka en kommentar