ဦးသန်းရွှေမွေးနေ့မှာပုဒ်မ(၅၉)အစဉ်တည်မြဲစေကြောင်းဆုတောင်းပွဲ


တစညပါတီပါဆုတောင်းမည်
============
မြောင်းထဲကနေဂျောက်ထဲကျမယ့်မဆလအကြွင်းအကျန်တွေ..၈၈၈၈ရဲ့ရိုက်ချက်တွေကိုအခုထိခံစာနေကြရဆဲတစညပါတီပါ....
၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မည်ဆိုပါက တစညပါတီအနေဖြင့် ကန့်ကွက်သွား မည်ဟု မန္တလေးတိုင်းဒေသကြီး တစညပါတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
အခြေခံဥပဒေဆိုသည်မှာ ပြီးပြည့်စုံသည်မရှိကြောင်းနှင့် အခြေအနေ အချိန်ခါအရ ပြင်သင့်သည့် အချိန် ရောက်မှသာလျှင် ပြင်ဆင်သင့်ပြီး လက်ရှိအခြေအနေတွင် လုံးဝမပြင်သင့်ကြောင်းနှင့် ပြင်ဆင်ပေးလိုက် လျှင်လည်း နိုင်ငံတကာတွင် ရိုသေလေးစားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမည်မဟုတ်ဟု ၎င်းက ဆိုသည်။
တစညပါတီက ၂၀၁၃ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပါတီငွေရတုအခမ်းအနား တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကန့်ကွက်သည်ဟု တရားဝင်ကြေညာထားကြောင်း သိရသည်။
(Mizzima)
Inga kommentarer:
Skicka en kommentar