အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 8 mars 2014

ယင်းမာပင်ကဘုန်းကြီးနဖူးပြဲ၊ ဒူးကွဲ၊ဖူးယောင်

ယင်းမာပင်ကဘုန်းကြီးနဖူးပြဲ၊ ဒူးကွဲ၊ဖူးယောင်


စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊စုန်းချောင်းအုပ် စု၊အုံတုံပင် ကျေးရွာ မှာ ရဲတပ်ရင်း(၂၈)တည်ဆောက်ဘို့အတွက် မြေယာရှင်း
လင်းရာမှာ ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာတွင်တောင်သူများနှင့်အပြေလည်ဆုံးညှိုနှိုင်းပြီးဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံ ခဲ့သည့်
မုံရွာမြို့၊ဝေဠုဝန်ကျောင်းတိုက် မှ သက်တော်(၄၈)နှစ် နှင့် ၀ါတော် (၁၄)၀ါရှိ ဆရာတော် ဦးဇနက အား ရဲတပ်ရင်း မှ ရဲမေတစ်ချို့ နှင့် ရဲတစ်ချို့ က ဒိုင်းဖြင့်ဆောင့်တွန်းပြီး ရဲမေများက ကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ သည့် အတွက် ဆရာတော် ဦးဇနက မှာ ယခုအခါတွင် မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်းသိရသည်။

ဒိုင်းဖြင့်ဆောင့်တွန်းခံရခြင်း၊ရဲမေများကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ခြင်းတို့ကြောင့် ဆရတော် ဦးဇနက ၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ကာ စိုးရိမ်ရ သည့် အနေအထားတွင်ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဘာ တစ်ခုမျှ လာရောက်ကူညီမေးမြန်းခြင်းမရှိကြောင်းလည်း မုံရွာပြည်သူဆေးရုံ ကြီး တာဝန်ကျဝန်ထမ်းတစ်ဦးထံမှသိရသည်။

အဆိုပါရဲတပ်ရင်း(၂၈)တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာစီပွားရေးဦးပိုင်လီမီတက်တို့အား ကာကွယ်ပေးရန် နှင့် စံပယ်တောင်၊ကြေးစင်တောင်ကြေးနီထုပ်လုပ်ရေးစီမံကိန်းတို့အား ကာကွယ် ရန်အတွက် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

အဲဒါဘဲ့ သံဃာကိုသတ်တာ ကုလားမဟုတ်ဘူး ဆိုတာ ကျွန်မတို့ဗုဒ္ဖဘာသာတွေ နားလည်သဘောပေါက် လိုက်ကြစမ်းပါ ။ကုလားကိုမုန်းတီးနေတာ ဘာအတွက်လည်း ဘာကြောင့်မုန်းတာလဲ သူတို့က သူတို့ကြိုးစားလို့သူတို့ ချမ်းသာတာလေ မနာလိုမဖြစ်နဲ့ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကုလားတွေက အရက်လည်းရောင်းချလို့မရဘူး၊မာဆတ်လည်းဖွင့်လို့မရဘူး ဘီယာဆိုင်ဝေးသေး၊အတိုးပေးစားလို့မရဘူး သူတို့မှာ အဲလိုအဲလို ပညတ်ချက်တွေပြည့်နေတော့ သူတို့ရတဲ့လမ်းက အပတ်တကုတ်ကြိုးစားလို့ သူတို့ချမ်းသာတာ ဘာမှမနာလိုဖြစ်စရာမလိုဘူး အဲလိုသာ ကြပ်ကြပ် မနာလိုဖြစ်နေ မြန်မာပြည်ကြီး အာဖဂန်လိုဖြစ်မှ ကျေနပ်မယ်ဆိုဆက်မနာလိုဖြစ်ကြပေါ့ ကျွန်မက ညဏ်မှီသလောက်ပြောပြတာ မှားတာပါခဲ့ရင် ခွင့်လွတ်ပေးကြပါ၊
ThanLarWaddy Times

                               မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar