သူတို့ရဲ့
စားသောက်ဖွယ်ရာများ
--ဆောက်လုပ်ရေးဝန်းထမ်းက
ဘိလပ်မြေ သံချောင်း သဲ ကျောက် တွေစားတယ်
--သစ်တောဝန်ထမ်းက
သစ်တွေ မီးသွေးတွေကိုစားတယ်
--စိုက်ပျိုးရေးက
ဓါတ်မြေသြဇာနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေစားတယ်
--ဘဏ်ဝန်ထမ်းက
ငွေတွေစားပါသတဲ့
--စည်ပင်ဝန်ထမ်းက
အမှိုက်တွေ ဈေးဆိုင်တွေကိုဝါးတယ်
--မြေစာရင်းဝန်ထမ်းက
မြေပုံတွေ မြေတွေ လက္မတွေ ဧကတွေကို ၀ါးမြိုကြပါသည်
--စာရင်းရုံးဝန်ထမ်းက
စာရင်းဇယားတွေကြိုက်ပါတယ်
--ဆက်သွယ်ရေးဝန်ထမ်းရဲ့စားစရာက
တယ်လီဖုန်းကဒ်ပေါ့
--ထွေ/အုပ်
ကတော့စားလို့ရတာမှန်သမျှစားပစ်ပါသတဲ့
--ငါးဦးစီးက
ငါးတွေ ဆိပ်ကမ်းဝန်ထမ်းက လှေတွေကိုသိပ်သိပ်ကြိုက်
--ဖာသယ်မတွေ
အရက်ပုန်းတွေ ဖဲချပ်တွေ အံဂလုံတွေ တိုက်ကြက်တွေ ရိုက်ပွဲတွေက ရဲ ကိုကိုတို့အကြိုက်ပါ
--လိုင်စင်မဲ့ဆိုင်ကယ်နဲ့
ဆိုင်ကယ်တိုက်မှုတွေက ယာဉ်ထိန်း ကိုကိုတွေအတွက်ပေါ့
--တရားသူကြီး
ဥပဒေအရာရှိနဲ့ရှေ့နေတွေက အမှုသည်တွေကိုစားပါသတဲ့
--အခွန်ဦးစီးဝန်ထမ်းတွေက
အခွန်ငွေတွေကို မြိုချပစ်ပါတယ်
--သမ၀ါယမ
ဝန်ထမ်းတွေက ဆင်းရဲသားချေးငွေ ကိုပဲ့စားနေရပါတဲ့
--အကောက်ခွန်ဝန်ထမ်းတွေက
အကောင်းစားမှစားပါတယ်
--လူကုန်တားရဲတွေက
ဘော်လုံးစားတယ်ဆိုပဲ့
--တရုတ် ကုလား
ပသျှူးနဲ့ မျိုးမစစ်သူတွေကို တော့ လ၀က ကစားပါတယ်
--ကျူရှင်လခ
ကလေးမုန့်ဖိုးနဲ့ ကန်တော့လက်ဆောင်တွေကို ပညာရေးကစားပါတယ်
--ဆေးရုံဝန်ထမ်းတွေက
ဆေးတွေပဲ့ကြိုက်ပါသတဲ့
--သာသနာရေးဝန်ထမ်းတွေက
ဘုန်းကြီးတွေကိုစားတယ်ဆိုပါတယ်
--ရပ်ကွက်
ကျေးရွာအုပ်ချူပ်ရေးမှူးက ထောက်ခံစာ ဧည့်စာရင်းနဲပစာချူပ်တွေပဲ့စားကြပါတယ်
--လေယာဉ်ဆီဌာန၀န်ထမ်းတွေ
သောက်တာက လေယာဉ်ဆီပဲ့ပေါ့
--ထောင်ဝန်ထမ်းတွေက
အကျဉ်းသားတွေကိုစားပါတယ်
--လျှပ်စစ်ဝန်ထမ်းတွေက
လျှပ်စစ်တွေကိုစားပါတယ်
--မှုးယစ်ကတော့
ယာဘားတွေ ဘိန်းစာမုန့်တွေစားကြသတဲ့
--မီးသတ်ဝန်ထမ်းတွေကတော့
လောင်စာဆီတွေသောက်ကြတယ်လေ
--ပို့/ဆက်
ကတော့ အငှါးယာဉ်တွေကို မြိုချပစ်ကြတယ်
--တိုင်းရင်းဆေးဝန်ထမ်းကတော့
လျှက်ဆားတွေကိုပဲ့ လျှက်နေရပါတယ်နော်
--နတ်ကတော်တွေက
ကန်တော့ပွဲတွေစားကြတယ်
--ဂေါပကတွေကတော့
ဘုရားပိုက်ဆံကိုပဲ့ ရွေးစားပါသတဲ့
--အိမ်တွင်းမှုသင်တန်းကျောင်းက
ဆရာမတွေကတော့ သင်တန်သူတွေကိုစားနေပါတယ်
--စားကျက်မြေများကို
ကျွဲ နွားများနှင့်တူသော ၀န်ထမ်းများစားကြပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar