အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 28 mars 2014

WFP - UNHCR - Unicef ပိုင် ကား/ဂိုဒေါင်/အဆောက်အဦးများ ဖျက်ဆီးခံရ

WFP - UNHCR - Unicef ပိုင် ကား/ဂိုဒေါင်/အဆောက်အဦးများ ဖျက်ဆီးခံရ



ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က
 Eleven Media
“မင်းဘာကြီးလမ်းမှာ INGO အဖွဲ့က ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့် ထားတာရှိတယ်။ အဲဒီမှာ နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက် တယ်။ အဲဒီလို ဖြုတ်လိုက်တာကို လမ်းသွား လမ်းလာတွေ က မြင်တယ်။ အဲဒါကို ပြောကြဆိုကြတော့ လူတွေများ လာတယ်။ နောက်တော့ အဲဒီ ဂိုဒေါင်မှာ ရှိတဲ့ နိုင်ငံခြားသူနဲ့ သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ ပေါက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင် တခြားရုံးတွေ ကိုလည်း ခဲနဲ့ ပစ်ပေါက်မှုတွေ ဖြစ်လာ ခဲ့တယ်။ နောက်ပိုင်းမှာ လူအုပ်က များလာတော့ ရဲတွေက အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး လူစုခွဲ ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို ကြည့်ရ တာတော့ သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG ကိုထွက်သွား ဆိုတာလည်း ရှိနေတယ်။

အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ အိမ်ရှင်က သူ့အိမ်မို့ သာသနာ့ အလံထောင်တာ ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။ နိုင်ငံခြားသူကလည်း သာသနာ့အလံကို ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို မေးမြန်း ရဦးမယ်” ဟု ပြောကြားသည်။

Inga kommentarer:

Skicka en kommentar