အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 13 september 2014

အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်


M-Media
Saudi King

– ဇူလိုင်လမှစတင်က ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းအာဇာနည်များ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် အဗ္ဗဒူလာက ဟဂ်ျ ဘုရားဖူး   ခေါ်ယူသွားမည်ဟု သိရသည်။
“ဘုရင်ကြီးရဲ့  ၆ နှစ်ဆက်တိုက်ရှိပြီဖြစ်တဲ့ ဒီရက်ရောမှုဟာ ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ်မှာထားတဲ့ အစ္စလာမ့်ညီရင်းအကို စိတ်ဓာတ်ကနေ ဖြစ်ပေါ် လာတာပါ။ ပါလက်စတိုင်း အာဇာနည်တွေရဲ့ မိသားစုတွေကို အခုလို ခေါ်ယူဖို့ ကမ်းလှမ်းတာဟာ သူတို့ရဲ့ ခံစားမှုတွေကို လွယ်ကူ သက်သာစေရာမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ” ဟု အစ္စ လာမ့်ရေးရာ ၀န်ကြီး ဆာလေဟ် အစ်ဗနေ့ အဗ္ဗဒူလ် အဇစ် အစ်ဗနေ့ မိုဟမ္မဒ် အလ်-ရှိခ်၏ ပြောကြားမှုကို စက်တင်ဘ ၇ နေ့တွင် SPA သတင်းဌာနက ဖော်ပြခဲ့သည်။
ယခုကဲ့သို့ ကြေညာခဲ့ခြင်းကြောင့် ယခုနှစ် ဟဂ်ျ ဘုရားဖူး ကာလအတွင်း ဆော်ဒီဘုရင်မှ ဟဂ်ျ ဘုရားဖူးခေါ်ယူမည့် ပါလက်စတိုင်း အရေးအတွက်မှာ ၁၂၀၀ အထိရှိမည်ဖြစ်ပြီး၊ ဟဂ်ျ ခရီး စဉ် အတွင်း ၎င်းတို့အတွက် အထူးအစီအစဉ်များကိုလည်း ဆော်ဒီအစိုးရက စီစဉ်ထားသည်။
ထို့ပြင် ပါလက်စတိုင်းပြည်သူများ၏ မျှော်လင့်ချက်များ အောင်မြင်စေရေး ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိစေရန် ကိစ္စရပ်များ အားလုံးကို ဆော်ဒီ အစိုးရ က ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ ပြည့်ဝစေရေးအတွက် စွမ်းအားများကိုလည်း အသုံးချသွားမည်ဖြစ်ကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။
ဟားမက်စ်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လအစောပိုင်းမှစ၍ အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အစ္စရေးက ပစ်မှတ်ထားခဲ့ပြီး ရက်ပေါင်း ၅၀ နီးပါးကြာမြင့်ခဲ့သည့် ထိုတိုက် ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ref_OnIslam & News Agencies

                                         မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar