မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူယုတ်မာ ၂ ဦး
ပေးစာ

မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူယုတ်မာ ၂ ဦး အကြောင်းပါ။ မန်းတိုင်း ကြံ့ခိုင်ရေးပါတီ၏ စီမံရေးရာဌာနကြီးမှူး ဦးသောင်းဝေဆိုသူမှာ မိန်းမပျိုလေးများကို လိုက်လံဖျက်စီးနေသူ တစ်ယောက်ဖြစ်ပါတယ်ရှင့်။ ယခင် မြို့နယ်အဆင့် ၊ ခရိုင်အဆင့်မှာတင်မကဘဲ ယခု တိုင်းအဆင့် ဌာနကြီးမှူးဖြစ်သည့်တိုင် တစ်နေ့ထက်တစ်နေ့ ရဲတင်းစွာ ပြောင်ကျကျ ရှုပ်ပွေနေသူ အိမ်ထောင်သည်တစ်ဦးဖြစ်ပါတယ်။ သားကြီး၊ မယားကြီးများ ငုတ်တုပ်ရှိလျှက်နှင့်ပင် မည်သူ့မျက်နှာကိုမျှ မထောက်ထားပဲ မျက်နှာပြောင်တိုက်နိုင်သူလည်း ဖြစ်ပါတယ်။ ယခုဓာတ်ပုံ၌ တွဲလျှက်မြင်တွေ့ရသူမှာ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ ၈၂လမ်းနှင့် ၈၃လမ်းကြား ၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ ဝင်းအတွင်း၌နေထိုင်သော ၊ အဖမည် ဦးထွန်းသျှန်၏သမီးဖြစ်သူ မကေသွယ်သျှန် ဆိုသူ မိန်းကလေးဖြစ်ပါတယ်။ ဦးသောင်းဝေမှာ ၄င်း၏သမီးအရွယ်ခန့်ရှိသူ မကေသွယ်သျှန်အား ၄င်းမန္တလေးခရိုင် ကြံခိုင်ရေးအသင်း အတွင်းရေးမှူးဖြစ်စဉ်အချိန် ၂၀၀၈ ခုနှစ်ခန့်ကတည်းက လိမ်လည်လှည့်ဖျား၍ သားမယားအဖြစ် ပေါင်းသင်းနေထိုင်လာခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်ပါတယ်။ ထိုစဉ်အခါက မကေသွယ်သျှန်မှာ မန်းလေးခရိုင် ကြံ့ခိုင်ရေးအသင်း၌ ကွန်ပြူတာစာရေးမအဖြစ် လာရောက်လုပ်ကိုင်သူတစ်ယောက် ဖြစ်ပါတယ်ရှင့်။ ဦးသောင်းဝေမှာ မကေသွယ်သျှန်နှင့် မတွေ့ခင် အရင်မိန်းကလေးများကိုလည်း ဤကဲ့သို့ ပြုကျင့်ဖူးသူဖြစ်သဖြင့် ၄င်း၏မယားကြီးကိုယ်တိုင် ရုံးသို့အကြိမ်ကြိမ်လိုက်လာ၍ ပြဿနာဖြစ်ပွားခြင်း ၊ အထက်လူကြီးများထံ တင်ပြတိုင်တန်းခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအခါ မန်းတိုင်းကြံ့ခိုင်ရေးပါတီဥက္ကဌ ဝန်ကြီးချုပ်ဦးရဲမြင့်၏ မျက်နှာသာပေးမှူများကြောင့် ယခင်နှစ်များကထက် အတင့်ရဲစွာ ပြုမူနေထိုင်လာပါသဖြင့် အမျိုးကောင်းသမီးများ ထပ်မံပြီး မကြုံရလေအောင် ဖော်ပြရခြင်းဖြစ်ပါတယ်။

ထိုနည်းတူ မန်းတိုင်းကြံ့ခိုင်ရေးပါတီ၌ ပါတီဥက္ကဌ ဝန်ကြီးချုပ်ဦးရဲမြင့်၏ မြှောက်စားအလေးပေးခြင်းခံရသူ တစ်ဦးမှာ ပြည်သူ့ဆက်ဆံရေး ဌာနကြီးမှူးဆိုသူ ဦးတင်ထွန်း ဖြစ်ပါတယ်။ ပြည်သူ့ဆက်ဆံရေးခေါ် ပသဆ ဆိုသည်မှာ ယခင် ကြံ့ခိုင်ရေးထောက်လှမ်းရေးဌာန ဖြစ်ပါတယ်ရှင့်။ ဦးတင်ထွန်းဆိုသူမှာ ဦးသောင်းဝေထက်ပင် ဆိုးရွားလှပါတယ်။ မိန်းမကိစ္စ အရှုပ်ထုတ်များစွာရှိခဲ့သည့်အပြင် ပါတီတွင်းမှ မိန်းကလေးများကို အမြဲတမ်း ထိကပါး ယိကပါးလုပ်တတ်သူ ဖြစ်ပါတယ်။ ဦးတင်ထွန်းအနေဖြင့် ဦးသောင်းဝေထက် ပိုဆိုးသည်ဟု ပြောနိုင်သည်မှာ ၄င်းနှင့် လက်ရှိအချိန်ထိ ပေါ်ပေါ်တင်တင်တွဲလုံးခုတ်နေသူမှာ ဒေါ်နန်းမေကြည်ဟုခေါ်သော ကလေး ၄ယောက်အမေ တစ်ခုလတ်အမျိုးသမီးပင် ဖြစ်ပါတယ်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈ လမ်း ၊ ၃၈x၃၉ ကြားတွင် နေထိုင်ခဲ့သော ဒေါ်နန်းမေကြည်နှင့် ဦးတင်ထွန်းတို့မှာ ၂၀၀၅ ခုနှစ်ခန့်ကတည်းကပင် တွဲလုံးခုတ်လာသည်ကို မန္တလေးတိုင်းအတွင်းရှိ ကြံ့ခိုင်ရေးပါတီဝင် အားလုံးပင် သိရှိခဲ့ကြပါတယ်။ ယခုမန်းတိုင်းပါတီဥက္ကဌ ဦးရဲမြင့်လက်ထက်တွင် နိုင်ငံခြားခရီး အတူသွားကြသည်အထိ အတင့်ရဲလာပါတယ်။ ထို့ပြင် မန်းတိုင်းကြံ့ခိုင်ရေးပါတီပိုင် Doublecup Grand Tiger သိန်း၄၀၀ ကျော် ပေးဝယ်ထားခဲ့သည့် ပါတီပိုင်ကားကို ဒေါ်နန်းမေကြည်၏သားအား ၄၅သိန်း အောက်ကြေးဖြင့် တဖက်လက်လှည့် ရောင်းပေးထားပါသေးတယ်ရှင့်။ ဦးတင်ထွန်းဆိုသူ ပသဆ ဌာနမှူးကြီးမှာ ပါတီပိုင်ပစ္စည်းများကို အခွင့်သာလျှင် သာသလို ရောင်းချကိုယ်ကျိုးရှာတတ်သည်မကဘဲ ၄င်း ချမ်းမြသာစည် ကြံ့ခိုင်ရေးအသင်း အတွင်းရေးမှူး ဖြစ်ခဲ့စဉ်အချိန်ကလည်း ပါတီပိုင်မြေဖြစ်သော ၅၉လမ်းပေါ်ရှိ မနော်ဟရီလမ်းတောင်ဖက် လျှပ်စစ်ရုံးနှင့် မျက်စောင်းထိုးနေရာတွင်ရှိသော ၆ ဧကကျော် ကျယ်ဝန်းသော ငါးကန်ပြုလုပ်ထားသည့် ပါတီပိုင်မြေကို အကွက်ရိုက်ပြီး တစ်ကွက်လျှင် သိန်း၈၀ ခန့်ဖြင့် ရောင်းစားခဲ့ပါသေးတယ်။ ၄င်းအမည်ပေါက် မြေတစ်ကွက်မှာ ယနေ့ထက်တိုင် ကျန်ရှိနေပါသေးတယ်ရှင့်။ ဤကဲ့သို့ မန္တလေးတိုင်းကြံခိုင်ရေးပါတီဥက္ကဌ ဝန်ကြီးချုပ်ဦးရဲမြင့်၏ အားကိုးအားထားပြုနေရသော လက်ရုံးနှစ်ဆူမှာ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိဖို့ အသာထားအုံး ပါတီနဲ့ မိသားစုအပေါ်တောင် သစ္စာမရှိသူများ ဖြစ်ကြောင်း အမျိုးကောင်းသမီးလေးများလည်း ထပ်မံ၍ မမှားရလေအောင် အကျဉ်းချုံးတင်ပြပေးလိုက်ပါတယ်ရှင့်။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar