အကြမ်းဖက်ဝါဒီဟု စွပ်စွဲမှုများ တိကျခိုင်လုံသော အထောက်အထား ပြနိုင်ပါကဦးဝီရသူ သာသနာဘောင်ကို စွန့်လွှတ်မည်

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ပြည်တွင်းပြည်ပ မီဒီယာများနှင့် အဖွဲ့အစည်းအချို့မှ ဆရာတော် ဦးဝီရသူအား လူသတ်သမား အကြမ်းဖက်ဝါဒီ ဟု စွပ်စွဲရေးသားပြောဆိုနေမှုများနှင့် ပတ်သက်၍ တိကျခိုင်လုံသော အထောက်အထားများ ပြသနိုင်ပါက ရင်ဆိုင်ရန် အဆင်သင့်ရှိကြောင်းနှင့် သာသနာ့ဘောင်ကိုပါ စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန်(ထားဝယ်) ကျောင်းတိုက်တွင် ဇန်နဝါရီ(၂၃)ရက်က ပြုလုပ်ခဲ့ သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ၌ ဆရာတော် ဦးဝီရသူက ယင်းကဲ့သို့ မိန့်ကြား ခဲ့ခြင်းဖြစ်သည်။
“Facebook မှာလည်း ဦးဇင်းနဲ့ သမ္မတကြီးဦးသိန်းစိန်ပုံကို ချိတ်ဆွဲပြီး လူသတ်သမား အကြမ်းဖက်ဝါဒီဆိုပြီး စွပ်စွဲနေတာတွေ့ရတယ်။ ပြည်တွင်း ပြည်ပမှာလည်း အဖွဲ့အစည်းအချို့နဲ့ မီဒီယာအချို့က အကြမ်းဖက်ဝါဒီဆို ပြီး ရေးသားနေကြတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး တိကျခိုင်လုံတဲ့ အထောက်အထားတွေ ပြနိုင်ဖို့တော့ လိုတာပေါ့။ အဲဒီလို ပြနိုင်မယ်ဆိုရင် သူများတွေ ပြောစရာတောင်မလိုဘူး။ ဦးဇင်းကိုယ်တိုင် သင်္ကန်းချွတ်ပြီး လူဝတ်လဲမယ်” ဟု ဆရာတော်မှ မိန့်ကြားသည်။
အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွားရန် ကြံစည်နေသော ပြည်သိမ်းစီမံကိန်းလုပ်ဆောင်နေမှုများ ရပ်တန့်သွားလျှင် မိမိအနေဖြင့် အစ္စလာမ်ဘာသာဝင်တို့နှင့်အတူ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်နိုင်ရေး လမ်းကြောင်း အသစ်များရှာဖွေတင်ပြသွားမည်ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာတော်ဦးဝီရသူ(မစိုးရိမ်)နှင့် ဆရာတော် သံဃာတော်များ၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ရက်မှ အစ္စလာမ်ဘာသာကိုယ်စားပြု ဒိုင်းမွန်းဦးရွှေကြည်၊ အစ္စလာမ်ဘာသာဝင် အချို့နှင့် စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါ သည်။
နဒီ။
Inga kommentarer:
Skicka en kommentar