အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 18 augusti 2014

ငြိမ်းချမ်းရေးကို ယူဆောင်လာသော Jihad (အကြမ်းဖက်မှု ကို အစ္စလာမ့် နည်းကျ ခုခံခြင်း)

ငြိမ်းချမ်းရေးကို ယူဆောင်လာသော Jihad (အကြမ်းဖက်မှု ကို အစ္စလာမ့် နည်းကျ ခုခံခြင်း)

သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာအပေါ် အကြမ်းဖက်မှုတွေပြုလုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ကမ္ဘာ့ မီဒီယာတွေက ဒါနဲ့ပါတ် သက်ပြီး ရေငုံနှုတ်ပိတ်နေတာမျိုး မဟုတ်ပေမဲ့ သာမာန်ကိစ္စတခုလိုပဲ ခပ်ပေါ့ပေါ့ဖေါ်ပြနေခဲ့တာကို အားလုံးလည်း သိရှိခဲ့ကြပြီးဖြစ်ပါလိမ့်မယ်။
အဲဒီအကြမ်းဖက်မှုတွေအပေါ် သီရိလင်္ကာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကမ္ဘာက အသိအမှတ်မပြုဘဲ မနေနိုင်အောင်ကို သည်းခံခြင်းတရား လက်ကိုင်ထားပြီး ကြံ့ကြံ့ခိုင် ရပ်တည်ပြီး အစ္စလာမ်ဟာ ငြိမ်းချမ်ရေးကိုဆောင်တဲ့ ဘာသာတရားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြပါတယ်။
နောက်ဆုံးအဆင့် အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ အစ္စလာမ်ကပြထားတဲ့ သည်းခံနိုင်မှုရဲ့ဘောင်ကို ကျော်လွန်လာချိန်မှာတော့ သီရိလင်္ကာအစ္စလာမ့် အကြီးအကဲတွေဟာ တညီတညွတ် တည်း Jihad ကြေငြာလိုက်ပါတော့တယ်။ အဲဒီလို Jihad ကြေငြာလိုက်လို့ ရလာတဲ့ နောက်ဆက်တွဲအကျိုးအမြတ်ကတော့ အစ္စလာမ်ဘာသာဝင်တွေ မည်သူ့ကိုမျှ မတိုက်ခိုက်လိုက်ရပဲ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားတာပါပဲ။ ယခင်က အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံမှာလိုပဲ ဘက်လိုက်ကိုင်တွယ်ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို အသိအမှတ်ပြုလာပြီး တာဝန် ယူဆောင် ရွက်ပေးမှုတွေ ပြုလုပ်လာရပါတယ်။
Jihad ကြေငြာပြီးနောက်ပိုင်း ရရှိလာတဲ့ ငြိမ်းချမ်ရေးအခြေအနေတွေကိုကမ္ဘာ မီဒီယာတွေအနေနဲ့ သတင်း အမှောင်ချထားဆဲပါပဲ။ ဒါဟာဘာကိုသုံးသပ်နိုင်လဲဆိုတော့ ကမ္ဘာနဲ့အဝှမ်းက အင် အားကြီး မားသူတွေနဲ့ သူတို့ရဲ့သြဇာခံ မီဒီယာတွေအပါအဝင် အဖွဲ့အစည်းတွေဟာ အစ္စလာမ်သည် ငြိမ်းချမ်ရေး သဘောဆောင်တဲ့ ဘာသာတခုဖြစ်ကြောင်း ကမ္ဘာ့လူသားတွေသိရှိသွားမှာ မလို လားကြောင်း အထောက်အထားတရပ်ပါ။
သီရိလင်္ကာမှာတင်မဟုတ်ပါဘူး ကမ္ဘာ့နေရာဒေသ အတော်များများမှာဖြစ်ပေါ်နေတဲ့ အစ္စလာမ်တွေနဲ့ ပါတ်သက်သမျှ အပြန်အလှန် တိုက်ခိုက်မှုတိုင်းမှာ ဒီသဘောဆောင်တဲ့ ဝါဒဖြန့်မှုတွေနဲ့ အစ္စလာမ် ကို အစွန်းရောက် အကြမ်းဖက်အဖြစ် မီဒီယာတွေသုံးပြီး တွန်းပို့နေခဲ့တာကို တွေ့မင်ကြရမှာ ဖြစ်ပါတယ် အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံး ဥပမာကတော့ ဒီကနေ့ကြုံတွေ့နေရတဲ့ ဂါဇာဒေသ မှာ အစ္စရေးဇီယွန်တို့ရဲ့ လူသားမဆန်တဲ့ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုက သက်သေခိုင်လုံပါတယ်။
ပါလက်စတိုင်းရဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ ရာချီပြီးဆုံးရှုံးနေရပေမဲ့ အင်အားကြီးသူတို့ရဲ့ ကြိုးဆွဲခံ မီဒီယာနဲ့ NGO တွေကအိပ်ပျော်နေကြတုန်းပါ ဟားမာစ်က တန်ပြန် တိုက် ခိုက်ပြီ ဆိုတော့မှ ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေးခေါ်ပါတော့တယ် တရားမျှတမှုဆိုတာ အဲဒါမျိုးဖြစ်နိုင်ပါ့မလား။
တချိန်က WTC အတိုက်ခံရတာကို အကြောင်းပြလို့ အာဖဂန်လည်း ပြာပုံဘဝရောက်ခဲ့ရတယ် ဒါပေမဲ့စဉ်းစားစရာက WTC ကို အာဖဂန်ပြည်သူတွေ ဖြိုချခဲ့တာမှ မဟုတ်ဘဲ ဘာကြောင့် အာဖ ဂန်ပြည် သူတွေ အမြောက်အများ အိုးမဲ့အိမ်မဲ့ ဘဝရောက်ခဲ့ရတာလဲ။ WTC ပြိုကျခဲ့ချိန်မှာ ဂျူးလူမျိုးတွေတစ်ယောက်မှ အလုပ်လာမဆင်းကြလို့ အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ က သာမာန်တိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ပါဘူး အဲဒါကိုလည်းမီဒီယာလောကမှာ သတင်းထိန်ချန်ခဲ့ပြီး အိုစမာနံမည်တပ်လို့ အာဖဂန်ပြည်ပျက်ပါရောလား။
နောက်ဆုံးပြောချင်တာကတော့ အစ္စလာမ်တွေရဲ့ Jihad ဆိုတဲ့ စကားလုံးသည် အနောက် အင်အားကြီးနိုင်ငံတွေရဲ့ အင်မတန်မက်မောရတဲ့ ရေနံထွက် အစ္စလာမ့်နိုင်ငံများအား စိတ်ထင်တိုင်း ဝင်ရာက်တိုက်ခိုက်နိုင်ဖို့ မီဒီယာတွေရဲ့အားနဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဆောင်တဲ့ မှိုင်းတိုက်မှုတွေကြောင့်ငြိမ်းချမ်းရေးစစ်ပွဲ အမည်ပျောက်ခဲ့ရပြီး စစ်သွေးကြွ အကြမ်းဖက်မှုလို့ တံဆိပ်ကပ် ခံနေ ရတယ် ဆိုတာကိုပါ။
ဘာသာရေးအခြေခံ အားနည်းသော အစ္စလာမ်ဘာသာဝင်များသည်ပင်လျှင်Jihad ကို သဘောပေါက် လွဲရလောက်အောင် မှိုင်းတိုက်မှု အားကောင်းသောအနောက်အင်အားစုတို့၏ လှည့်ဖြားခံ ရခြင်းမှ ကမ္ဘာ့ လူသားထုတရပ်လုံး ကင်းလွတ်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။
အလင်းမျက်ဝန်း၊ Thiha Naing
 
                                         မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar