မြူနှင်း(အေးရိပ်ငြိမ်)ရှင့်
ကျမရင်ထဲမှာ မကောင်းလွန်းလို့ သီးမခံနိုင်တော့လို့
မြူနှင်းဆီကိုရင်ဖွင့်လိုက်ပါတယ်၊ အေးရိပ်ငြိမ် ကျောင်းက ဆရာမ သူ့ယောင်္ကျားရိုက်သတ်လိုက်တဲ့ကိစရဲ့
နောက်ဆက်တွဲပါ၊ မသေမချင်း ရိုက်သတ်တဲ့ယောင်္ကျားကို
တော့ မသေမချင်း ထောင်ချပစ်သင့်ပါတယ်ရှင် ရက်စက်လွန်းလို့ပါ။
အဲဒီဆရာမကိုသတ်တဲ့ လူသတ်သမားရဲ့အဖေနဲ့အမေရဲ့ ဖြစ်ရပ်ကိုတင်ပြချင်တာပါ။
မြူနှင်း(အေးရိပ်ငြိမ်)ပြောတဲ့ပါစီဘာဘာရဲ့
လက်ရ င်းတပည့်စာရေးကြီး ၀င်းတင်ဘာဘာရယ်ပေါ့ သေတဲ့ဆရာ မက သူ့တူမလို့သိရပါတယ်၊တူမအရင်းတစ်ယောက်
အသတ်ခံပြီးသေရတဲ့အပေါ်သူခံစားရမှာပါ နားလည်လို့ ရပါတယ် ခံစားပေးလို့ရပါတယ် အခုတော့ ဘာမဆိုင်ညာမဆိုင်
ဥပဒေမဲ့ အသားလွတ်ကြီး လူသတ်တရားခံ ဆရာမယောင်္ကျားရဲ့ အဖေ/မေ ဆီလာပြီး ခင်ဗျားသားဘယ်မှာလည်း
အခုထုတ်ပေးစမ်း အိမ်ထဲမှာဝှက်ထား လား ဒါမှမဟုတ်ဘယ်သွားသလဲ
ဘယ်မှာပုန်းနေလဲ ခင်ဗျားတို့ပြေးခိုင်းလိုက်တာမဟုတ်လား ဆိုပြီးစွပ်စွဲ မအေ နှမတပ်ပြီးဆဲဆို
ငါမြို့နယ်အုပ်ချူပ်ရေးမှူးကွ သေသွားမယ်ဘာမှတ်နေသလဲ စတဲ့အမျိုးမျိုး ရိုင်းစိုင်းမှုတွေနဲ့
အတူ သူ့ဦးလေးအဒေါ်အရွယ်လောက်ရှိတဲ့လူကြီးသူမနှစ်ယောက်ကို ပါးပိတ်ရိုက် နားရင်းအုပ်
အိမ်ပေါ် က ဆောင့်ကန်ချတဲ့ လူမဆန်တဲ့ ဥပဒေမဲ့ပြုကျင့်မှုတွေလုပ်ခဲ့ပါတယ်ရှင်
အဲဒီမြင်ကွင်းကိုကြည့်ပြီး ရွှေပြည်သာက လူတွေမခံနိုင်လို့ ၀ိုင်းရိုက်မယ်လုပ်နေတုန်း
ရွှေပြည်သာ ရယက ဥကဌဦးသန်းနိုင်ခွဲပေးလိုက်ရပါတယ် မယုံရင်ဦးသန်းနိုင်ကိုမေးကြည့်လိုက်ပါ ဦးသန်းနိုင်က ရိုးသားဖြူစင်တဲ့အုပ်ချူပ်သူတစ်ယောက်ပါ
အမှန် အတိုင်းပြောပြပါလိမ့်မယ် ကာယကံရှင်ဦးလေးအဒေါ် နှစ်ဦးကိုလည်းမေးကြည့်လို့ရပါတယ် အဲဒီအရိုက်ခံရတဲ့ ဦးလေးက မသန်မစွမ်းပါ သန်းဖြိုးသူ
ကျောက်မီးသွေး မီးစက်မှာ ပြာပူလောင်လို့ ထိုင်းဆေးရုံမှာဆေးသွားကုတာ (၃)လလောက် ကြာတာ အခုပြန်လာတာရက်ပိုင်းပဲ့ရှိပါသေးတယ် ၀င်းတင်ဘာမို့လို့မညာမတာလုပ်ရက်လိုက်တာလဲရှင်
ဥပဒေအရသူ့သားလုပ်ရင်သူ့သားကို အပြစ်ပေး ပါလား
မိအောင်ဖမ်းပြီးရိုက်သတ်လိုက်ပါလား ကျမတို့တားစရာမလိုပါဘူး အခုတော့ သူ့သားမနိုင်လို့
ဒုက္ခိတ အဖိုးကြီး အဖွားကြီးကို မြို့နယ်အုပ်ချူပ်ရေးဆိုတဲ့ဂုဏ်ကြီးတပ်ပြီး
သက်သက်မဲ့လာစော်ကားတာ သူတို့ရုံးက လည်း အဲဒါတွေ ကိုသိရက်နဲ့ နှာစေးနေတယ်ရှင် အဲဒီဝင်းတင်ဘာဘာ မိုးကြီုးပစ်ပြီး သေပါစေရှင် လူယုတ်မာကြီး သေရင်ငရဲရောက်မှာ
သေချာပါတယ်ရှင်
မြူနှင်း(အေးရိပ်ငြိမ်)ရှင် ကျမစာကို internet
ပေါ်မြန်မြန်တင်ပြီး ကြောင်သူတော်ကြွက်သူခိုးရဲ့လုပ်ရပ်ကို ပြည်သူတွေသိအောင် ပြောပြပေးပါရှင် မခံစားနိုင်လွန်းလို့ပါ (၀င်းတင်အနေနဲ့လည်းကျမပြောတဲ့အကြောင်းအ
ရာမှားနေရင် မဟုတ်ဘူးမကျေနပ်ဘူးဆိုရင် ကျမနဲ့တိုက်ရိုက်ဖြေရှင်းလို့ရပါတယ် ကျမက အမှန်တရားဘက်က
မို့ မကြောက်ပါဘူး ကျမဖုန်းနံပါတ်က 088-3331123 ပါ ကြိုက်တဲ့အချိန်ဆက်လိုက်ပါ
ပပ(ရွှေပြည်သာ)
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar