အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 31 mars 2014

ကော့သောင်းမြို့၏အကြောင်း


  ကော့သောင်းမြို့၏အကြောင်း

--မည်သည့်စီးပွားလုပ်ငန်းမှမည်မည်ရရလက်ညိုးထိုးပြစရာမရှိတော့သောမြို့ကို ကော့သောင်းမြို့ဟု  ခေါ်ပါသည်။

--မိမိကလေးများအား ပြန်ပေးအဆွဲခံထားရပြီး ကျူရှင်ခ ဆရာမဂါရ၀ကြေး နှင့်အမည်မဖော်နိုင်သော  ကောက်ခံငွေများပေးသွင်းရသည့်နေရာများကို ကော့သောင်းက စာသင်ကျောင်းဟုခေါ်ပါသည်။

--မိမိလူနာအားပြန်ပေးဆွဲထားသလို အသက်နှင့်ကိုယ်ခန္ဒာအပေါင်ပေးထားရပြီး ၀န်ထမ်းပေါင်းစုံ တောင်းသလောက်ငွေကိုမငြိုမငြင် ထုတ်ပေးနေရသည့်နေရာကို ကော့သောင်းပြည့်သူဆေးရုံဟုခေါ် ပါသည်။

--ဆရာဝန်ဘဲ့စီး  လူနာလုံးဝမစီးဖူးသောလူနာတင်ကားရှိသည့် ဆေးရုံမှာ ကော့သောင်းပြည့်သူ့ဆေးရုံ ဖြစ်ပါသည်။

--မည်သည့်အထောက်အထားမှမလို ဘတ်ငွေ ထောင်ဂဏန်းပေးယုံမျှဖြင့် ပေတံဖြင့်မျဉ်းတား၊စာလုံး  လေးငါးဆယ်လုံးရေးထားသည့် (မြေပုံ)အမည်ရှိသည့် စာရွှက်တစ်ရွှက်ကို လိုသလိုဝယ်ယူရရှိနိုင်သော နေရာကို ကော့သောင်း မြေစာရင်းဌာနဟုခေါ်ပါသည်။

--မည်သည့်အရပ်ဒေသကလာလာ မည့်သည့်အထောက်ထားပါပါ မပါပါ ငွေတစ်သောင်းကျပ် အတင်း တောင်းပြီး နိုင်ငံသားကဒ်ပြန်ပေးဆွဲထားသော အရပ်ဒေသကို ကော့သောင်းလေဆိပ်၊ကော့သောင်း မြို့မတံတား၊ကော့သောင်းတော်ဝင်တံတား ဟုခေါ်ပါသည်။

--ငွေပေးနိုင်လျှင် ဖာခန်းပဲ့ဖွင့်ဖွင့်၊အရက်ပုန်းပဲ့ရောင်းရောင်း၊ကစားဝိုင်းပဲ့ထောင်ထောင်၊အနှိပ်ခန်းပဲ့ဖွင့် ဖွင့် လုပ်ခြင်တာလုပ် ခွင့်ပြုနိုင်သောသူကို ကော့သောင်း  (ရဲ) ဟုခေါ်ပါသည်။

--ကိုယ်တိုင်ကအကျင့်စာရိတ္တမကောင်းသော်လည်း သူအုပ်ချုပ်ရာဒေသအတွက် သူ့ထံ မှအကျင့်   စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ ရယူရသည့်ပုဂ္ဂိုလ်ကို အုပ်ချူပ်ရေးမှူးဟုခေါ်ပါသည်။

--အားကစားဗန်းပြ လောင်းကစားလုပ် ဌာနှဆိုင်ရာလူကြီးများနှင့် လိုင်းကြေးညှိ ဟိုလိုင်းဒီလိုင်းအပေး အယူညှိနိုင်းရသောနေရာကို ဂေါက်ကွင်းဟုခေါ်ပါသည်။

--အကောက်ခွန်မဲ့ယာဉ်များဖမ်းဆီးအရေးယူနေသောပုဂ္ဂိုလ်များဖြစ်သော်လည်း ၄င်းတို့ကိုယ်တိုင်က အကောက်ခွန်မဲ့ယာဉ်များကို အသုံးပြုစီးနင်းနေသူကို ကော့သောင်းယာဉ်ထိန်း(ရဲ)နှင့်ကော့သောင်း အကောက်ခွန်ဌာန ဟုခေါ်ပါသည်။

--မတရားသော်လည်း တရားမျှတမှုကို ငွေပုံပေး အရယူနိုင်သောဌာနကို တရားရုံးဟုခေါ်ပါသည်။

--မလိုတမျိုးလိုတမျိုး ဖန်းတီးနိုင်သော ပုဂ္ဂိုလ်ကို (ဥပဒေအရာရှိ)ဟုခေါ်ပါသည်။

--တရားသူကြီး ဥပဒေအရာရှိ အမှုလိုက်ရဲများကို လိုသလို ပုံသွင်း လိုင်းကြေးညှိနိုင်းပေးပြီးအငှားရန် ဖြစ်တတ်သူများ၊ ကိုယ့်ကိုယ်ကို သမ္မတလောက်အရည်အချင်းရှိသူများဟု သေးနထင်ရောက်နေပြီး ပစိပစပ်အပြောတတ်ဆုံးသူများကို (ရှေ့နေ)ဟုခေါ်ပါသည်။

--ဥပဒေအပေါ်တွင် မည်သူမျှမရှိဆိုသော်လည်း အကောက်ခွန်မဲ့ကားများကို မြို့တွင်းတွင် ရဲရဲဝံ၀ံ ပြောင်ပြောင်တင်းတင်းစီးနင်းရဲသူများ ဥပဒေမှအပ ဖြစ်သောသူများဥပဒေအပေါ်တွင် နေထိုင်ခွင့် ရှိသူများကို ကော့သောင်း(ဘုန်းကြီး)ဟုခေါ်ပါသည်။

--မြန်မာအစိုးရခွင့်ပြုချက်ဖြင့် မြန်မာ့မြေပေါ်တွင် တည်ဆောက်ဖွင့်လှစ်ထားသော်လည်း မြန်မာကျပ် ငွေဖြင့်ဝယ်ယူသုံးစွဲခွင့်မရသော ဟိုတယ်ကို (သူဌေးကျွန်းဟိုတယ်)ဟုခေါ်ပါသည်။

--နိုင်ငံပိုင်လေယာဉ်ကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာသော အခွင့်ထူးခံလေကြောင်းလိုင်းကို (ဆန်းဖား)ဟုခေါ်ပါသည်။

--၀တ်စုံအနက်ရောင်ထက်အောက်ဝတ် ဆိုင်ကယ်အိတ်ဇော ဖြုတ်မောင်း၊သရုပ်ပျက်ယဉ်ကျေးမှုနှင့် အတူ ရဲများနှင့်လိုက်တမ်းပြေးတမ်း ရန်ဖြစ်တမ်း ကစားတတ်သောသူများကို (၀ိုင်လူး)ဟုခေါ်ပါသည်။

--စစ်တပ်ခေတ်က စစ်တပ်နှင့်ပေါင်း၊အခုခေတ်တွင်အခုလူကြီးများနှင့်ပေါင်း မကြာမှီအာဏာရ နိုင်  သည့်ဒီချူပ်ကိုလည်း ရံပုံငွေထည့်ပေါင်း၊ (၈၈)ကိုလည်းကြိုတင်မျှော်မှန်းပြီးပေါင်းသည့် ခရိုနီအစုအဖွဲ့ ကိုအများပိုင်ကုပ္မဏီဟုခေါ်ပါသည်။

--ကော့သောင်းမြို့တွင် ပြသာနာအများဆုံးရှာပေးပြီး မည်သည့်အခါမှ ပြေလည်အောင်ဖြေရှင်းပေးနိုင် စွမ်းမရှိသည့် ဌာနကို ကော့သောင်းမြေစာရင်းဌာနဟုခေါ်ပါသည်။

--ဌာနဆိုင်ရာများတွင် စာရင်းစစ်၊ စစ်ရင်းညှစ်၊ညစ်ရင်းတောင်းသည့်ဌာနကို စာရင်းစစ်ရုံးဟုခေါ်ပါ  သည်၊ ထိုစာရင်းစစ်ရုံး ၏စစ်ဆေးချက်များကို ထပ်ဆင့်စစ်ဆေးမှုများပြုလုပ်နိုင်ပါက မသမာမှု လာဘ် ယူများ မျာစွာပေါ်လာနိုင်ပါသည်။

--အလုပ်တစ်ခုမှမရှိဘဲ အလကားပြည်သူ့လစာများရယူသည့် ဌာနကို စီမံကိန်းသမ လျှပ်စစ်ဌာနဟု  ခေါ်ပါသည်။

--မိန်းကလေးတရားဝင်ဖွင့်ခွင့်ရထားသော ဟိုတယ်မှာ (၈၈)ဌာနချူပ် ဂါးဒင်းဟိုတယ်ဖြစ်ပါသည်။

--သုံးစားမရသော ရုပ်သံလိုင်းများကို အခကြေးငွေ နှင့်နေအောင်ယူပြီး မြို့ကိုဒုက္ခပေးနေသာ ရုပ်သံလိုင်းမှာ (ကြံဖွံ့/သမာဓိ)ရုပ်သံလိုင်းဟုခေါ်ပါသည်။

--သစ်ပင်သစ်တောထိန်းသိမ်းရမည့်တာဝန်ရှိ ၀န်ထမ်းများ သစ်ခိုးခုတ်ရန် သစ်ကားဖြတ်ရန် တဘက်နိုင်ငံသို့သစ်ပို့ရန် လမ်းကြောင်းပေးသောဌာနကို ကော့သောင်း သစ်တောဌာနဟုခေါ်ပါသည်။

--ဗုံးခွဲလှေ၊ပါကျေးကျန်လှေ၊စည်းပျက်လှေများကို တာဝန်အရ စည်းကမ်းထိန်းသိမ်းမှုမရှိဘဲ ငါးလှေများတွင် လိုင်းကြေးတောင်းကာ မြန်မာ့ရေပိုင်မက်မှ ငါးများပြုန်းတီးအောင် ဖန်တီးနေသည့် ဌာနအား (ငါးလုပ်ငန်းဌာန)ဟုခေါ်ပါသည်။

--ရပ်နေသည့်နေရာမှ ကားတစ်ခါထွက်လျှင် ကမ္ဘာမှာ ဈေးအကြီးဆုံးပေးရသည့်ကားသည် ကော့သောင်းမြို့မှ(မြို့မမီးသတ်ကား)ဟုခေါ်ပါသည်။

--ဈေးမီးလောင်လျှင် မီးသတ်ကားဝင်နိုင်အောင်လမ်းအကျယ်ကြီးထားထားသော်လည်း စည်ပင်နှင့်ညှိပြီး လမ်းပေါ်ကြိုက်သလောက်ချဲ့ယူနိုင်တာ (ကော့သောင်းမြို့မဈေး)ဟာခေါ်ပါသည်။

ကမ္ဘာပေါ်တွင် မီတာခအမြင့်ဆုံးမြို့မှာ(ကော့သောင်းမြို့)ဟုခေါ်ပါသည်။

                              မြူ နှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar