စကားပြောရိုင်းတဲ့ လဲ့လဲ့ဝင်းဆွေ။
မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးများသည်
ကြံ့ခိုင်ရေးအသင်းကြီး စတင်ပေါ် ပေါက်ခဲ့သည့်အချိန်မှစ၍ ပါတီပြောင်းပြီး
ပါတီအနိုင်ရပြီးချိန်အထိ ကိုယ်တိုင်ပါဝင်ခဲ့ သူတစ်ဦး၏ ၁၉၉၃ခုနှစ်မှ
၂၀၁၂ခုနှစ် အထိ နှစ်(၂၀) နီးပါးတွေ့ကြုံခံစားခဲ့ရသည်များကို
အမှန်အတိုင်းရေး သားခဲ့ခြင်းဖြစ်ပြီး မိမိလုပ်ပိုင်ခွင့်ကို
အခွင့်အရေးယူ၊၍ကိုယ်ကျိုးရှာခဲ့မှုများ၊
ကြံ့ခိုင်ရေး ပါတီဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များ၊
ငွေကြေးအလွဲသုံးစားပြုမှုများ၊ ကြံ့ခိုင်ရေး အဖွဲ့အစည်း အပေါ်
စေတနာအပြည့် နှင့် တက်တက် ကြွကြွ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့်
အသင်းစတင်ကတည်းက ပါဝင်ခဲ့ကြသည့် ရဲဘော်ဟောင်းကြီးများနှင့်
လူငယ်လူရွယ်များအား နေရာမပေး၊ မရိုးသားသည့် နိုင်ငံရေး
လိမ်ညာမှုကစားကွက်များဖြင့် အပြင်လောကသို့ ရောက်အောင် ဆောင်ရွက်မှုများ
၊နောက်ဆုံးပါတီသို့မလာချင်တော့လောက် အောင်ပြုမူဆောင်ရွက် ခဲ့တာတွေ
နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုဖြစ် ပေါ်အောင် အဖွဲ့အစည်း အရှိန်အ၀ါယူ၍
လျှပ်စစ်မီတာခများ မိမိကိုယ်ကျိုး အတွက် ပြုလုပ်ခဲ့ တာကြောင့်
ဌာနဆိုင်ရာတွေ၏အဖွဲ့ အစည်းအပေါ် အထင်အမြင်ေ သးအောင် ပြုမူခဲ့ တာတွေ၊
ကျောက်မြောင်းယာယီဈေး ဆိုင်ခန်းနေရာတွင် အမည်ပြောင်းအလွဲ
သုံးစားပြုခဲ့တာတွေကို သက်ဆိုင်ရာကနေ အခုထိ ဖြေရှင်းပေးခြင်းမရှိဘဲ
မသိချင် ယောင်ဆောင်နေတာတွေ၊ ဥပဒေကြောင်း အရအရေးယူရန်ရှိပေမယ့် လူကြီးတွေ
မျက်နှာကျေးဇူးတရား ထောက်ထားပြီး တော့နေခဲ့ရကြောင်း လုပ်ရပ်တွေ အများ
အပြားရှိခဲ့ပြီး မိမိတို့ကြံ့ခိုင်ရေးပါတီ သိက္ခာကျစေမယ့် ပါတီကို
ကြည်ညိုမှုပျက်ပြား စေတဲ့ လုပ်ရပ်တွေ ကိုယ်တွေ့ကြုံတွေ့ခဲ့ ရတဲ့
အဖြစ်အပျက်တွေကို ဒီစာအုပ်ဖတ် ကြည့်တဲ့အခါ သိမြင်မှာဖြစ်ပြီး ကျွန်တော်
တွေ့ကြုံခဲ့ရတဲ့ အဖွဲ့အစည်း အတွင်း ခြစားတာတွေ၊ အကျင့်ပျက်တာတွေကို
ဖော်ထုတ်ရေးသားရင်းဖြင့် ပြည်သူအတွက် အကျိုးရှိမှာပဲဆိုပြီး
အခုလိုရေးသားတင်ပြ ဖြစ်ခဲ့တာပါ။ ဒါတွေဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု
မဟုတ်ပါဘူး။ ဒီလိုအာဏာရပါတီကြီး တစ်ခုအတွင်းမှာ ပြည်သူတွေရဲ့
အကျိုးစီးပွားကို ဥပက္ခာပြုပြီး အလွဲသုံးစားလုပ်ခဲ့တာတွေကို အများပြည်သူ
သိမြင်နားလည်စေဖို့ပါ။
(တာမွေအောင်ကို)


စကားပြောရိုင်းတဲ့ လဲ့လဲ့ဝင်းဆွေ။
=======================
တစ်ချိန်တုန်းက မြို့နယ်ပြည်ခိုင်ဖြိုးအသင်း (တာမွေ) ၏
လူမှုယဉ်ကျေးတာဝန်ခံဖြစ်ခဲ့သော ယခု မူးယစ်ဆေးစွဲသူများ
ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဥက္ကဌ ဦးစံရှိန်က
မြို့နယ်ပြည်ခိုင်ဖြိုးအသင်း (တာမွေ) အတွင်းရေးမှူးဖြစ်သူ ယခု
တာမွေလွှတ်တော်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေအား အောက်ပါအတိုင်း အထက်အဖွဲ့အစည်း
အသီးသီးသို့ တင်ပြတိုင်ကြားခဲ့သည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် အစည်းအဝေးတစ်ခုတွင် စကားယြေဆိုဆွေးနွေးနေရင်းမှ
၎င်းမှ မိမိအား `ဖာခေါင်း´ဟု EC အများရှေ့တွင် သုံးနှုန်းဆဲဆိုသဖြင့်
အရှည်စကားမများလိုသောကြောင့် ရေးသားတင်ပြတိုင်ကြားရခြင်းဖြစ်ကြောင်း။
ကာယကံရှင် အတွင်းရေးမှူးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းဆွေ၏ အတွင်းရေး
အကြောင်းများကို သေချာစွာသိနေသူဖြစ်သဖြင့် စိုးရိမ်စိတ်လွန်ကဲပြီး
ကျွန်တော့်အား တာဝန်မှ ဖယ်ရှားခဲ့သည်ဟု ခံယူပါကြောင်း ---ဖြင့်
(၂၀၀၂)ခုနှစ်တွင် တိုင်ကြားခဲ့ဘူးသည်ဟု သိရှိရပါသည်။
(အသေးစိတ်အကြောင်းအရာများကို မကြာမီ တင်ပြပေးပါမည်)
တာမွေစောင့်နတ်
Inga kommentarer:
Skicka en kommentar