အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 7 april 2014

တစညပါတီဥက္ကဋ္ဌရဲ့နောက်ဆုံးခရီး

တစညပါတီဥက္ကဋ္ဌရဲ့နောက်ဆုံးခရီး



ကွယ်လွန်သူဦးထွန်းရီ(ဥက္ကဋ္ဌ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ပါတီ)၏ဈာပနအခမ်းအနားအားယနေ့ ဧပြီ၆ရက်နေ့ နံနက်၁၀က
ရေဝေးသုသာန်၌ပြူလုပ်ခဲ့ရာကွယ်လွန်သူ၏လုပ်ဖော်ကိုင်ဖက်များ
ရဲဘော်ရဲဘက်များမိသားစုများနောက်ဆုံးဂါရ၀ပြုနှတ်ဆက်ခဲ့ကြပါ
သည်။၁၉၄၃-၄၅ ခုနှစ် ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်
ဘီဒီအေသို့ ဝင်ရောက်၍ မင်္ဂလာဒုံစစ်တက္ကသိုလ် အပတ်စဉ်(၃)ကို
တက်ရောက်အောင်မြင်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁)၊
 တပ်ရင်း(၁ဝ၆)၌ တော်လှန်ရေးပြီးဆုံးသည်အထိ ပါဝင် ခဲ့ကာမြန်မာ့
လွတ်လပ်ရေးတိုက်ပွဲများစွာကာကွယ်ရေးတာဝန်များစွာထမ်းရွက်ခဲ့
သူတစ်ဦးဖြစ်သည့်အသက် (၈၈)နှစ်အရွယ်ရှိဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ
(ငြိမ်း)သည်၂ဝ၁၄ ခုနှစ် ဧပြီလ ၄ ရက် နံနက် ၂ နာရီ၌ ကွယ်လွန်အနိစ္စ
ရောက်ခဲ့ခြင်းဖြစ်ပြီးအမှတ်(၇ဝ/ဏ)ငွေဝတ်မှုန်၊ရွှေတောင်ကြား(၁)
ရပ်ကွက် ဗဟန်းမြို့နယ်တွင်နေထိုင်ခဲ့ကာကွယ်လွန်ချိန်၌ဇနီး ဒေါ်တင်တင်
အေးနှင့်သားသမီးများဖြစ်သည့် ဒေါ်ခင်အေးရီ၊ဒေါ် အေးမြင့်ရီ၊ ဦးဇော်ထွန်း၊
ဒေါ်ဥမ္မာထွန်း၊ ဦးကျော်သူ၊ဦးအောင်သူတို့ကျန်ရစ်ကြောင်းသိရသည်။
တစညပါတီဥက္ကဋ္ဌကြီးနောက်ဆုံးခရီးကိုလုပ်ဖော်ကိုင်ဖက်၊ရဲဘော်ရဲဘက်
ဟောင်းတစ်ဦးဖြစ်သည့်NLDပါတီနာယကကြီးသူရဦးတင်ဦးလည်း တက်ရောက်
နှတ်ဆက်ခဲ့ကြောင်းသိရသည်။

Inga kommentarer:

Skicka en kommentar