အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 31 mars 2014

သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်

သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်


Thiha Thwe
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဠ ဦးတင်အေး က မန္တလေး တိုင်း၊ တံတားဦး မြို့နယ် ရွေးချယ်ခံ အမတ် ဖြစ်ပါတယ် ။ အခြေခံ ဥပဒေ ပါ ပြဠန်းချက် အရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဠဟာ ပါတီနိုင်ငံရေး ကင်းရှင်း ရမယ် လို့ ဖေါ်ပြထားတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကရော ပါတီဝင် အဖြစ်ကပါ နှုတ်ထွက်ခဲ့ပြီး နောက် တနေ့ မှာ သမ္မတက ရွေးကောက်ပွဲကော်မရှင် ဥက္ကဠ အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါကြောင့် ဦးတင်အေးရဲ့ ပါတီ နိုင်ငံရေးကင်းရှင်းမှုဟာ ၂၄ နာရီ တောင်မပြည့်ခဲ့ဘူး။

တိုင်းပြည်မှာ အရေးအကြီးဆုံးနေရာ တစ်ခု အတွက် သမ္မာသမတ် အကျဆုံးလို့ ယူဆရတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ကို ခန့်အပ်ရမယ့်အစား ပြည်ခိုင်ဖြိုး ပါတီဝင် လွှတ်တော်အမတ် တယောက်ကို ကမန်းကတန်း နှုတ်ထွက်ခိုင်းပြီး ဥပဒေနဲ့ မညီပဲ လက်ဦးမှုရယူ ခန့်အပ်ထားခဲ့ခြင်းဟာ သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။


ဒီမို ဖက်တီး
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ယူနီဖောင်းနဲ့တုန်းက အမိန့်အရ သိက္ခာမရှိတဲ့ အလုပ်တစ်ခုခုကိုမှ မလုပ်ခဲ့ဖူးဘူး ဆိုရင်တော့ .... သူ တော်လွန်းတာပေါ့လေ 

Inga kommentarer:

Skicka en kommentar